ယေရှုခရစ်တော်နှင့်အတူ အောင်မြင်သောသူ !
မိတ်ဆွေ ရေ...
အောင်မြင်ခြင်း ဆိုတဲ့ အရာကို ဘယ်လို နားလည် ထားပါသလဲ ?
aရည်မှန်းချက်တွေပြည့်စုံတာလား ? လိုချင်တာ ရတဲ့ အချိန်လား ? ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ရင်လား ?
စစ်မှန်တဲ့ အောင်မြင်ခြင်းကတော့ လောကအရာတွေနဲ့ မဆိုင်ပဲ ယေရှုခရစ်တော်ထဲမှာပဲ ရှိတာ ဖြစ်ပါတယ် ။
ယေရှုခရစ်တော်ဟာ အကြီးမြတ်ဆုံးသော အောင်နိုင်သူ ဖြစ်ပါတယ်။ ဒီနေ့မှာ သင်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အောင်မြင်ခြင်းဟာ အလွန်ကိုမှ ပြီး ပြည့်စုံတယ်၊ အကြွင်းမရှိတဲ့ အပြီးသတ် အောင်မြင်ခြင်းပဲ ဖြစ်ပါတယ်... သင်ဟာ အဲဒီအောင်ပွဲကို ခံယူရတဲ့သူ ဖြစ်ပါတယ်။
“အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။” ကောလောသဲ 2:15
ယေရှုခရစ်တော်ဟာ အောင်မြင်သောဘုရားဖြစ်ပါတယ် ! ဒီအရာကို ကျွန်မတို့ သံသယ ဝင်လို့ မရပါဘူး !
ယေရှုခရစ်တော်ဟာ သေခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ သံသယ စတာတွေကို အောင်နိုင်ခဲ့ပါပြီ။ သင့်ကို ဒုက္ခပေးဖို့၊ တုန်လှုပ်စေဖို့၊ ဒါမှမဟုတ် သင့်ရဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ အမွေတော်တွေကို ခိုးယူဖို့ လာတဲ့အရာမှန်သမျှကို ကိုယ်တော့်တန်ခိုးတော်နဲ့ ဖျက်ဆီးခဲ့ပြီးပါပြီ။
ဒီအောင်မြင်ခြင်းကို အပြည့်အဝ မခံစားရသေးဘူးလို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သခင်ဘုရားက သင့်ကို ဘေးဖယ်ထားတာ၊ ပစ်ပယ်ထားတာ ဒါမှမဟုတ် လျစ်လျူရှုထားတာ မဟုတ်ဘူးဆိုတာ စိတ်ချစေချင်ပါတယ်။ ဒီနေ့မှာ သင်ဟာလည်း ဒီအလုံးစုံသော အောင်မြင်ခြင်းထဲကို လှမ်းဝင်ရမှာ ဖြစ်ပါတယ်။
ဒီနေ့မှာ ယုံကြည်ခြင်းနဲ့ ကျွန်မနဲ့ အတူ ဝန်ခံကြရအောင် !
“ယေရှုဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်ုပ်ကိုးစားသော အရှင်ဖြစ်ကြောင်း၊ ကျွန်ုပ်၏ အသက်တာကို အပ်နှံထားသော အရှင်ဖြစ်ကြောင်း ဒီနေ့မှာ ဝန်ခံပါသည်။ ယေရှုဘုရား … ကိုယ်တော်သည် ကျွန်ုပ်၏ ရန်သူများကို အောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် ကြေညာပါ၏။ ထိုအောင်ပွဲ၏ အသီးအပွင့်များကို ကျွန်ုပ်၏ အသက်တာထဲမှာ ယခုပင် ခံယူပါ၏။ ယေရှုနာမ၌ ဝန်ခံပါ၏ ။ အာမင်။”
သင်ဝန်ခံခဲ့တဲ့အတိုင်း ယခုပင် အောင်မြင်ခြင်း အသက်တာထဲမှာ ခြေလှမ်းလိုက်ပါ
ယေရှုခရစ်တော်၌ အောင်မြင်သူထက် အောင်မြင်သောသူ ဟာ သင်ဖြစ်ပါတယ် 🤍