• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၁ လိုင် ၂၀၂၆

မိတ်ဆွေ ရေ… သင့်ယုံကြည်ခြင်းကို ခိုင်ခန့်စေပါ!!

ထုတ်ဝေသည့်ရက်စွဲ ၁၁ လိုင် ၂၀၂၆

သင့်ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သလို ယုံကြည်ခြင်းဟာလည်း လေ့ကျင့်မှု လိုအပ်တာကို သင်သိပါသလား? ကိုယ်ကာယလေ့ကျင့်ခန်းဟာ အကျိုးရှိသလို၊ ယုံကြည်ခြင်းကို လေ့ကျင့်ခြင်းဟာလည်း အလွန်အကျိုးရှိပါတယ်။

ဒါဆို ယုံကြည်ခြင်းကို ဘယ်လို လေ့ကျင့်ပြီး ခိုင်မာစေမလဲ?

အောက်ပါအချက်များဟာ အလုံးစုံမဟုတ်ပေမယ့် သင့်ယုံကြည်ခြင်းကို ခိုင်ခန့်စေမယ့် နည်းလမ်းအချို့ ဖြစ်ပါတယ်။

• ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး အသံထွက်၍ ကြေညာပါ။• သင့်ရဲ့ ဖြစ်ခြင်းကို အမြဲသတိရပါ။ သင်ဟာ ဘုရားသခင်ရဲ့ သားသမီး ဖြစ်ပါတယ်။• ဘုရားသခင်အပေါ် သင့်ယုံကြည်မှုကို အမြဲ ဝန်ခံကြေညာပါ။• ထာဝရဘုရားအား ချီးမွမ်းသီချင်းများ သီဆိုပါ။• ယုံကြည်သူ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့ပါ။• ကောင်းမွန်တဲ့ သမ္မာကျမ်းစာ သင်ကြားမှုတွေနဲ့ တရားဒေသနာများကို နားထောင်ပါ။• တစ်နေ့တာလုံး ဆုတောင်းပါ။• ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ပါ။• သန့်ရှင်းသော ဝိညာဉ်တော်အား သင့်ကို စကားပြောပြီး လမ်းပြရန် ဖိတ်ခေါ်ပါ။• သင့်ရဲ့ ယုံကြည်ခြင်းကို အခြားသူများအား မျှဝေပါ။• သင့်အသက်တာထဲမှာ ဘုရားသခင်ရဲ့ ကရုဏာတော်ကို ကြေညာပါ။

အစရှိသဖြင့်ဖြစ်ပါတယ်။

ဘုရားသခင်အပေါ် သင့်ရဲ့ ယုံကြည်မှုကို ပိုမိုကြေညာလေလေ၊ ခက်ခဲသောနေ့ရက်များ၊ တိုက်ပွဲအသစ်များနှင့် စုံစမ်းခြင်းများကို ရင်ဆိုင်ဖို့ ပိုမိုအသင့်ဖြစ်လေလေ ဖြစ်ပါတယ်။

ဂေါလျတ်ကဲ့သို့သော ဧရာမပြဿနာများ ပေါ်လာပြီး သင့်ကို ခြိမ်းခြောက်လာသည့်အခါ၊ ဒါဝိဒ်ကဲ့သို့ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်ရဲ့ နာမတော်အားဖြင့် အောင်နိုင်နိုင်ပါတယ်။

သမ္မာကျမ်းစာက ဒါဝိဒ်သည် ခြင်္သေ့နှင့် ဝက်ဝံတို့ကို တိုက်ခိုက်ရင်း လေ့ကျင့်ခြင်းခံခဲ့ရပြီး ခွန်အားကြီးထွားလာခဲ့ကြောင်း ဖော်ပြထားပါတယ်။

— ၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆ (JBMLE) မှာဖတ်ပါ။

ဒါကြောင့် လူ့ဘီလူးကြီး ရောက်လာတဲ့နေ့မှာတော့ ဒါဝိဒ် အောင်နိုင်ခဲ့ပါတယ်။

မိတ်ဆွေ၊ သင်ဟာ ဒီနေ့ကစပြီး သင့်ယုံကြည်ခြင်းကို ပိုမိုခိုင်မာအောင် တည်ဆောက်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ?

ဘုရားသခင်ဟာ သင့်အတွက် အံ့ဩဖွယ်ရာများ ပြင်ဆင်ထားပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။