• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၉ လိုင် ၂၀၂၆

ငြိမ်သက်ခြင်းကို ပြန်လည် မျှဝေဖို့ ခြေလှမ်းပါ ! 

ထုတ်ဝေသည့်ရက်စွဲ ၁၉ လိုင် ၂၀၂၆

ဒီတစ်ပါတ်တာမှာတော့ ကျွန်မတို့ အတူတကွ“နောက်ထပ်ခြေတစ်လှမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပါတ်တာလုံး နှုတ်ကပါတ်တော်ကို လေ့လာနေကြတာ ဒီနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ် ။

ငြိမ်သက်ခြင်း ဆိုတာ အခုလို ရှုပ်ထွေးပြီး ပင်ပန်းတဲ့ အခြေအနေမျိုးမှာ ရှာဖွေလို့ မလွယ်ကူနိုင်တဲ့ အရာဆိုတာ ကျွန်မတို့ အားလုံးသိကြပါတယ် 

သို့သော် မိတ်ဆွေ ရေ...  သင်ဟာ “ငြိမ်သက်ခြင်းအရှင် - JEHOVAH SHALOM” ရဲ့ သားသမီး ဖြစ်ပါတယ် ။ သင်ဟာလည်း ငြိမ်သက်ခြင်းကို သယ်ဆောင်နေသောသူ ဖြစ်ပါတယ် ။

သင့်ဆီက “ငြိမ်သက်ခြင်းကို သူတပါးအား လက်ဆင့်ကမ်းရမယ့် ခြေလှမ်း” ကတော့ ဒီနေ့မှာ လှမ်းရမယ့်ခြေလှမ်းဖြစ်ပါတယ် ။

တစ်ခါတလေ ခက်ခဲပင်ပန်းနေရတဲ့ အခြေအနေမျိုးတွေထဲမှာ ကျွန်မတို့ ကိုယ်တိုင်က လက်လျှော့စိတ်ပျက်သွားမယ့်အစား ကျွန်မတို့ရဲ့ ဖခင်ဆီကို ပြေးဝင် ဖို့ရန် ပဲ ဖြစ်ပါတယ် ။ 

“သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-” ‭‭ရှင်မဿဲ‬ ‭5‬:‭9‬ ‭JBMLE‬‬

မိတ်ဆွေ ရေ... အခုခေတ်ကြီးထဲမှာ ခိုက်ရန်ဖြစ်ခြင်းဆိုတာကို လက်တွေ့အပြင်မှာသော်၎င်း ၊ Social Media တွေမှာသော်၎င်း မြင်တွေ့ကြရပါတယ် ။

ရန်ကို ရန်ချင်း တုံ့ပြန်ဖို့က ဘုရားသားသမီး ဖြစ်တဲ့ မိတ်ဆွေ လုပ်ဆောင်ရမှာ မဟုတ်ပါဘူး ! မေတ္တာ ကပဲ ငြိမ်သက်ခြင်းကို ပြုစုသလို ငြိမ်သက်ခြင်းနဲ့ တုံ့ပြန်သောသူကလည်း မေတ္တာကို ပြုစုနေတာ ဖြစ်ပါတယ် ။

သင်ဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်လို့ သင့်ရဲ့ ဖခင်ပေးထားတဲ့ ငြိမ်သက်ခြင်းကို လူတိုင်းဆီကို ပြန်လည်မျှဝေပေးနိုင်တဲ့ တန်ဆာပလာတစ်ခု ဖြစ်လာဖို့ ဘုရားသခင်က အလိုရှိနေပါတယ်

ကျွန်မတို့တွေ ကိုယ်တိုင်က ကောင်းကြီးတွေ၊ စိတ်သက်သာရာရဖို့တွေကိုပဲ အချိန်ပေးပြီး လိုက်ရှာနေမယ့်အစား တခြားသူတွေအတွက် ကောင်းကြီးနဲ့ သက်သာစေသူဖြစ်ဖို့ “နောက်ထပ်ခြေတစ်လှမ်း” ကို လှမ်းကြပါစို့ ! 

ဒီနေ့မှာ ကျွန်မနဲ့အတူ အတူတကွ ဆုတောင်းပြီး အသက်တာကို ဆက်ကပ်ကြရအောင် …

“အဖဘုရားရှင် ..  ကျွန်ုပ်ကို ငြိမ်သက်ခြင်း၏ တန်ဆာပလာ ဖြစ်စေတော်မူပါ။ ရန်ကို ရန်နဲ့ မတုံ့ပြန် ၊ မချေပပဲ မေတ္တာမျိုးစေ့ကို ကြဲနိုင်ရတဲ့အခွင့်ပေးပါ။ နာကျင်ခြင်းရှိရာမှာ ခွင့်လွှတ်ခြင်း၊ သံသယရှိရာမှာ ယုံကြည်ခြင်း ၊ မျှော်လင့်ချက်ကင်းမဲ့ရာမှာ မျှော်လင့်ခြင်း ၊ မှောင်မိုက်ရာမှာ အလင်း ၊ ဝမ်းနည်းရာမှာ ဝမ်းမြောက်ခြင်းကို သယ်ဆောင်နိုင်သောသူအဖြစ် ကျွန်ုပ်ကို အသုံးပြုတော်မူပါ။  ကိုယ်တိုင်သက်သာရာရဖို့ထက် သူတပါးကို သက်သာစေသူဖြစ်စေဖို့၊ နားလည်ခံရဖို့ထက် နားလည်ပေးသူဖြစ်စေဖို့၊ အချစ်ခံရဖို့ထက် ချစ်ပေးတတ်တဲ့သူဖြစ်ဖို့ မစတော်မူပါ။ ငြိမ်သက်ခြင်း၏တန်ဆာပလာ တည်းဟူသော ‘နောက်ထပ်ခြေတစ်လှမ်း’ ကို လှမ်းလာပါပြီ။ ကိုယ်တော်ကိုယ်တိုင်လမ်းပြတော်မူပါ ။ ယေရှုနာမ၌ ဆုတောင်းပါ၏ ။ အာမင်။”

ငြိမ်သက်ခြင်းကို ယူဆောင်လာပေးသူအဖြစ်၊ နောက်ထပ်ခြေတစ်လှမ်းကို လှမ်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။