• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၅ လိုင် ၂၀၂၆

ကတိတော်အတိုင်း လှမ်းခဲ့ပါ ! 

ထုတ်ဝေသည့်ရက်စွဲ ၁၅ လိုင် ၂၀၂၆

မိတ်ဆွေ ရေ... ဘုရားသခင်က သင့်အတွက် အကောင်းဆုံးသော အနာဂတ်နဲ့ ကတိတော်တွေကို ပြင်ဆင်ပြီးသားမို့လို့ လမ်းခုလတ်မှာတင် ရပ်တန့်နေဖို့ မဟုတ်ပါဘူးနော်။

ကျမ်းစာထဲက ယောရှုမှတ်စာ ၁၈:၃ မှာ ဆင်ခြင်စရာ တွေ့ရပါတယ်

 “ယော​ရှု​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သင်​တို့​သည် မ​သိမ်း​မ​ယူ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။” ယောရှု‬ ‭18‬:‭3‬ ‭JBMLE‬‬

ဒီနေ့ လှမ်းရမယ့် ခြေလှမ်းကတော့ “ကတိတော်ရှိသည့်အတိုင်းခြေလှမ်း” ဖို့ပဲ ဖြစ်ပါတယ် ။

မိတ်ဆွေ ရေ... အခုအချိန်ဟာ ဇဝေဇဝါနဲ့ တွေဝေဖင့်နွှဲနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ အားငယ်စိတ်တွေ၊ ကြောက်ရွံ့မှုတွေကို လွှတ်ချပြီး “ထ” ရမယ့်အချိန်၊ “ရဲရဲဝံ့ဝံ့” ရှေ့ဆက်လှမ်းပြီး ဘုရားသခင် ပြင်ဆင်ထားတဲ့ ကတိတော်တွေကို သိမ်းပိုက်ရမည့်အချိန် ဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ နဲ့ ထောက်ပံ့မစခြင်း တွေဟာ ဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့ သင့်အတွက်ပဲ ဖြစ်ပါတယ် …

သင်ဟာ ဘုရားသခင် ပေးတဲ့ အမွေတော်ကို ရရှိခံစားဖို့ အပြည့်အဝ သက်ဆိုင်တဲ့သူ ဖြစ်ပါတယ်။ နှုတ်ကပတ်တော်အတိုင်း ကတိပေးထားတဲ့အရာမှန်သမျှကို ဘုရားသခင်ရဲ့ လက်တော်ကပဲ မစပေးမှာ ဖြစ်လို့ ဒီနေ့မှာ အဲ့ဒီကတိတော်တွေ ပြည့်စုံလာခြင်းကို ယုံကြည်ခြင်းနဲ့ ခံယူလိုက်ပါ။

ကတိတော် တွေကို လက်ခံရရှိဖို့ တစ်ခါတလေ လက်ရှိအခြေအနေမှာ သင့်မျက်စိနဲ့ ဘာမှမမြင်ရသေးလို့ စိတ်ဓာတ်ကျနေရင်လည်း ကျွန်မခွန်အားပေးချင်ပါတယ် ။ ဘုရားသခင် ပြုနေသမျှ အရာခပ်သိမ်းတိုင်းကို ကျွန်မတို့ လိုက်မသိလည်း ဖြစ်ပါတယ် ! မမြင်ရသေးပေမယ့် ကျွန်မတို့ ဆုတောင်းခြင်းအားဖြင့်၊ ကိုယ်တော့်ကို ဆက်လက် ကိုးစားခြင်းအားဖြင့် သိမ်းပိုက်ရမယ့် နယ်မြေတွေ အများကြီးရှိပါသေးတယ်။ ဆက်ပြီးတော့သာ ခြေလှမ်းလိုက်ပါ၊ သင့်ကို ကတိပေးထားတဲ့ ဘုရားရှင်က သင့်ကို ကတိတော်အတိုင်း အပြည့်အဝ တာဝန်ယူမယ့်အရှင် ဖြစ်ပါတယ်။

မိတ်ဆွေ ရေ... ကတိတော်ပြည်ကို လှမ်းဖို့ ကိုယ်တော်က သင့်ကို ခွန်အားအသစ်၊ ဘိသိက် နဲ့ ရဲရင့်ခြင်း အစွမ်းသတ္တိတွေ နေ့တိုင်းပေးနေပါတယ်။

ဒီနေ့မှာ ဘာကိုမှ ကြောင့်ကြမနေ တော့ပဲ လျှောက်လှမ်းနိုင်ဖို့ ကျွန်မနဲ့ အတူတကွ ဆုတောင်းကြရအောင် …

“အဖဘုရား၊ ကိုယ်တော်ပေးတဲ့ ခွန်အား၊ ဘိသိက်နဲ့ အစွမ်းသတ္တိကို ယခုပင် ကျွန်ုပ် ခံယူပါတယ်။ ကိုယ်တော် ပြင်ဆင်ပေးထားတဲ့အောင်မြင်ခြင်း နယ်မြေများနဲ့ ကတိတော်များကို သိမ်းယူဖို့ ကျွန်ုပ် ဘယ်တော့မှ နှောင့်နှေး မနေတော့ပါဘူး။ ထာဝရ ဘုရားသခင်က ကျွန်ုပ်နဲ့အတူရှိပြီး ရှေ့ကနေ လမ်းပြနေတဲ့အတွက် ဘယ်အတားအဆီးကမှ ကျွန်ုပ်ကို မတားဆီးနိုင်ဘူး ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ် ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

နောက်ထပ်ခြေတစ်လှမ်းကို ကတိတော်ကို ကိုင်စွဲလျက် လှမ်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။