အကောင်းဆုံးကို ရွေးချယ်ပါ!
မိတ်ဆွေ ရေ… ဘုရားသခင် ပြုတော်မူသမျှ အရာတိုင်းဟာ ပြည့်စုံကောင်းမြတ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာလည်း မှန်ကန်ပြီး၊ သူ့ရဲ့ ရွေးချယ်မှုတိုင်းဟာလည်း အကောင်းဆုံး ဖြစ်ပါတယ်။
သင်ဟာ ဘုရားသခင်ရဲ့ ရွေးချယ်ခြင်းကို ခံရသောသူ ဖြစ်ပါတယ်။ သင်ဟာ မတော်တဆ ဒီလောကထဲ ရောက်လာတာ မဟုတ်ပါဘူး။ သင် မမွေးဖွားမီ ကတည်းကပင် ဘုရားသခင်ရဲ့ နှလုံးသားထဲမှာ သင် ရှိနေခဲ့တာ ဖြစ်ပါတယ်။
“သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။-” ရှင်မဿဲ 5:14, 16
ဒါကြောင့် သင်ဟာ နေ့စဉ် အသက်တာထဲမှာ အကောင်းဆုံးကို ရွေးချယ်နိုင်ပါတယ်။
သင် ကြုံတွေ့ရတဲ့ အခြေအနေတိုင်းမှာ ရွေးချယ်စရာ နှစ်ခု အမြဲတမ်း ရှိနေပါတယ်— လောကီသဘောထားကို ရွေးချယ်မလား၊ ကောင်းကင်ရဲ့ သဘောထားကို ရွေးချယ်မလား။
-
မတရားမှုနဲ့ ကြုံရတဲ့အခါ... ခွင့်လွှတ်ခြင်းကို ရွေးချယ်ပါ။
-
မကောင်းတဲ့ အပြုအမူတွေနဲ့ ကြုံရတဲ့အခါ... ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ပါ။
-
စိတ်ပူပန်မှုတွေနဲ့ ကြုံရတဲ့အခါ... ဝမ်းမြောက်ခြင်းကို ရွေးချယ်ပါ။
-
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့အခါ... “ဘုရားသခင်နဲ့အတူ အရာခပ်သိမ်း ဖြစ်နိုင်တယ်” လို့ ကြေညာပါ။
မိတ်ဆွေ ရေ… သင်ဟာ မြေကြီးရဲ့ ဆားနဲ့ လောကရဲ့ အလင်း ဖြစ်တဲ့အတွက် သင့်ရဲ့ စကားတွေ၊ သင့်ရဲ့ အပြုအမူတွေကတစ်ဆင့် ဘုရားဘုန်း ထင်ရှားစေပါ။
ဒီနေ့မှာ ကျွန်တော်နဲ့အတူ ကြေညာလိုက်ပါ...
“သခင်ဘုရား၊ ကျွန်ုပ်၏ အသက်တာအတွက် ကိုယ်တော်၏ အကောင်းဆုံးအရာများကို ရွေးချယ်နိုင်သော ခွန်အားကို ကိုယ်တော်၌ ကျွန်ုပ် ရရှိထားကြောင်း ကြေညာပါတယ်။ ယနေ့ ကျွန်ုပ်သည် ခွင့်လွှတ်ခြင်းကို ရွေးချယ်ပါသည်။ ချစ်ခြင်းမေတ္တာဖြင့် တုံ့ပြန်ရန် ရွေးချယ်ပါသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို ဝမ်းမြောက်ရန် ရွေးချယ်ပါသည်။ သခင်ဘုရား၊ ကိုယ်တော်အားဖြင့် အရာခပ်သိမ်း ဖြစ်နိုင်ကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ အရာခပ်သိမ်း၌ ကိုယ်တော်၏ သဘောထားကို ရွေးချယ်နိုင်ရန်နှင့် လက်ခံနိုင်ရန် ခွင့်ပြုတော်မူသည့်အတွက် ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
အကောင်းဆုံးကို ရွေးချယ်ပါ။ ကောင်းကင်ဘုံ၏ သဘောထားကို ရွေးချယ်ပါ!