သင့်အနားမှာ မစပေးတဲ့ ဘုရားရှိတယ် !
မိတ်ဆွေ ရေ... ဒီတစ်ပါတ်တာမှာ “ယေရှုခရစ်တော်နှင့်အတူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အသက်တာကို ပြန်လည်ဆင်ခြင်ကြဖို့ရန်အတွက် ဖြစ်ပါတယ် ….
ဒီနေ့မှာ ယေရှုခရစ်တော်ဟာ သင့်ရဲ့ အနီးဆုံးမှာ ရှိနေပြီး သင့်ကို ချစ်တဲ့ “အကောင်းဆုံးမိတ်ဆွေ” ဖြစ်ကြောင်း ပထမဆုံး ပြောပြချင်ပါတယ်။ သူဟာ သင့်အနားမှာ အမြဲရှိနေပြီး သင့်ကို အပြည့်အဝ နားလည်ပေးနိုင်တဲ့ အရှင်ဖြစ်ပါတယ်။ ဘဝရဲ့ ခက်ခဲတဲ့ အချိန်နာရီတွေမှာ ယေရှုဟာ စစ်မှန်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်းကို နှုတ်ကပါတ် ကျမ်းစာထဲမှာလည်း ဒီလို တွေ့မြင်ရပါတယ် ။
-
ကိုယ်တော်ဟာ သစ္စာရှိတဲ့အတွက် အခက်အခဲဆိုတဲ့ မုန်တိုင်းက ပြင်းထန်လာရင်တောင် သင့်ကို တစ်ယောက်တည်း ထားရစ်ခဲ့မှာ မဟုတ်ပါဘူး။ (၂ သက်သာလောနိတ် ၃:၃)
-
ကိုယ်တော်ဟာ သင့်ကို ချစ်တဲ့အတွက် သင့်အပေါ် အပြစ်စီရင်မှာ မဟုတ်ပါဘူး။ (ရောမ ၈:၁)
-
ကိုယ်တော်ဟာ သင့်အနားမှာ ရပ်နေပြီး သင့်အသက်တာကို ကူညီ မစပေးနေပါတယ်။ (ဆာလံ ၅၄:၄)
မိတ်ဆွေ ရေ... သင်ဟာ ကြေကွဲခြင်းနဲ့ အားနည်းနေရင် ဒါမှမဟုတ် မျှော်လင့်ချက်ကင်းမဲ့နေရင် ယေရှုကို သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေ အဖြစ် ရွေးချယ်လိုက်ပါ။ ယေရှုခရစ်တော်ဟာ သစ္စာရှိတယ်၊ စိတ်ရှည်တယ်၊ မေတ္တာနဲ့ ပြည့်ဝတယ်။ ဒီနေ့မှာ သင်ရင်ဆိုင်နေရတဲ့ အရာအားလုံးရဲ့ အထဲမှာ ယေရှုခရစ်တော်ဟာ သင့်အနားမှာ ရပ်နေပါတယ်။
သင် ရင်ဆိုင်နေရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေ ၊ စိန်ခေါ်မှုတွေနဲ့ နိုးထလာတဲ့ နေ့သစ်တွေတိုင်းမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘယ်တော့မှ သင်တစ်ယောက်တည်း မဟုတ်ပါဘူး !
“...ငါသည်လည်း ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု မိန့်တော်မူ၏။” (မဿဲ ၂၈:၂၀)
ကျွန်မတို့ အတူတကွ ဆုတောင်းကြရအောင်...
“ယေရှုဘုရား၊ ကိုယ်တော်ဟာ သစ္စာရှိစွာ ကျွန်ုပ်ရဲ့ အကောင်းဆုံး မိတ်ဆွေအဖြစ် ဘေးမှာ အတူရှိနေပေးသော ဘုရားဖြစ်ကြောင်း ဒီနေ့ မှာ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်တော်သည် ကျွန်ုပ်ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်တဲ့ ၊ စစ်မှန်တဲ့ မိတ်ဆွေဖြစ်ကြောင်း ကျွန်ုပ် အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဘယ်လိုအခြေအနေမှာ မဆို ကိုယ်တော့်ကိုပဲ သတိရလျက် အားကိုး ပါမည် ။ မစပေးသော ဘုရား ! ကိုယ်တော်၏ နာမတောိ၌ ဆုတောင်းဆက်ကပ်အပ်နှံပါ၏ ။ အာမင်။”
စစ်မှန်သော မစပေးနိုင်တဲ့ အကောင်းဆုံး မိတ်ဆွေ ဟာ ယေရှုခရစ်တော် ဖြစ်ပါတယ် 🤍