• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၃ လိုင် ၂၀၂၆

အသစ်ကနေ ပြန်စချင်ပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၂၃ လိုင် ၂၀၂၆

မိတ်ဆွေ ရေ... 

အတိတ်ကိုပြန်လှည့်ကြည့်ပြီး “ငါဒီနေရာမှာ ဒီလို မလုပ်ခဲ့ရင်ကောင်းသား” ဆိုပြီး နောင်တရတဲ့ နှလုံးသားနဲ့ အရာရာကို အသစ်က ပြန်စလို့ ရရင် စချင်တယ် ဆိုတဲ့ အတွေးမျိုး ဝင်ဖူးပါသလား ?

ကြောက်ရွံ့မှုနဲ့ အတိတ်က မှားယွင်းမှုတွေကို ကျောခိုင်းပြီး အရာအားလုံးကို အစကနေ ပြန်စဖို့၊ စာမျက်နှာအသစ်တစ်ခုနဲ့ ဘဝတစ်ခုကို စတင်ဖို့ ဖြစ်နိုင်ပါ့မလားလို့ တွေးနေမယ်ဆိုရင် အဖြေကတော့ “ယေရှုခရစ်တော်နဲ့အတူ” ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဘုရားသခင်နဲ့ဆိုရင် အရာအားလုံး ဖြစ်နိုင်ပါတယ်။

“မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။” ဆာလံ‬ ‭139‬:‭16‬

ဘုရားသခင်ဟာ သင့်ကို ဘယ်သူ့ထက်မဆို ပိုသိပါတယ်။ သင့်ရဲ့ အိပ်မက်တွေနဲ့ နောင်တတွေဟာ ကိုယ်တော့်ရဲ့ရှေ့မှာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ဘဝရဲ့ နေ့ရက်တိုင်းဟာ ကိုယ်တော့်ရှေ့မှာ ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်လို ရှိနေလို့ပါပဲ။

ဒီနေ့မှာ ဘုရားသခင်ကို ဒီအစပြုခြင်းမှာ ဦးဆောင်ခွင့်ပေးလိုက်ပါ။ အစကနေ ပြန်စချင်တဲ့ သင့်ရဲ့ နှလုံးသားထဲမှာ ယေရှုကို နေရာပေးပါ၊ နာကျင်စရာကောင်းတဲ့ အတိတ်က လမ်းဟောင်းတွေမှာ ဆက်ပြီး လျှောက်လှမ်းနေတာကို ရပ်တန့်လိုက်ပါ။ 

ကိုယ်တော်ဟာ အသစ်သောအသက်တာ ၊အသစ်သော အတွေးအခေါ် နဲ့ ဆွဲခေါ်ပြုပြင်ပါလိမ့်မယ် ။ ဘုရားသခင်ဟာ ငြိမ်သက်ခြင်းကို ဖြည့်ပေးပြီး ခွန်အားအသစ်နဲ့လျှောက်လှမ်းနိုင်အာင် သင်နဲ့အတူ လိုက်ပါပေးမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ဒါကို အသံလွှင့်ပြီး ကျွန်မနဲ့ အတူ ဝန်ခံကြရအောင် ! 

“ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။-” ဖိလိပ္ပိ‬ ‭3‬:‭13‬-‭14‬ 

မိတ်ဆွေ ရေ... အတိတ်က ကုန်ဆုံးသွားပါပြီ။ ဒီနေ့မှာ ယေရှူခရစ်တော်ထဲ၌ လူသစ်အဖြစ် အသစ်ကနေ ပြန်စလိုက်ပါ!

ဒီနေ့မှာပဲ ယေရှုခရစ်တော်ကို မိမိရဲ့ အရှင်သခင် နဲ့ ကယ်တင်ပိုင်ရှင်အဖြစ် အုပ်စိုးခွင့်ပေးလိုက်ပါ ။ 

ယေရှုနဲ့ အတူ အသစ်က ပြန်စပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။