• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၂ လိုင် ၂၀၂၆

ရှေ့ကို ဆက်လှမ်းပါ !

ထုတ်ဝေသည့်ရက်စွဲ ၂၂ လိုင် ၂၀၂၆

ဒီတစ်ပါတ်တာမှာ “ယေရှုခရစ်တော်နှင့်အတူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အသက်တာကို ဆက်လက် တည်ဆောက်နေကြတာ ဒီနေ့ဟာ (၃) ရက်မြောက်နေ့ ဖြစ်ပါတယ် ။ 

“ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။-” ‭‭၂၂ ကောရိန္သု‬ ‭4‬:‭8‬-‭9‬ 

တချို့သော အခြေအနေတွေမှာ ဘယ်လိုရှေ့ဆက်ရမလဲ ၊ ဒီအရာကို ဘယ်လို ဖြတ်ကျော်ရပါ့မလဲ ဆိုပြီး စိုးရိမ် ပူပန် ခြင်း မျိုးစုံနဲ့ ရပ်တန့်သွားတတ်ပါတယ် ။ 

ဒါလေးကိုပြောပြချင်ပါတယ် ။ ကျွန်မတို့ လက်မလျှော့ပဲ လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ ယေရှုခရစ်တော်ဟာ အတူ ရှိနေပါတယ်  မိတ်ဆွေ ရေ... 

ယေရှုခရစ်တော်နှင့်အတူ ရဲရင့်လိုက်ပါ ! 

ယေရှုနဲ့အတူဆိုရင် သင်ဟာ ဒီတိုက်ပွဲတွေကို အောင်မြင်ပါလိမ့်မယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ …

“သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။-” ၂ ကောရိန္သု‬ ‭4‬:‭10‬

သင့်အထဲမှာ အသက်ရှင်နေတာက ယေရှု ခရစ်တော် ဖြစ်နေလို့ပါပဲ ! 

ဒဏ်ရာရနေပါစေ ၊ သံသယတွေနဲ့ လှမ်းနေရပါစေ ... ဘုရားသခင်က သင့်ကို ပန်းတိုင်ရောက်သည်အထိ ပို့ဆောင်ချင်ပါတယ်။ ယေရှုခရစ်တော်ဟာ သင့်ကို လမ်းပြပြီး ရှေ့ဆက်ဖို့၊ ဇွဲလုံ့လ ရှိရှိ နဲ့ ကျော်ဖြတ်ဖို့ ကူညီပါလိမ့်မယ်။ သင် လျှောက်လှမ်းရမယ့် ဘဝခရီးမှာ ကယ်တင်ခြင်း လိုအပ်နေသူတွေ၊ အားပေးမှု လိုအပ်နေသူတွေ ရှိနေနိုင်ပြီး သင့်အားဖြင့် သူတို့ ဟာ တစ်ဖန်ပြန်လည် ခွန်အားရကြပါလိမ့်မယ်။

ဒီနှုတ်ကပါတ်တော်က သင့်အတွက် ဖြစ်ပါတယ် …

 “သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။” ‭‭ယောရှု‬ ‭1‬:‭9‬ ‭

ယေရှုခရစ်တော်နဲ့ အတူ ရှေ့ဆက်လှမ်းလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။