• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၂ သြ ၂၀၂၆

သင်၏ ခိုလှုံရာကို ဘယ်မှာ ရှာမလဲ?

ထုတ်ဝေသည့်ရက်စွဲ ၁၂ သြ ၂၀၂၆

 မိတ်ဆွေ ရေ…

အခုခေတ်မှာ လုံခြုံတဲ့ နေရာတွေကို အသီးသီး သတ်မှတ်ပြီး လူသားတွေက နေထိုင်ကြပေမယ့် ပြည့်စုံတဲ့ လုံခြုံခြင်းကို ပေးနိုင်တဲ့ နေရာ ဒီလောကကြီးတစ်ခုလုံးမှာ မရှိပါဘူး ။ အိမ်မှာနေရင်းလည်း စိတ်မလုံခြုံတဲ့ အရာ တွေလည်း ရှိနေကြပါတယ် ။ အဲဒီ မလုံခြုံခြင်းတွေကြောင့််ပဲ ကျွန်မတို့မှာ ခိုလှုံရာ နေရာ ပျောက်သွားသလို ခံစားရတတ်ပါတယ် ။ ဒါပေမယ့် ဘုရားသားသမီး ဖြစ်တဲ့ ကျွန်မတို့မှာတော့ ထာဝရခိုလှုံရာနေရာ ရှိပါတယ်။

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ သ​နား​တော်​မူ​ပါ။ ဘေး​မ​လွန်​မီ​တိုင်​အောင် အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​တောင်​တော်​အ​ရိပ်၌ ခို​လှုံ​ပါ၏။” ဆာလံ‬ ‭57‬:‭1‬

အတောင်တော်အရိပ်ဟာ သင့်ရဲ့ ခိုလှုံရာ ဖြစ်ပါတယ် ။ လောကမှာ ဝမ်းနည်းစရာတွေ ဖြစ်ပျက်နေပေမယ့် ဘုရားသခင်ဟာ ထာဝရဘုရားသခင် ဖြစ်နေဆဲပါ။ ကိုယ်တော်ဟာ သင့်နှလုံးသားနဲ့ ဝိညာဉ်ကို စောင့်ရှောက်နေပါတယ်။

“အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။” ဆာလံ‬ ‭17‬:‭8‬-‭9‬

ဘုရားသခင်ရဲ့ အတောင်တော်အရိပ်အောက်မှာ လုံခြုံပါတယ်  မိတ်ဆွေ ရေ... 

ကျွန်မနဲ့အတူ ဆုတောင်းရအောင်နော်...

“ထာဝရ ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ရဲ့ ရဲတိုက် ဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့ အတောင်တော်အရိပ်အောက်မှာ ကျွန်ုပ် မကြောက်ရွံ့ပါ။ ကိုယ်တော့်မျက်မှောက်တော်နဲ့ ကျွန်ုပ်ကို လွှမ်းမိုးထားသလို၊ ဒီကမ္ဘာကြီးအပေါ်မှာလည်း အတောင်တော်ကို ဖြန့်ထားပြီး ကိုယ်တော့်ငြိမ်သက်ခြင်းကို ခံယူဖို့ ယခုပဲ တိုးဝင်ပါပြီ ။ ကိုယ်တော်၏ တည်ကြည်သော မေတ္တာတော်သည် ကျွန်ုပ်၏ နှလုံးသားအတွက် ထာဝရခိုလှုံရာ ဖြစ်ပါတယ်။ ကိုယ်တော့်နာမ၌ အသက်တာကို ပေးအပ်ပါ၏ ။ အာမင်။”

ထာဝရခိုလှုံရာ နေရာက ဘုရားသခင်အထဲမှာပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။