• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၃၀ လိုင် ၂၀၂၆

နားထောင်ပါ၊ အားပေးပါ၊ ချစ်ပါ!

ထုတ်ဝေသည့်ရက်စွဲ ၃၀ လိုင် ၂၀၂၆

မိတ်ဆွေ ရေ… သင့်ပတ်ဝန်းကျင်မှာ စိတ်နှလုံး ဝမ်းနည်းပြီး မောပန်းနွမ်းနယ်နေသူတွေကို သင့်စကားတစ်ခွန်းနဲ့ အားပေးနှစ်သိမ့်ပေးနိုင်ဖို့ ဘုရားသခင်က သင့်ကို အသုံးပြုချင်နေတယ်ဆိုတာ သိပါသလား?

“ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။” ‭‭ဟေရှာယ‬ ‭50‬:‭4‬

ပြောသင့်တဲ့အချိန်မှာ ပြောလိုက်တဲ့ မှန်ကန်သော စကားတစ်ခွန်းဟာ အလွန်အဖိုးတန်လှပါတယ်။ သမ္မာကျမ်းစာကလည်း ဤသို့ ဆိုထားပါတယ်-

“လျောက်​ပတ်​သော​စ​ကား​သည် ငွေ​အ​ပြောက်​မှာ စီ​ချယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့် တူ၏။” ‭‭သုတ္တံ‬ ‭25‬:‭11‬ ‭

အခြားသူများကို အားပေးနိုင်သော၊ ခွန်အားဖြစ်စေသော ထိုအဖိုးတန် စကားများကို ရရှိနိုင်ဖို့အတွက် သင်ဟာ ပထမဦးစွာ ဘုရားသခင်၏ အသံတော်ကို နားထောင်တတ်သူ ဖြစ်ရပါမယ်။

သန့်ရှင်းသော ဝိညာဉ်တော်ဟာ သင့်ကို အသံပေါင်း ထောင်ချီကြားထဲကနေ ကောင်းကင်ဖခင်ရဲ့ အသံတော်ကို သီးသန့် ခွဲခြားသိမြင်နိုင်အောင် သင်ကြားပေးလိုပါတယ်။ နေ့တိုင်း ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲ ငြိမ်သက်စွာ အချိန်ယူတဲ့အခါ သင့်ရဲ့ အတွေ့အကြုံများ၊ မျှော်လင့်ချက်များနှင့် အခက်အခဲများကို ပြောပြရုံတင်မကဘဲ...

  • ခဏရပ်လိုက်ပါ၊

  • စိတ်ကို ငြိမ်သက်လိုက်ပါ၊

  • ကောင်းကင်ဖခင်ရဲ့ စကားသံကို သေချာစွာ နားထောင်လိုက်ပါ။

အဲ့အခါ ဘုရားသခင်ရဲ့ နှလုံးသားကို သင် ထိတွေ့ရပါလိမ့်မယ်။ ဘုရားသခင်ဟာ သင့်ကို အလွန်ချစ်ကြောင်း မိန့်တော်မူရုံတင်မကဘဲ သင်နဲ့ဆက်ဆိုင်သောသူ၊ သင့်မောင်နှမ၊ သင့်အလုပ်ရှင် ဒါမှမဟုတ် သင့်လုပ်ဖော်ဆောင်ဖက်များ အကြောင်းကိုလည်း ပြောပြပါလိမ့်မယ်။ သူတို့အတွက် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းများကို သင့်နှလုံးသားထဲ သွန်းလောင်းပေးပြီး သူတို့ကို ဘုရားသခင်ရဲ့ မျက်စိနဲ့ မြင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

မိတ်ဆွေ ရေ… ဒီလောကကြီးအတွက် ဘုရားသခင်ရဲ့ အားပေးခြင်းစကားဟာ သင့်နှုတ်ထဲမှာ ရှိနေပါတယ်။ ဘုရားသခင်ဟာ နာကျင်နေသူများကို ကုသရန်၊ ကျိုးပဲ့နေသူများကို ပြန်လည်ထူထောင်ရန်နှင့် စိတ်ဓာတ်ကျနေသူများကို ခွန်အားပေးရန်အတွက် သင့်ကို အသုံးပြုချင်သော ဘုရားသခင်ဖြစ်ပါတယ်။

ဒီနေ့မှာ သင့်နှုတ်မှ ထွက်လာသော မေတ္တာစကားတစ်ခွန်းဟာ တစ်စုံတစ်ယောက်ရဲ့ အသက်တာကို အစဉ်အမြဲ ပြောင်းလဲသွားစေနိုင်ပါတယ်!

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။