• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၄ လိုင် ၂၀၂၆

ဆုတောင်းဖို့အတွက် တစ်ခါတလေ အပြစ်ရှိသလို ခံစားနေရပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၂၄ လိုင် ၂၀၂၆

မိတ်ဆွေ ရေ... 

ဒီတစ်ပါတ်တာမှာ “ယေရှုခရစ်တော်နှင့်အတူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အသက်တာကို ဆက်လက် တည်ဆောက်နေကြတာ ဒီနေ့ဟာ (၅) ရက်မြောက်နေ့ ဖြစ်ပါတယ် ။ 

“ယေရှုခရစ်တော်နှင့်အတူ” နေ့တိုင်းမှာ စကားပြောပြီး မိဿဟာယ ဖွဲ့ခြင်းက ကျွန်မတို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ် ။ 

တခါတလေ လူတွေကို စကားပြောခြင်းက မပင်ပန်းပဲ နဲ့ ဘုရားသခင်နဲ့ အချိန်ခဏလေး ယူပြီး ဆုတောင်းဖို့ကျတော့ တော်တော်ကို အားထုတ်နေရတဲ့ အခြေအနေ မျိုးရင်ဆိုင်ဖူးပါလိမ့်မယ် ။ ဒါဟာ ဆုတောင်းခြင်းဆိုတာကို ဘာသာရေး ထုံးတမ်းတစ်ခုလို သတ်မှတ်မိပြီး ဘုရားရှေ့မှာ မျက်နှာ ဖုံးတွေနဲ့ ဟန်ဆောင်ပြီး ပြောနေတတ်လို့ ပါပဲ ! 

အမှန်တော့ ဆုတောင်းခြင်းဆိုတာ အပြန်အလှန် စကားပြောနေခြင်းဖြစ်ပါတယ် ။ 

ဘုရားသခင်နဲ့ စကားပြောခြင်းက ခွန်အားရှိစေတယ် ၊ လန်းဆန်းစေတယ် ၊ ယုံကြည်မှုလည်း ရှိစေပါတယ် ။

တချို့သောအချိန်တွေမှာတော့ “ငါ ဒီအမှားကို ခဏခဏ လုပ်မိနေပြီ”၊ “ဒီတစ်ခါတော့ ဘုရားသခင် ငါ့ကို စွန့်လွှတ်လိုက်ပြီ”  ၊ “ဒီလို အခြေအနေနဲ့ ကိုယ်တော့်ရဲ့ သန့်ရှင်းတဲ့ မျက်မှောက်တော်ရှေ့ကို ငါ မသွားနိုင်ဘူး” လို့ တွေးပြီး ဘုရားသခင်နဲ့ မျက်နှာချင်းမဆိုင်ရဲတဲ့ အချိန်မျိုး ရှိနေတတ်ပါတယ် ။

ဘုရားသခင်ရဲ့ မေတ္တာတော်က သင့်ရဲ့ အပြစ်တွေထက် ပိုပြီးအားကြီးပါတယ်။ ရန်သူ့ဆီကလာတဲ့ အလိမ်အညာစကားတွေကို လက်မခံပါနဲ့။ ဘုရားသခင်က သင့်ကို မငြင်းပယ်ပါဘူး !  အမြဲတမ်းလက်ခံတဲ့ ဘုရားပါ ။

“ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-” ရှင်ယာကုပ်‬ ‭4‬:‭8‬ 

ဆုတောင်းခြင်းအားဖြင့် ယေရှုဘုရားဆီကို ပြန်သွားပါ၊ သင့်ရဲ့ စိုးရိမ်မှုတွေ၊ နာကျင်မှုတွေနဲ့ နောင်တတွေကို ယေရှုထံမှာ ဖွင့်ပြောပါ။ ကိုယ်တော့်ရဲ့ ခွင့်လွှတ်ခြင်းနဲ့ မျက်မှောက်တော်ကို ရှာဖွေဖို့ သင်ခြေလှမ်းလှမ်းမယ်ဆိုရင် ကိုယ်တော်ဟာ သင့်အနားကို ချဉ်းကပ်လာမှာ ဖြစ်ပါတယ်။ ကိုယ်တော်ဟာ သင့်ကို အတွေ့ခံမှာ ဖြစ်ပါတယ်။ (ယေရမိ ၂၉:၁၃)

ဘုရားသခင်က သင့်ကို အရမ်း ချစ်ပါတယ် မိတ်ဆွေ ရေ …

သင်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့် သင်ဟာ ပျက်စီးသွားဖို့ အလိုတော် မရှိပါဘူး ။ နှိမ့်ချတဲ့စိတ်နဲ့ ကိုယ်တော့်ထံ ချဉ်းကပ်ပြီး ကိုယ်တော့်ရဲ့ မေတ္တာတော် ၊ ကရုဏာတော် နဲ့ ကျေးဇူးတော်ကို ခံယူလိုက်ပါ!

မိတ်ဆွေ ရေ... ကျွန်ုပ်နဲ့အတူ ဆုတောင်းရအောင်…

 “အဖဘုရားသခင် … ကျွန်ုပ် ရဲ့ အမှားများအတွက် ကိုယ်တော့်ကို တောင်းပန်ပါတယ် ။ ရှက်ကြောက်ပြီး ထွက်ပြေးခဲ့တဲ့ အချိန်တွေအတွက်လည်း နောင်တရပါတယ်။ ကိုယ်တော့်ထံ သာ၍ ချက်ချင်း တိုးဝင် ချဉ်းကပ်နိုင်သောသူ ဖြစ်စေဖို့ မစတော်မူပါ။ ကျွန်ုပ်က ကိုယ်တော့်ထံကို ချဉ်းကပ်ရင် ကိုယ်တော်ကလည်း ကျွန်ုပ်ထံ ချဉ်းကပ်မယ်လို့ နှုတ်ကပတ်တော်မှာလည်း ကတိပေးထားပါတယ်။ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေရဲ့ အထက် ၊ ရန်သူရဲ့ လိမ်လည် လှည့်ဖြားခြင်းတွေကို နားမယောင်တော့ပဲနဲ့ ကိုယ်တော့်ကိုပဲ စေ့စေ့မျှော်ကြည့်ရင်း ကျွန်ုပ်လှမ်းလာပါတယ် ။ ကိုယ်တော့်ရဲ့ ခွင့်လွှတ်ခြင်းနဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ အသက်တာအား ဆက်ကပ် အပ်နှံပါ၏ ။ အာမင်။”

ယေရှုခရစ်တော်နဲ့အတူ သင့်ဘဝရဲ့ အချိန်နာရီတိုင်းကို ဖြတ်သန်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။