• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၆ လိုင် ၂၀၂၆

အရာခပ်သိမ်းတတ်နိုင်သောဘုရားထံသို့ လှမ်းလာပါ ! 

ထုတ်ဝေသည့်ရက်စွဲ ၁၆ လိုင် ၂၀၂၆

ဒီတစ်ပါတ်တာမှာတော့ ကျွန်မတို့ အတူတကွ“နောက်ထပ်ခြေတစ်လှမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကို လေ့လာနေကြတာ ဖြစ်ပါတယ် ။

ဒီနေ့ခြေလှမ်းကတော့ သင့်ကို လေးလံ စေတဲ့ ၊ ပင်ပန်းစေတဲ့ ၊ ကြန့်ကြာစေတဲ့ ဝန်ထုပ်တွေကို ချထားပြီး အရာခပ်သိမ်းကို တတ်နိုင်တဲ့ “ ဘုရားသခင်ကို အကြွင်းမဲ့ စိတ်ချခြင်းခြေလှမ်း” ပဲ ဖြစ်ပါတယ် …

မိတ်ဆွေ ရေ... အခုလက်ရှိအချိန်မှာ အရာအားလုံးက ကိုယ်ဖြစ်ချင်သလို၊ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘဲ အနာဂတ်အတွက် လမ်းစပျောက်သလိုမျိုး ခံစားနေရပါသလား ? 

အဲဒီလို အခြေအနေမျိုး ကြုံလာရတဲ့အခါ မိတ်ဆွေ ကရော ဘယ်သူ့ဆီကို အရင်ဆုံး ပြေးသွားတတ်ပါသလဲ ?

ကျွန်မတို့တွေ စိတ်ညစ်စရာ၊ အခက်အခဲတစ်ခုခုနဲ့ ကြုံရပြီဆိုရင် ကိုယ့်ကိုနားထောင်ပေးမယ့် ချစ်ရတဲ့သူ တွေ ၊ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး ရင်ဖွင့်မိတတ်ကြပါတယ်။ အဲဒါက မမှားပေမယ့်လို့ အရာအားလုံးကို သိမြင်ပြီး အရာအားလုံးကို တတ်နိုင်တဲ့ ဘုရားသခင်ဆီကို အရင်ဆုံး ကြည့်ပြီး ခြေလှမ်းလှမ်းသွားတာက ပိုပြီးတော့ လုံခြုံ စိတ်ချရပါတယ် ။

ကျမ်းစာထဲက ကမ္ဘာဦးကျမ်း ၁၄:၂၂ မှာ အာဗြံက ဒီလိုလေး ဝန်ခံခဲ့တာ တွေ့ရပါတယ် —

“အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်သည် လက်ကိုမြှောက်ပါ၏။”

ဟုတ်ပါတယ်... ကျွန်မတို့ကိုးကွယ်တဲ့ ဘုရားရှင်ဟာ ကောင်းကင်နဲ့ မြေကြီး၊ စကြဝဠာတစ်ခုလုံးကို ပိုင်စိုးတဲ့ အမြင့်ဆုံးသော ဘုရားသခင် ဖြစ်ပါတယ်။ 

ဧဖက်ဩဝါဒစာ ၁:၂၂ မှာ ပြောထားသလိုပဲ ရှိရှိသမျှ အရာအားလုံးဟာ ဘုရားသခင်ရဲ့ ခြေဖဝါးတော်အောက်မှာပဲ ရှိနေတာပါ။ အဲဒီလို ဘုန်းကြီးတဲ့ ၊ ကြီးမြတ်တဲ့ ဘုရားရှင်က သင့်ရဲ့ အခက်အခဲတွေကို မဖြေရှင်းပေးနိုင်ဘဲ နေပါ့မလား …

ဘုရားသခင်ကို သင့်ဘဝရဲ့ ပထမဆုံးနေရာ၊ အားကိုးရာ ၊ ပထမဦးစားပေးနေရာမှာ ယခုပဲ နေရာပေးဖို့ ကျွန်မနှိုးဆော်ချင်ပါတယ် ။

ဒါကြောင့် ဒီနေ့မှာ ကိုယ့်ရဲ့ အစွမ်းအစ၊ ကိုယ့်အတွေးတွေနဲ့ ကြိုးစားနေတာတွေကို ခဏလောက် ဘေးဖယ်ထားပြီး အရာအားလုံးကို တတ်နိုင်တဲ့ အရှင်ဘက်ကို မျက်မှောက်ပြုပြီး နောက်ထပ်ခြေတစ်လှမ်းကို လှမ်းကြရအောင် ! 

ကျွန်မနဲ့အတူ နှလုံးသားထဲကနေ အတူတကွ ဆုတောင်းကြရအောင် …

“အမြင့်ဆုံးသော ယေရှုဘုရား၊ ကျွန်ုပ်၏လက်ကို ကိုယ်တော့်ထံသို့သာ ယုံကြည်ခြင်းနဲ့ မြှောက်ပါ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို တတ်နိုင်တော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပါတယ်။ ဘဝရဲ့ ရှုပ်ထွေးမှုတွေ နဲ့ အရာအားလုံးဟာ ကိုယ်တော့်ရဲ့ ခြေဖဝါးတော်အောက်မှာပဲ ရှိနေပါတယ်။ ယေရှုဘုရား... ကိုယ်တော့်ကိုသာ ကျွန်ုပ်ဘဝရဲ့ ပထမဦးဆုံးနေရာမှာ ထားပြီး ကိုယ်တော့်ထံသို့ ယုံကြည်စိတ်ချစွာ လျှောက်လှမ်းလာပါမည်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

အရာအားလုံးကို တတ်နိုင်သော အရှင်ထံသို့ မျှော်လင့်လျက်၊ နောက်ထပ်ခြေတစ်လှမ်းကို လှမ်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။