ခရစ်တော်သည် သင့်အထဲ၌ အသက်ရှင်တော်မူ၏!
“ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။-” ဂလာတိ 2:20
အသက်ရှိသော နေရာတိုင်းမှာ လှုပ်ရှားမှု ရှိပါတယ်။
ဒါကြောင့် “ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။” လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောတဲ့အခါ၊ ယေရှုရဲ့ အရည်အသွေးများနဲ့ သဘောသဘာဝများဟာ သင့်အထဲမှာ အသက်ရှင်လျက် လှုပ်ရှားနေကြောင်းကို ဆိုလိုတာဖြစ်ပါတယ်။
ကိုယ်တော်ရဲ့ ဉာဏ်ပညာ၊ကိုယ်တော်ရဲ့ ငြိမ်သက်ခြင်း၊ကိုယ်တော်ရဲ့ နူးညံ့သိမ်မွေ့ခြင်း၊ကိုယ်တော်ရဲ့ နှိမ့်ချခြင်း...
ဒီအရာများအားလုံးဟာ သင့်အထဲ၌ ရှိနေပါတယ်။
သခင်ဘုရားနဲ့ သင့်ကြား၊ ဘုရားသခင်ရဲ့ နှလုံးသားနဲ့ သင့်နှလုံးသားကြား အံ့ဖွယ်ကောင်းတဲ့ အပြန်အလှန်ဖလှယ်မှုတစ်ခု ဖြစ်ပေါ်နေပါတယ်။
ထို့ကြောင့် သင်ဟာ
ဝမ်းနည်းခြင်းအစား ဘုရားသခင်ရဲ့ ဝမ်းမြောက်ခြင်းကို ရရှိတယ်။စိတ်ပူပန်ခြင်းအစား ဘုရားသခင်ရဲ့ နှစ်သိမ့်မှုကို ရရှိနေတယ်။သင်ပြုသမျှ အရာတိုင်းမှာ ဘုရားသခင်ရဲ့ အသက်ရှင်ခြင်းကို မြင်တွေ့ရစေတယ်။
မိတ်ဆွေ ရေ… ဘုရားသခင်ရဲ့ အသက်ရှင်ခြင်းဟာ သင်သွားလေရာရာမှာ မြင်တွေ့ရတယ်။ ခံစားရတယ်။ ကြားသိရတယ်။
သင့်ရဲ့ စကားများမှတစ်ဆင့်၊သင်ရဲ့ အပြုအမူများမှတစ်ဆင့်၊သင်ရဲ့ ချစ်ခြင်းမေတ္တာမှတစ်ဆင့်၊လူများဟာ ယေရှုကို မြင်တွေ့နိုင်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ ကျွန်တော်နဲ့အတူ ဝန်ခံလိုက်ပါ...
“သခင်ဘုရား၊ ကျွန်ုပ်ရဲ့ စစ်မှန်သော အသက်တာသည် ကိုယ်တော်၌ ဝှက်ထားလျက်ရှိကြောင်း ကြေညာပါတယ်။ ကျွန်ုပ်ရဲ့ အသက်ရှင်ခြင်း၊ လှုပ်ရှားခြင်းနှင့် တည်ရှိခြင်းရဲ့ အကြောင်းရင်းဟာ ကိုယ်တော်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လူဟောင်းကို ကိုယ်တော်ရဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်ထားတော်မူပြီး၊ ကျွန်ုပ်ဟာ အသစ်သော အသက်တာကို ရရှိနိုင်ရန် ကိုယ်တော် အသေခံတော်မူသည့်အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်၏ သဘောသဘာဝများနှင့် အရည်အသွေးများကို ကျွန်ုပ်အား ပေးသနားတော်မူကြောင်း ယုံကြည်ပါတယ်။ ကျွန်ုပ်ရဲ့ အသက်တာအားဖြင့် လူများဟာ ယေရှုကို မြင်တွေ့ပြီး တွေ့ကြုံခံစားရမည်လို့ ယုံကြည်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”