• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၇ လိုင် ၂၀၂၆

ဘုရားသခင်ဟာ သင့်ကို ဂရုတစိုက် ကြည့်ရှုပေးနေတယ် ! 

ထုတ်ဝေသည့်ရက်စွဲ ၁၇ လိုင် ၂၀၂၆

မိတ်ဆွေ ရေ... သင့်ဘဝမှာ သင့်ကို ဘယ်သူမှ ဂရုမစိုက်ကြပဲ သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြတဲ့အခါ အလွယ်တကူ လက်လျှော့ အရှုံးပေးချင်ပြီး တစ်ယောက်တည်း နေလိုက်ချင်တဲ့ အချိန်တွေ ရှိခဲ့ဖူးပါသလား ?

ဒါကြောင့် ဒီနေ့ လှမ်းရမယ့်ခြေလှမ်းကတော့ သင့်ကို သိပ်ပြီး ဂရုစိုက်တဲ့ ဘုရားသခင်ရဲ့ အနီးမှာ “ငြိမ်သက်စွာ ချဉ်းကပ်လာတဲ့ခြေလှမ်း” ပဲဖြစ်ပါတယ် ။ 

ဟုတ်ပါတယ်။ ဘာမှမေးခွန်းမထုတ်တော့ပဲနဲ့ သင့်အဖရဲ့ ဘေးကို ငြိမ်သက်စွာနဲ့ ချဉ်းကပ်ကြည့်လိုက်ပါ ။

ဒီနေ့ ဘုရားသခင်ရဲ့ အတူရှိခြင်းက အဲ့ဒီခံစားချက်ကို အပြီးတိုင် ပျောက်ကွယ်စေမယ့် တစ်ခုတည်းသော ခွန်အား ဖြစ်ပါတယ် ။ နှုတ်ကပါတ်တော်ထဲမှာ ..

“ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။” ၁ ရှင်ပေတရု‬ ‭5‬:‭6‬-‭7‬ ‭JBMLE‬‬

ဘုရားသခင်ဟာ သင့်ကို ဂရုစိုက်ပေးနေပါတယ် ။ အသက်အန္တရာယ် ဖြစ်မယ့် ဘေးကနေ ၊ ဆုံးရှုံးခြင်း ဘေးကနေ ၊ ရန်သူရဲ့ ခိုးယူဖျက်ဆီးခြင်း ဘေးကနေ သင့်ကို တစ်စက်လေးမှ မျက်စိအောက်က အပျောက်မခံပဲ ကွယ်ကာပေးနေတဲ့ ဘုရားရှင် ဖြစ်ပါတယ် ။

ဘုရားသခင်နဲ့အတူ လျှောက်လှမ်းတဲ့ ကျွန်မတို့ရဲ့ အသက်တာထဲမှာ ငိုကြွေးရတဲ့ ကာလ ၊ ဝမ်းမြောက်ရတဲ့ကာလ စတဲ့ မတူညီတဲ့ ကာလ အမျိုးမျိုးကို ဖြတ်သန်းရပါတယ် ။

အဲ့လို ကျော်ဖြတ်ရလို့ ဘုရားသခင် သင့်ကို ဂရုမစိုက်ပေးတော့တာ မဟုတ်ပါဘူး ! သူအတူတူရှိတယ် ၊ ဖြတ်သန်းပေးနေပါတယ် ။

ဘုရားသခင် ကိုယ်တော်တိုင် သင့်အတွက် ရှေ့က မမြင်ရတဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ် ။

ဒါကြောင့် ဒါဝိဒ်မင်းကြီးက ဆာလံ ၅၅:၁၈ ထဲမှာ “ငါ့​ကို စစ်​တိုက်​ကြ​စဉ်​တွင်၊ ငါ့​အ​သက်​ကို ရွေး​နုတ်၍ ချမ်း​သာ​ပေး​တော်​မူ​မည်။ ငါ့​ဘက်၌​နေ​သော​သူ အ​များ​ရှိ​ကြ၏။ ‭‭ဆာလံ‬ ‭55‬:‭18‬ ‭JBMLE‬‬

သင့်ဘက်မှာ ကြီးမားတဲ့ အင်အားရှိနေပါတယ် ။ 

မိတ်ဆွေ ရေ... စိတ်ပျက်အားလျော့မှုတွေ၊ အားငယ်မှုတွေက သင့်နှလုံးသားတံခါးကို လာခေါက်တဲ့အခါ ဘယ်တော့မှ တံခါးမဖွင့်ပေးလိုက်ပါနဲ့။ ဘုရားသခင်ဟာ သင့်ကို ဖန်ဆင်းရုံတင်မကဘဲ သင့်ရဲ့ ကောင်းကင်အဘ ဖြစ်သလို၊ သင့်ဘဝကို အချိန်ပြည့် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ “အချိန်ပြည့် ကွယ်ကာပေးသူ” ဖြစ်ပါတယ်။ 

အခုခေတ်အနေနဲ့ နားလည်အောင် ပြောရမယ်ဆိုရင် ဘုရားသခင်က ကျွန်မတို့ခေါ်တဲ့အခါ Voicemail ပဲ ပို့ထားမှာမဟုတ်သလို၊ လိုင်းမအားလို့ စောင့်ခိုင်းထားမှာလည်း မဟုတ်ပါဘူး။ အခုချက်ချင်း ပဲ သင်နဲ့ စကားပြောဖို့ အသင့်ရှိနေတယ် ။ သင်နဲ့ မျက်နှာချင်းဆိုင် ဆုံတွေ့လိုတဲ့ သင့်ကို သိပ် ဂရုစိုက်တဲ့ သင့်ရဲ့ ဖခင်လည်း ဖြစ်ပါတယ် ။ 

ဒါကြောင့် သင့်ရဲ့ စိုးရိမ်ခြင်းအပေါင်းကို လက်တော်ထဲ ပုံအပ်လိုက်ပါ၊ ဘုရားသခင်က သင့်ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အမြဲတမ်း ဂရုစိုက်နေတဲ့ ဘုရားရှင် ဖြစ်ပါတယ် ။ ငြိမ်သက်စွာနဲ့ အနီးအပါးကို ချဉ်းကပ်လိုက်ဖို့ပဲ လိုပါတယ် ။

အတူတကွ ဆုတောင်းကြပါစို့ ..

“အဖဘုရား၊ ကျွန်ုပ်၏ အသက်တာထဲက စိုးရိမ်ပူပန်ခြင်း၊ အားငယ်ခြင်း အားလုံးကို တန်ခိုးရှိသော ကိုယ်တော်၏ လက်တော်အောက်မှာ ယုံကြည်ခြင်းနဲ့ အပ်နှံလိုက်ပါပြီ ။ ကိုယ်တော်က ကျွန်ုပ်ကို “အချိန်ပြည့် ကာကွယ်စောင့်ရှောက်ပေးသူ” ဖြစ်ကြောင်း ဒီနေ့မှာ သိရှိရလို့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ် ။ တိုက်ပွဲတွေ ဘယ်လောက်ပြင်းထန်ပါစေ... ကိုယ်တော်ပေးတဲ့ ငြိမ်သက်ခြင်းကို ကိုင်စွဲပြီး၊ ကိုယ်တော့်ဂရုစိုက်ခြင်းကို ခံယူလျက် ‘နောက်ထပ်ခြေတစ်လှမ်း’ ကို ဆက်လက်လှမ်းလျှောက်ပါမည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

သင့်ကို ဂရုစိုက်သော ဘုရားသခင်ရဲ့ အနီးအပါးမှာ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။