မိတ်ဆွေ ရေ… ဘုရားသခင်ဟာ သင့်ဘက်မှာ ရှိနေပါတယ်!
“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။” ရှင်ယောဟန် 16:33
ဘုရားသခင်ဟာ သင့်ဘက်မှာ ရှိနေကြောင်းကို သင် အမှန်တကယ် နားလည်သဘောပေါက်လာတဲ့အခါ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်တော့ပါဘူး။
ဘုရားသခင် သင့်အသက်တာအတွက် ပြင်ဆင်ထားတဲ့ အိပ်မက်နှင့် ရည်ရွယ်ချက်များကို သင်လိုက်လျှောက်တဲ့အခါ အတားအဆီးများ၊ တိုက်ပွဲများနှင့် ဆင်းရဲဒုက္ခများကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကင်ပေါ်မှာဖြစ်စေ၊ မြေကြီးပေါ်မှာဖြစ်စေ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ပါဘူးဆိုတာကို သတိရပါ။
ရောမ ၈:၃၁ မှာ ပြောထားတဲ့အတိုင်း -
“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။-” ရောမ 8:31
ဘုရားသခင်ရဲ့ အတူရှိခြင်းအားဖြင့် သင်ဟာ ဘယ်အခက်အခဲ၊ ဘယ်အတားအဆီးကိုမဆို ကျော်လွှားနိုင်ပါတယ်။
အရာအားလုံး လွယ်ကူချောမွေ့မယ်လို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့် “မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်မြင်ပြီ” လို့ ဆိုခဲ့တဲ့ ဘုရားသခင်ကို အမြဲ သတိရပါ။
ယေရှုကိုသာ စေ့စေ့ကြည့်ရှုပါ။ ယေရှုကသာလျှင် သင့်မျှော်လင့်ခြင်း၊ သင့်ခွန်အားနဲ့ သင့်အောင်မြင်ခြင်းရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။
မိတ်ဆွေ ရေ… ကျွန်ုပ်နှင့်အတူ ယခု ဆုတောင်းလိုက်ပါ။
“သခင်ယေရှုဘုရား၊ ကိုယ်တော်ဟာ လောကကို အောင်မြင်သောသူဖြစ်ပါတယ်။ ကျွန်ုပ် ကိုယ်တော်ရဲ့ နောက်ကို လိုက်လျှောက်နေတာကြောင့် ဘယ်အရာကမျှ ကျွန်ုပ်ကို မတားဆီးနိုင်ပါ။ ယနေ့ ကျွန်ုပ် ကိုယ်တော်၌ အားယူပါတယ်။ ကိုယ်တော်နဲ့အတူ ကျွန်ုပ် အောင်နိုင်သောသူဖြစ်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”