ယေရှုသည် သင်၏ “ကွက်လပ် ဖြစ်နေသော နေရာ” ကို ဖြည့်ပေးနိုင်သည်!
မိတ်ဆွေ ရေ … တချို့ မနက်ခင်းတွေ တချို့ နေ့တွေမှာ ဘာမှန်းမသိပဲ တခုခု လိုအပ်နေသလို နှလုံးသားက ဟာလာဟင်းလင်း ဖြစ်နေတဲ့ ခံစားချက်မျိုးသင်ကြုံဖူးပါသလား ?
ကျွန်မတို့ရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေကို ယေရှုဘုရားထံ အပ်နှံလေ့ရှိပေမယ့် ကျွန်မတို့မှာ လိုအပ်နေတဲ့ "မရှိခြင်း" တွေကိုရော အပ်နှံဖို့ စဉ်းစားဖူးပါသလား? တချို့သော “မရှိခြင်း” တွေက မသိလိုက် မသိဖာသာ နဲ့ ကျွန်မတို့ အထဲမှာ ပျောက်ကွယ်နေတတ်ပါတယ် ။
ဥပမာအားဖြင့်
-
သူတပါးအတွက် ပေးကမ်းချင်စိတ် မရှိတဲ့အချိန်
-
မပြုံးပြချင်တဲ့ အချိန်
-
တစ်စုံတစ်ယောက်ကို ဘာပေးလို့ ပေးရမှန်း မသိတဲ့ အချိန်တွေပေါ့ !
ကျွန်မလည်း အဲဒီလို ဖြစ်ဖူးပါတယ်။ အဲ့လို ဖြစ်လာပြီဆိုရင် ယေရှုခရစ်တော်ကိုပဲ လှမ်းခေါ်မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ - ယေရှုပဲ အဲ့ဒီ ကွက်လပ်တွေကို ဖြည့်ပေးနိုင်မှာ မို့ပါ ။
ယေရှုဟာ အဲဒီလို လိုအပ်နေမှု၊ ဘာမှမရှိမှုနဲ့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာတွေကို ယူဆောင်သွားပြီး သူ့ရဲ့ ပြည့်စုံခြင်းနဲ့ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒီနေ့မှာ သင့်အနေနဲ့ အဲဒီလို ခံစားနေရရင် ကျွန်မနဲ့အတူ ဒီဆုတောင်းချက်လေးကို ရွတ်ဆိုကြည့်ရအောင်... “ယေရှုဘုရား … ဒီနေ့မှာ ကျွန်ုပ်ဟာ ဘယ်သူ့အတွက်မှ ဘာမှပေးစရာမရှိသလိုမျိုး ဟာလာဟင်းလင်း ဖြစ်နေပါတယ်။ လူတွေကို ချစ်ချင်ပေမယ့် ကျွန်ုပ်မှာ ခွန်အားလျော့နည်းနေပါတယ် ။ ကိုယ်တော်က ကျွန်ုပ်အားဖြင့် ချစ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်ကို ကိုယ်တော့်မေတ္တာ၊ မျက်မှောက်တော်၊ ဝမ်းမြောက်ခြင်းနဲ့ စိတ်အားထက်သန်မှုတွေနဲ့ ဖြည့်ပေးပါ။ ယေရှုဘုရား ... ကိုယ်တော်ဟာ အခုပဲ ကျွန်ုပ်ကို ဖြည့်ပေးနေပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်” အာမင် ..
“ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။ ” ရှင်ယောဟန် 1:16
ကွက်လပ်တွေကို ဖြည့်ပေးနိုင်တဲ့ အရှင်နဲ့ နေ့တိုင်း စကားပြောပါ 🤍