• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၈ လိုင် ၂၀၂၆

သင့်နှလုံးသားကို ယေရှုနဲ့ ထပ်တူကျအောင် ချိန်ညှိလိုက်ပါ!

ထုတ်ဝေသည့်ရက်စွဲ ၂၈ လိုင် ၂၀၂၆

မိတ်ဆွေ ရေ… မနက်ဖြန်မှ မဟုတ်ပါဘူး၊ ဒီနေ့ နေ့ရက်သစ် စတင်လိုက်ချိန်မှာပဲ သင့်နှလုံးသားကို ဘုရားသခင်ရဲ့ နှလုံးသားနဲ့ ထပ်တူကျအောင် ချိန်ညှိဖို့ ကျွန်တော် အားပေးချင်ပါတယ်။

ဂီတသမားတွေ တူရိယာတစ်ခုကို မတီးခတ်မီ တိကျမှန်ကန်တဲ့ အသံစက်ကွင်း ရရှိဖို့အတွက် "Tuning Fork" ဆိုတဲ့ အသံချိန်ညှိစရာ ကိရိယာလေးနဲ့ အရင်ဆုံး တိုင်းတာချိန်ညှိကြရပါတယ်။ တူရိယာရဲ့ ကြိုးတွေ လျှော့လွန်းနေရင် ဒါမှမဟုတ် တင်းလွန်းနေရင် ထွက်လာတဲ့ ဂီတသံဟာ နားထောင်လို့ မသာယာဘဲ လွဲချော်နေတတ်ပါတယ်။

ကျွန်တော်တို့ရဲ့ အသက်တာလည်း ထိုနည်းအတိုင်းပါပဲ။ ဒီလောကရဲ့ ရုတ်ရုတ်သဲသဲ စိုးရိမ်စရာ အသံတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရှုပ်ထွေးမှုတွေကြားမှာ ကျွန်တော်တို့ရဲ့ နှလုံးသားဟာ ဘုရားသခင်ရဲ့ အသံစဉ်နဲ့ လွဲချော်ပြီး "ကြိုးလျော့" သွားတတ်ပါတယ်။ အဲဒီအခါ ကျွန်တော်တို့ရဲ့ နေ့စဉ်အသက်တာထဲမှာ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းတွေ ပျောက်ဆုံးသွားရတတ်ပါတယ်။

ဒါကြောင့် သမ္မာကျမ်းစာက ဒီလို ဆိုထားတာ ဖြစ်ပါတယ်-

“လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။” ‭‭အာမုတ်‬ ‭3‬:‭3‬ ‭

မိတ်ဆွေ… ဘုရားသခင်နဲ့အတူ အောင်မြင်စွာ လျှောက်လှမ်းဖို့ဆိုတာ ကိုယ်တော်ရဲ့ အကြံအစည်၊ ကိုယ်တော်ရဲ့ စိတ်နှလုံးနဲ့ ကျွန်တော်တို့ နှလုံးသား ထပ်တူကျဖို့ လိုပါတယ်။

ဒီကနေ့ မနက်ခင်းမှာ သင့်ရဲ့ အတွေးအကြံ၊ သင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ သင့်ရဲ့ နှလုံးသား ခုန်နှုန်းကို ယေရှုခရစ်တော်ရဲ့ နှလုံးသားနဲ့ ကိုက်ညီအောင် ချိန်ညှိလိုက်ပါ။ သူ ချစ်တဲ့အရာကို ချစ်ပါ၊ သူကြည့်တဲ့ မျက်စိနဲ့ လောကကို ကြည့်ပါ၊ သူ့ရဲ့ ကရုဏာတော်အတိုင်း အခြားသူများကို ဆက်ဆံလိုက်ပါ။

သင့်နှလုံးသားကို ယေရှုနဲ့ ထပ်တူကျအောင် ချိန်ညှိလိုက်တဲ့အခါ—

  • သင်ဟာ ဒီလောကထဲမှာ ဘုရားသခင်၏ ပဲ့တင်သံ (Echo) ဖြစ်လာပါလိမ့်မယ်။

  • သင့်အနားကို ရောက်လာသူတိုင်းဟာ သင့်ထံမှတစ်ဆင့် ယေရှုရဲ့ ငြိမ်သက်ခြင်းနဲ့ မျက်မှောက်တော်ကို ခံစားရပါလိမ့်မယ်။

  • သင့်ရဲ့ စကားလုံးတွေထဲမှာ ယေရှု၏ မေတ္တာနှင့် တန်ခိုးတော် သက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။

ဒီနေ့ဟာ အသစ်သော မနက်ခင်း ဖြစ်ပါတယ်။ အတိတ်က အမှားတွေ၊ မနေ့က မောပန်းမှုတွေကို ဒီမှာတင် ထားခဲ့လိုက်ပါ။ ယေရှုရဲ့ နှလုံးသားနဲ့ ထပ်တူကျသော အသက်တာဟာ ဘယ်စိန်ခေါ်မှုကိုမဆို ရဲရင့်စွာ ရင်ဆိုင်နိုင်တဲ့ တန်ခိုးပါရှိပါတယ်။

ဒီနေ့မှာ ယေရှုနဲ့ ထပ်တူကျတဲ့ နှလုံးသားနဲ့ ရဲရင့်စွာ လျှောက်လှမ်းပါ!

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။