• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၉ လိုင် ၂၀၂၆

ဘုရားသခင်က သစ္စာရှိတယ်

ထုတ်ဝေသည့်ရက်စွဲ ၂၉ လိုင် ၂၀၂၆

မိတ်ဆွေရေ… ကမ္ဘာဦးအစ ဖန်ဆင်းခြင်းကတည်းက ဘုရားသခင် မိန့်တော်မူခဲ့တဲ့ စကားတစ်ခွန်းဟာ ဒီနေ့အချိန်အထိ မြေကြီးပေါ်မှာ အသက်ရှင်လှုပ်ရှားပြီး တန်ခိုးပါဝင်နေဆဲဆိုတာ သင် စဉ်းစားကြည့်ဖူးပါသလား?

လူတွေရဲ့ စကားဟာ အချိန်တိုအတွင်း မေ့ပျောက်သွားတတ်ပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကတော့ အချိန်ကာလ ထောင်ပေါင်းများစွာ ကုန်လွန်သွားခဲ့ရင်တောင်မှ အစဉ်အမြဲ တည်ရှိပြီး အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

“တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မြေ​သည်​မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​၏။” ကမ္ဘာဦး‬ ‭1‬:‭11‬-‭12‬ ‭

စကြဝဠာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ ဒီနေ့အချိန်အထိ နာခံကျေပွန်လျက်ရှိရင်... သင့်အသက်တာအတွက် ကိုယ်တော် ပေးထားတဲ့ ကတိတော်တွေကော အချည်းနှီး ဖြစ်သွားနိုင်ပါ့မလား? လုံးဝ မဖြစ်နိုင်ပါဘူး!

“ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။” ဟေရှာယ‬ ‭55‬:‭11‬ 

မိတ်ဆွေရေ… ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သင့်အတွက် အချည်းနှီး ပြန်မလာပါဘူး။ ကိုယ်တော် ရည်ရွယ်ထားသမျှ အရာအားလုံးကို သင့်အသက်တာထဲမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ အခြေအနေတွေက မျှော်လင့်သလို ဖြစ်မလာသေးတာ၊ အချိန်တွေ ကြန့်ကြာနေတာကြောင့် သင့်စိတ်ထဲမှာ "ဘုရားသခင် ငါ့ကို မေ့သွားပြီလား" ဆိုတဲ့ သံသယတွေ ဝင်လာကောင်း ဝင်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အချိန်ဇယားဟာ ဘယ်တော့မှ မလွဲချော်ပါဘူး။

“ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။” ဟဗက္ကုတ်‬ ‭2‬:‭3‬ ‭

ဘုရားသခင်ဟာ နှုတ်တော်ဖြင့် မိန့်တော်မူရုံတင်မကဘဲ သူ့ရဲ့ လက်တော်အားဖြင့်ပါ ပြည့်စုံစေတော်မူသော သစ္စာရှိသော ဘုရားဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ သံသယရဲ့ အသံတွေကို နားမထောင်ပါနဲ့တော့။ စိုးရိမ်ကြောက်ရွံ့ခြင်းအတွက် တံခါးကို အပြီးတိုင် ပိတ်ထားလိုက်ပါ။ သင့်အသက်တာပေါ်မှာ ဘုရားသခင် ပေးထားတဲ့ ကတိတော်တိုင်းဟာ တစ်ခုမှ ကျန်ရစ်မသွားဘဲ သင့်မျက်စိရှေ့မှာတင် ပြည့်စုံလာတာကို သင် ကိုယ်တိုင်တိုင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ဘုရားသခင်ရဲ့ ကတိတော်တွေကို စိတ်ချယုံကြည်စွာနဲ့ မင်္ဂလာရှိသော နေ့ရက်သစ်ကို ရဲရင့်စွာ စတင်လိုက်ပါ!

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။