• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၈ သြ ၂၀၂၆

ကျေးဇူးပြုသော ဘုရား!

ထုတ်ဝေသည့်ရက်စွဲ ၀၈ သြ ၂၀၂၆

မိတ်ဆွေရေ… သင့်အမှားတွေ ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဘုရားသခင်ရဲ့ သင့်အပေါ်ထားသော ချစ်ခြင်းမေတ္တာထက် မကြီးမားနိုင်ပါဘူး။

ဒီအရာဟာ ရိုးရှင်းသလို ထင်ရပေမဲ့ တစ်ခါတစ်ရံမှာ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ရဲ့ ဖိစီးမှုအောက်မှာ ကျွန်တော်တို့ ကြေမွသွားတတ်ကြပါတယ်။ “ငါ ဆုမတောင်းနိုင်တော့ဘူး” “ဒီလိုအခြေအနေမျိုးနဲ့ ဘုရားသခင်ရှေ့ မသွားရဲဘူး” လို့ တွေးမိတတ်ကြပါတယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့ အကူအညီမပါဘဲ ဘယ်သူမှ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် မပြုလုပ်နိုင်ပါဘူး။ သန့်ရှင်းစေတော်မူသောဘုရား၊ ရွေးနုတ်ကယ်တင်တော်မူသောဘုရားဟာ ကျွန်တော်တို့ ကိုးကွယ်သော ဘုရားသခင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဟေဗြဲဩဝါဒစာထဲမှာ တိုက်တွန်းထားသည့်အတိုင်း ဘုရားသခင်ထံ ရဲရင့်စွာ ချဉ်းကပ်ပါ။

“ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချဉ်း​ကပ်​ကြ​ကုန်​အံ့။” ‭‭ဟေဗြဲ‬ ‭4‬:‭16‬

လိုအပ်တယ်လို့ ခံစားရတိုင်း ဘုရားသခင်ထံ ခွင့်လွှတ်ခြင်းကို တောင်းခံပါ။ ဘုရားသခင်ဟာ သစ္စာရှိပြီး ကောင်းမြတ်တော်မူသော ဘုရားဖြစ်ရုံသာမက သင့်အပြစ်များကို ဖယ်ရှားပေးတော်မူပါလိမ့်မယ်။

ယေရှုက ဤသို့ မိန့်တော်မူခဲ့ပါတယ်— 

“ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-” ‭‭ရှင်မဿဲ‬ ‭9‬:‭13‬

မိတ်ဆွေ ရေ… သင့်အခြေအနေ မည်သို့ပင် ဖြစ်ပါစေ၊ ဘုရားသခင်ဟာ သင့်ကို လက်ခံပါတယ်။ ဘုရားသခင်ရဲ့ လက်များဟာ

  • သင့်ကို ဖက်ထားရန်

  • သင့်ကို နှစ်သိမ့်ရန်

  • သင့်ကို ပြန်လည်ထူထောင်ရန်

အမြဲဖွင့်ထားလျက် ရှိပါတယ်။

ဘုရားသခင်ဟာ ကရုဏာနှင့် ပြည့်စုံတော်မူပြီး ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ဖြစ်ပါတယ်။ အမှန်တကယ် ဘုရားသခင်ဟာ သင့်အပေါ် ကျေးဇူးတော်ကို ထင်ရှားစေခြင်း၌ နှစ်သက်တော်မူသော ဘုရား ဖြစ်ပါတယ်။

ဒီနေ့မှာ ကျွန်တော်တို့ အတူတူ ဝန်ခံဆုတောင်းကြရအောင် -

“အဖဘုရား… ကျွန်ုပ်၏ အမှားများအတွက် ခွင့်လွှတ်တော်မူပါ။ ဤလေးလံသော ဝန်ထုပ်ဝန်ပိုးကို ကျွန်ုပ်၏ နှလုံးသားမှ ဖယ်ရှားပေးတော်မူပါ။ ကိုယ်တော်၌ရှိသော စစ်မှန်သော လွတ်လပ်ခြင်းကို အသက်ရှင်လိုပါသည်။ ကိုယ်တော်၏ ကျေးဇူးတော်ကို လက်ခံရရှိလိုပါသည်။ ကိုယ်တော်၏ ကရုဏာတော်အတွက် ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။