• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၃ သြ ၂၀၂၆

ခရစ်တော်၌ သင်သည် အမှန်တကယ် ပြည့်စုံစင်ကြယ်ခြင်းသို့ ရောက်ရှိပြီ!

ထုတ်ဝေသည့်ရက်စွဲ ၁၃ သြ ၂၀၂၆

မိတ်ဆွေ ရေ…

နေ့စဉ်အသက်တာမှာ အမှားတွေ လုပ်မိတဲ့အခါ ဒါမှမဟုတ် ကိုယ့်ရဲ့ အားနည်းချက်တွေကို သတိထားမိတဲ့အခါ မိမိကိုယ်ကို မပြည့်စုံဘူးလို့ ခံစားရပြီး အားငယ်စိတ်ပျက်ဖူးပါသလား ? ဒါပေမယ့် ဒီနေ့မှာ ဘုရားသခင်က သင့်ကို ခရစ်တော်အားဖြင့် ပြည့်စုံစင်ကြယ်သူအဖြစ် မြင်နေတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။

ကိုယ်တော်ဟာ သင့်ရဲ့ အမှားတွေကို မကြည့်ဖို့ ဆုံးဖြတ်ထားတာတင်မကဘဲ၊ အဲဒီအမှားတွေဟာ လုံးဝ ပျောက်ကွယ်သွားပါပြီ။

“ငါ​တို့​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့် စပ်​ဆိုင်​သော​လက်​မှတ်​ကို ချေ၍၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​လျက်၊ ငါ​တို့​စပ်​ကြား​ထဲ​က ပယ်​ရှင်း​တော်​မူ​ပြီ။-” ‭‭ကောလောသဲ‬ ‭2‬:‭14

ဒါကြောင့် ကိုယ်တော်က ရှာမယ်ဆိုရင်တောင် သင့်အပြစ်ကို တွေ့မှာ မဟုတ်တော့ပါဘူး။

“တစ်​ဖန်​တုံ၊ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း အ​မျိုး​မျိုး​ကို ငါ​မ​အောက်​မေ့​ဘဲ နေ​မည်​ဟု လာ​သ​တည်း။-” ဟေဗြဲ‬ ‭10‬:‭17‬ ‭JBMLE‬‬

သင့်ရဲ့ အပြစ်တွေဟာ ဖုံးကွယ်ထားရုံတင် မဟုတ်ပါဘူး။ ခရစ်တော်၌ သင်ဟာ အမှန်တကယ်ပင် စင်ကြယ်ခြင်းသို့ ရောက်ခဲ့ပါပြီ။

“အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-” ဟေဗြဲ‬ ‭10‬:‭14

မိတ်ဆွေ ရေ... ယေရှုကို လက်ခံတဲ့နေ့ကစလို့ ထာဝရကာလပတ်လုံး သင်ဟာ စင်ကြယ်သူ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အရည်အချင်း၊ ပါရမီ ဒါမှမဟုတ် ကောင်းမှုကုသိုလ်တွေနဲ့ လုံးဝမဆိုင်ပါဘူး။ ယေရှုက လက်ဝါးကပ်တိုင်ပေါ်မှာ သင့်အပြစ်အားလုံးကို ယူဆောင်သွားပြီး ကိုယ်တော့်ရဲ့ စုံလင်ခြင်း၊ အပြစ်အနာအဆာကင်းတဲ့ ဝတ်စုံကို သင့်အား ပြန်လည်ပေးသနားခဲ့လို့ ဖြစ်ပါတယ်။

ကျေးဇူးတော်ချီးမွမ်းဖွယ် မကောင်းပေဘူးလား !! ကျွန်မတို့ဟာ လူသားအဖြစ် အားနည်းချက်တွေ ရှိနေပါစေ၊ ယေရှုက သူ့ရဲ့ စုံလင်ခြင်းကို ပေးထားတဲ့အတွက် ကျွန်မတို့ဟာ စုံလင်သူတွေ ဖြစ်ပါတယ်။ 

ကျွန်မတို့အတူတကွ ဆုတောင်းကြပါစို့ ...

“ယေရှုဘုရားရှင် … ကိုယ်တော်ဟာ အံ့ဩဖွယ် ဘုန်းကြီးသော ဘုရားရှင်ဖြစ်ပါတယ် ။ ကျွန်ုပ်၏ အပြစ်များကို ကိုယ်တော်၏ စင်ကြယ်ခြင်းဝတ်စုံနဲ့ လဲလှယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်၏ အမှားများဟာ ပယ်ဖျက်ခံရပြီး ပျောက်ကွယ်သွားပါပြီ! ဒါဟာ ကျွန်ုပ် ကြိုးစားလို့ ရတာမဟုတ်ဘဲ ကိုယ်တော်ပေးတဲ့ လက်ဆောင်ဖြစ်ကြောင်း သိမှတ်စွဲလမ်းလျက် နေ့တိုင်း အသက်ရှင်နိုင်ဖို့ မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏ ။ အာမင်။”

ယေရှု ခရစ်တော်၌ သင်သည် စင်ကြယ်စုံလင်သူဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။