သင့်ကို ရှာနေသောသူရှိတယ်!
မိတ်ဆွေ ရေ… ဒီနေ့မှာတော့ ချစ်ခြင်းမေတ္တာနဲ့ပြည့်စုံတဲ့ ဘုရားသခင်ဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာအလုံးစုံကို ပေးအပ်ထားသောသူအား ရှာဖွေနေပါတယ်။ အဲ့လူကတော့ |FNAME|... သင်ပဲ ဖြစ်ပါတယ်။
“ပျောက်သောသိုးကို ငါရှာမည်။ သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကို မစမည်။ ဆူဖြိုး၍ အားရှိသောသိုးကိုကား၊ တရားအတိုင်းကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။” ယေဇကျေလ 34:16
ယေရှုဟာ သင့်ကို စကားပြောဖို့၊ ခေါ်ဖို့နဲ့ သင့်နှလုံးသားတံခါးကို ခေါက်ဖို့ ဘယ်တော့မှ မပင်ပန်းပါဘူး။ ဘာကြောင့်လဲဆိုရင် ယေရှုဟာ သင့်ကို သူနဲ့အတူ အမြဲရှိစေလိုသောကြောင့် ဖြစ်ပါတယ်။
ဘုရားသခင်ဟာ—
-
သင်နှင့် ပြည့်စုံသော မိတ်သဟာယနှင့် ဆက်ဆံရေး ရှိချင်သော ဘုရားသခင် (၁ ကောရိန္သု ၁:၉)
-
သင့်အသက်တာကို ကိုယ်တော်၏ အလင်းနှင့် ခွန်အားဖြင့် ပြည့်ဝစေလိုသော ဘုရားသခင် (ဆာလံ ၃၆:၉)
-
သင့်နှလုံးသားကို ပြန်လည်ထူထောင်ပြီး ခိုင်မာစေကာ ကုသပေးလိုသော ဘုရားသခင်ဖြစ်ပါတယ်။ (လုကာ ၄:၁၈)
ဟုတ်ပါတယ်။ ဘုရားသခင်ဟာ သင့်အသက်တာကို ပြောင်းလဲစေလိုတယ်၊ သင့်စိတ်ဝိညာဉ်ကို ထိတွေ့လိုတယ်၊ သင့်ကို ခွန်အားပြည့်ဝစေပြီး သူနဲ့ ပိုမိုနီးကပ်စွာ ဆက်သွယ်ထားစေလိုသော ဘုရားသခင်ဖြစ်ပါတယ်။ ဘုရားရဲ့အထဲမှာ အမြစ်တွယ်ပြီး တည်ကြည်ခိုင်ခံ့သော အသက်တာကို ပေးချင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။
မိတ်ဆွေ ရေ… ယနေ့ သင့်ကို ရှာဖွေနေသော ဘုရားသခင်အား သင့်ကို တွေ့ရှိခွင့်ပေးလိုက်ပါ။ သု့ရဲ့ ချစ်ခြင်းမေတ္တာကို ဖွင့်ဟလက်ခံလိုက်ပါ။ သူ့ရဲ့ မျက်မှောက်တော်ထဲသို့ ဝင်ရောက်လိုက်ပါ။ သင့်ကို ရှာဖွေနေသော ဘုရားသခင်ဟာ သင့်ကို ပြန်လည်ထူထောင်ပြီး အသစ်ပြုပေးလိုပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့ အတူတူ ဝန်ခံဆုတောင်းကြရအောင် -
“အဖဘုရား… ကျွန်ုပ်ကို အစဉ်မပြတ် ရှာဖွေစောင့်ရှောက်နေသည့်အတွက် ကျေးဇူးတင်ပါတယ်။ ယနေ့ ကျွန်ုပ်၏ နှလုံးသားတံခါးကို ဖွင့်လှစ်ပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကို လက်ခံရရှိပါတယ်။ ကိုယ်တော်၏ မျက်မှောက်တော်ထဲမှာ အမြဲတမ်း ငြိမ်ဝပ်စွာ မှီဝဲယှဉ်တွဲ အသက်ရှင်ပါမည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”