စိတ်ဓာတ်ကျနေပြီလား!
မိတ်ဆွေ ရေ… သင် ဒီနေ့မှာ စိတ်ဓာတ်ကျနေပါသလား? မောပန်းနွမ်းနယ်နေပြီး နေ့ရက်တိုင်းဟာ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတစ်ခုလို ခံစားနေရပါသလား?
အဲ့လို ခံစားနေရတယ်ဆိုလည်း စိတ်ဓာတ်မကျပါနဲ့။ ဒီတိုက်ပွဲထဲမှာ သင့်အတွက် အဖိုးတန်လှတဲ့ ကောင်းကြီးမင်္ဂလာတစ်ခု ရှိနေပါတယ်။
“သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။” ၁ ရှင်ပေတရု 5:7
ခက်ခဲသောအချိန်တွေဟာ ဘုရားသခင်ရဲ့ နောက်ထပ် သဘောသဘာဝတစ်ခုကို သင် တွေ့ရှိခံစားရမယ့် အခွင့်အရေးများ ဖြစ်ပါတယ်။ အဲ့ဒီ အခက်အခဲတွေကတစ်ဆင့်—
ဘုရားသခင်နှင့် သင့်ရဲ့ ရင်းနှီးကျွမ်းဝင်မှု ပိုမိုနက်ရှိုင်းလာပါလိမ့်မယ်။
ဘုရားသခင်ရဲ့ မေတ္တာနဲ့ တန်ခိုးတော်ကိုလည်း သာ၍ သိကျွမ်းလာပါလိမ့်မယ်။
အရင်က မသိခဲ့သော နည်းလမ်းအသစ်များနဲ့ ဘုရားသခင်ကို လက်တွေ့ တွေ့ကြုံလာရပါလိမ့်မယ်။
ဘုရားသခင်ဟာ သင့်ကို ကာကွယ်ပေးသောသူ ဖြစ်ကြောင်း ဦးနှောက်နဲ့ သိတာထက် ထိုအမှန်တရားကို လက်တွေ့အသက်တာထဲမှာ ကိုယ်တိုင်တွေ့ကြုံ အသက်ရှင်ရတာနဲ့က လုံးဝ မတူညီပါဘူး။ အဲ့လို လက်တွေ့ အတွေ့အကြုံထဲမှာ သင့်ဘဝကို အံ့ဩဖွယ် ပြောင်းလဲစေနိုင်သော တန်ခိုးရှိပါတယ်။
ဒါကြောင့် ဒီနေ့မှာ သင့်လက်ထဲက အရာတွေကို လွှတ်ချလိုက်ပါ! သင့်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အခြေအနေအားလုံးကို ဘုရားသခင်၏ လက်တော်ထဲသို့ ပြန်အပ်နှံလိုက်ပါ။
မိတ်ဆွေ ရေ… သင့်မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းကို မော့လိုက်ပါ။ ယခု သင် ဖြတ်သန်းနေရသော ကာလဟာ ခက်ခဲနေသော်လည်း၊ ထိုကာလသည် သင့်ကို ဘုရားသခင်ရဲ့ နှလုံးသားနဲ့ ပိုမိုနီးကပ်စေမှာ အမှန်ပါပဲ။ သင့်ကို ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဖဘုရားဟာ သင့်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက် ဂရုစိုက်ပေးနေမှာ ဖြစ်ပါတယ်။
သင်ဟာ ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။