• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၅ သြ ၂၀၂၆

ခက်ခဲခြင်းတွေ ကုန်လွန်တော့မယ်!

ထုတ်ဝေသည့်ရက်စွဲ ၀၅ သြ ၂၀၂၆

မိတ်ဆွေ ရေ… သင့်အသက်တာမှာ ဘာလမ်းစမှ မမြင်ရတော့ဘဲ ခြောက်ကပ်ပြီး အထီးကျန်နေတဲ့ “တောကန္တာရ” ကာလမျိုးကို ဖြတ်သန်းနေရပါသလား။

ထွက်ပေါက်မရှိသလို ခံစားရပြီး မောပန်းနွမ်းနယ်နေတာဟာ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာမှမရှိတဲ့ ခြောက်သွေ့တဲ့ တောကန္တာရထဲမှာ ဘယ်သူမှ မနေချင်ကြလို့ပါပဲ။ ဒါပေမဲ့… ဒီနေ့မှာ ကျွန်တော် သင့်ကို ပေးချင်တဲ့ ဝိညာဉ်ရေးရာ ခွန်အားတစ်ခု ရှိပါတယ်။

“မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊ သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​…၊” ‭‭တရားဟောရာ‬ ‭8‬:‭15‬-‭16‬ ‭

ဓမ္မဟောင်းကျမ်းထဲက ဣသရေလလူမျိုးတွေဟာလည်း အဲဂုတုပြည်ရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီးနောက် ကတိထားရာပြည်သို့ မရောက်မီ အနှစ် ၄၀ လုံးလုံး ဒီလိုခြောက်သွေ့တဲ့ တောကန္တာရကြီးကို ဖြတ်သန်းခဲ့ကြရပါတယ်။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက… ဘာမှမရှိတဲ့ ထိုတောကန္တာရဟာ ဘုရားသခင်ရဲ့ အံ့ဖွယ်တန်ခိုးတော်များကို အနီးကပ်ဆုံး တွေ့ကြုံရတဲ့ အရပ် ဖြစ်သွားခဲ့တာပါပဲ။

  • အမှောင်ထုထဲမှာ လမ်းပြခြင်း: နေ့အချိန် မိုးတိမ်တိုင်၊ ညအချိန် မီးတိုင်ဖြင့် ဘုရားကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ် (ထွက်မြောက်ရာ ၁၃:၂၁)

  • ထွက်ပေါက်မရှိချိန်မှာ လမ်းပွင့်ခြင်း: ပင်လယ်နီကြီး နှစ်ဖက်ကွဲထွက်သွားခဲ့ပါတယ် (ဆာလံ ၁၀၆:၉)

  • ငတ်မွတ်ချိန်မှာ အစာပေးခြင်း: ကောင်းကင်မှ မန္နမုန့်ကို နေ့စဉ်ကျွေးမွေးခဲ့ပါတယ် (ဆာလံ ၇၈:၂၄)

  • ထိခိုက်နာကျင်ချိန်မှာ ဆေးကုပေးခြင်း: ဘုရားသခင်ရဲ့ ငြိမ်းအေးစေသော ကုသခြင်းကို ခံစားခဲ့ရပါတယ် (တောလည်ရာ ၂၁:၉)

  • ခြောက်သွေ့ချိန်မှာ စမ်းရေထွက်ခြင်း: မာကျောသော ကျောက်ဆောင်ထဲမှ စမ်းရေကြည်ကို သောက်ခဲ့ရပါတယ် (ထွက်မြောက်ရာ ၁၇:၆)

မိတ်ဆွေ ရေ… ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေဟာ ထွက်ပေါက်မရှိတော့ဘူးလို့ ထင်ရတဲ့ ထောင့်ကျကျ အခြေအနေတွေမှာမှ ပိုပြီး ထင်ရှားတတ်တာ ဖြစ်ပါတယ်။

လူသားတွေအတွက် မဖြစ်နိုင်တော့ဘူးလို့ နိဂုံးချုပ်လိုက်တဲ့ ဤတောကန္တာရ အရပ်ဟာ… အမှန်တကယ်တော့ ဘုရားသခင်ရဲ့ အံ့ဩဖွယ် လက်တော် စတင်လှုပ်ရှားမယ့် “ကတိတော် ပြည့်စုံရာ” နေရာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကျွန်တော်တို့ အတူတူ ဝန်ခံဆုတောင်းကြရအောင် -

“အဖဘုရား… ကျွန်ုပ် ရောက်ရှိနေသော အခြေအနေတိုင်းတွင် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ရှိကြောင်း ယုံကြည်ပါတယ်။ မဖြစ်နိုင်ဟု ထင်ရသော ဤတောကန္တာရထဲမှာ ကိုယ်တော်ရဲ့ အံ့ဖွယ်တန်ခိုးတော်ကို ပြသတော်မူပါ။ ကျွန်ုပ်ရဲ့ စိုးရိမ်မှုများကို ကိုယ်တော်ရဲ့ လက်တော်ထဲသို့ အပ်နှံပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်ကို ဤတောကန္တာရကို အောင်မြင်စွာ ဖြတ်ကျော်စေတော်မူမည်ဟု ယုံကြည်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။