• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၁ လိုင် ၂၀၂၆

ကျောက်ပေါ်မှာ ဆောက်သောအိမ် !

ထုတ်ဝေသည့်ရက်စွဲ ၂၁ လိုင် ၂၀၂၆

အိမ်တစ်လုံး ဆောက်တဲ့အခါ အရေးကြီးဆုံး အဆင့်ကတော့ အုတ်မြစ်ချတာ ဖြစ်ပါတယ်။ အုတ်မြစ်ချတဲ့ အဆင့်ကို လျစ်လျူရှုတာ ဒါမှမဟုတ် အလျင်စလို လုပ်လိုက်မယ်ဆိုရင် အချိန်မရွေး အဲ့ဒီအိမ်ဟာ ပြိုကျပျက်စီးနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

“အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-” ရှင်မဿဲ‬ ‭7‬:‭24‬ 

မိတ်ဆွေ ရေ... သင့်ဘဝအတွက်လည်း အကောင်းဆုံးနဲ့ အခိုင်မာဆုံး အုတ်မြစ် လိုအပ်ပါတယ်။ အဲဒါကတော့ “ဘုရားသခင်၏ နှုတ်ကပတ်တော်” ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ငွေရေးကြေးရေး၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ အတက်အကျတွေ ဖြစ်နေပြီး မငြိမ်မသက်ဖြစ်နေရင်တောင် အသက်ရှင်တဲ့ နှုတ်ကပတ်တော်က သင့်ကို တည်ငြိမ်စေတယ်၊ စိတ်ချမှုပေးတယ်၊ ဆက်ပြီး လျှောက်လှမ်းရမယ့် လမ်းခရီးကို ပြသပေးပါတယ်။ ကျောက်ပေါ်က အိမ်က လေတိုက်လို့ မိုးရွာခြင်းကို ခံရနိုင်ပေမယ့် ဘယ်တော့မှ ပြိုကျ ပျက်စီးသွားမှာ မဟုတ်ပါဘူး ။

မလှုပ်မယှက်နိုင်တဲ့ သင့်ရဲ့အုတ်မြစ်ကို အခုလို တည်ဆောက်စေချင်ပါတယ် - 

၁။ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး ဆင်ခြင်ပါ။ 

၂။ နေ့စဉ် လက်တွေ့ လိုက်နာကျင့်သုံးပါ။ 

၃။ အစဉ်မပြတ် ဆုတောင်းပါ။ 

၄။ ဘုရားသခင်ကို အပြည့်အဝကိုးစားပါ။

“နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။” ‭‭ဆာလံ‬ ‭119‬:‭105‬

သင့်ရဲ့ အနာဂတ်လမ်းခရီး ဝေဝါးနေရင် နှုတ်ကပါတ်တော် ဖတ်ဖို့ အချိန်လေးတော့ ပေးလိုက်ပါ ! ဘုရားသခင် ရဲ့ လမ်းပြခြင်းဟာ သင့်ကို ရှေ့ဆက်စေပါလိမ့်မယ် ။ 

ဘုရားသခင်၏ နှုတ်ကပတ်တော်ဟာ အကောင်းဆုံးသော အုတ်မြစ်ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။