• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၃ လိုင် ၂၀၂၆

ခရစ်တော်၌ သင်သည် အောင်နိုင်သူဖြစ်တယ် ! 

ထုတ်ဝေသည့်ရက်စွဲ ၁၃ လိုင် ၂၀၂၆

မိတ်ဆွေ ရေ... ဒီတစ်ပါတ်တာမှာတော့ ကျွန်မတို့ အတူတကွ“နောက်ထပ်ခြေတစ်လှမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပါတ်တာလုံး နှုတ်ကပါတ်တော်ကို လေ့လာသွားကြမှာ ဖြစ်ပါတယ် ။

စဉ်းစားကြည့်ရအောင် ! ကျွန်မတို့ကိုးကွယ်တဲ့ ယေရှုဘုရားက ဘယ်လို ဘုရားမျိုးလဲ ? 

“ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။- သူ​တို့​က​လည်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ချမ်း​သာ ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-” ဗျာဒိတ်‬ ‭7‬:‭9‬-‭10‬

ယေရှုခရစ်တော်ဟာ ဘုန်းတော်နဲ့ ပလ္လင်ပေါ်မှာ စံပယ်နေပြီး ဘယ်သူကမှ ယေရှုခရစ်တော်ရဲ့ အောင်မြင်ခြင်းကို မငြင်းပယ်နိုင်ပါဘူး။ ယေရှုဘုရားရှင်ဟာ ဘုန်းအာနုဘော်နဲ့ အရာခပ်သိမ်းတို့ရဲ့ အထက်မှာ စိုးစံတဲ့ ဘုရားဖြစ်ပါတယ် ။ 

ဒီနေ့ သင်စလှမ်းရမယ့် ခြေလှမ်းကတော့ ယုံကြည်ခြင်း ခြေလှမ်း ဖြစ်ပါတယ် ။ 

မိတ်ဆွေ ရေ... သင်ကိုးကွယ်တဲ့ ဘုရားက အောင်မြင်တဲ့ ဘုရား ဖြစ်တယ်ဆိုမှတော့ သင်ကလည်း ရန်သူ မာရ်နတ်ရဲ့ ပရိယာယ် အမျိုးမျိုးထဲမှာ ကျရှုံးနေရမယ့်သူ မဟုတ်ပါဘူး ။ ယေရှုခရစ်တော် အောင်မြင်သလို သင်ကလည်း အောင်မြင်သောသူ ဖြစ်တယ် ! 

ယေရှုခရစ်တော်ပေးတဲ့ လွတ်မြောက်ခြင်းဟာ သင့်အတွက် ဖြစ်တယ် ! 

ယေရှုခရစ်တော်နဲ့ အတူ သင်ဟာ ကောင်းကင်နိုင်ငံတော်မှာ အမွေခံ ရမယ့်သူဖြစ်တယ် !

ယေရှုခရစ်တော်ရတဲ့ အခွင့်အာဏာဟာ သင်နဲ့ သက်ဆိုင်တယ် ! သင်ဟာ ယေရှု အထဲ၌ အသက်ရှင်သောသူ ဖြစ်ပြီး သင့်အထဲမှာလည်း ယေရှုက အသက်ရှင်နေပါတယ် ! 

မိတ်ဆွေ ရေ… ယေရှူခရစ်တော်ဟာ မြေကြီးပေါ်မှာရှိတဲ့ အရာများရဲ့အထက်မှာ အောင်မြင်ခြင်း နဲ့ စိုးစံ ရုံသာမက ရှိရှိသမျှ သက်ရှိသက်မဲ့ တို့ကို အစိုးရသော ဘုရားရှင်လည်း ဖြစ်ပါတယ် ။ 

ယေရှုနာမတော်သာရှိနေရင် ကျွန်မတို့ ဘာကို ကြောက်စရာ လိုဦးမလဲ ? 

ဒါလေးကို ယုံကြည်စေချင်တယ် ! 

သင်ဟာ နေ့စဉ်နေ့တိုင်း ယေရှုရဲ့တန်ခိုးနဲ့ အကန့်အသတ်မရှိတဲ့ အောင်မြင်ခြင်းထဲမှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျွန်မနဲ့ အတူ ဝန်ခံကြေညာကြပါစို့ ! 

“ယေရှုဘုရား၊ ကိုယ်တော်၌ ကျွန်ုပ်သည် ခပ်သိမ်းသောအရာကို ရရှိပါသည် ! ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင် ၊ ဘုရားတကာတို့၏ ဘုရား ဖြစ်ပါသည် ! ကိုယ်တော့်နာမတော်၌ ကျွန်ုပ်သည် အောင်မြင်သောသူဖြစ်ပါသည် ! ကျွန်ုပ်၏ အသက်တာ၌ ကိုယ်တော်၏ နာမကိုသာ ယုံကြည်စိတ်ချစွာ ကိုင်စွဲလျက် လျှောက်လှမ်းပါမည်။ ယေရှုနာမ၌ ဝန်ခံအတည်ပြုပါ၏။ အာမင်။”

ယုံကြည်ခြင်း ခြေလှမ်းလှမ်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။