• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၇ လိုင် ၂၀၂၆

မိတ်ဆွေ “အရှုံးကို မြင်နေရသ၍ အဆုံးမဟုတ်သေးဘူး”

ထုတ်ဝေသည့်ရက်စွဲ ၀၇ လိုင် ၂၀၂၆

မိတ်ဆွေ ရေ… သင့်ဘဝမှာ အချိန်ရာသီအမျိုးမျိုးကို သင် ဖြတ်သန်းရပါတယ်။ တချို့သော အချိန်ရာသီတွေက တခြားရာသီတွေထက် ပိုပြီး ခက်ခဲတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ဘဝက ခေတ္တရပ်တန့်ထားသလို၊ အခြေအနေနှစ်ခုကြား၊ ရာသီနှစ်ခုကြားမှာ ရပ်ဆိုင်းနေသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။

“ဒီအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား?”“ဒီအခက်အခဲတွေ တစ်နေ့နေ့မှာ အဆုံးသတ်သွားမှာလား?”ဆိုပြီး သင်မေးကောင်းမေးနိုင်ပါတယ်။

အဲ့လိုမေးလာရင်တော့ အဖြေကတော့ “ဟုတ်ပါတယ်” တစ်နေ့အဆင်ပြေသွားမှာပါ။

ဘာကြောင့်လဲဆိုတော့ သင့်ဘဝကို ပိုင်တဲ့သူက တခြားသောသူ မဟုတ်ပဲ အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သပြီး အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော သူ၊ ဘုရင်တို့ရဲ့ဘုရင်၊ သခင်တို့ရဲ့သခင် ဖြစ်တော်မူသော ယေရှုခရစ် ဖြစ်သောကြောင့်ဖြစ်ပါတယ်။

နှုတ်ကပတ်တော် တစ်ပိုဒ်က ဘာပြောထားသလဲဆိုရင်

“အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။” ယေရမိအနာဂတ္တိကျမ်း‬ ‭29‬:‭11‬ ‭MSBU‬‬

အာမင်။ ဒီနေ့ သင့်ဘဝအတွက် အကောင်းဆုံး အကြံအစည်နဲ့ ကြံစည်ထားတဲ့ ဘုရားသခင်ထံ သင့်ရဲ့ တစ်နေ့တာ စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း ရှိသမျှကို ပုံအပ်လိုက်ပါ။ ဒီနေ့ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဒီပုံစံအတိုင်းပဲ အမြဲတမ်းဖြစ်နေမှာမဟုတ်ပါဘူး။

ကျွန်တော်အားပေးပါရစေ၊ “အရှုံးကိုတွေ့နေရသ၍ သင့်ဘဝရဲ့ အဆုံးမဟုတ်ပါဘူး။” မိတ်ဆွေ ရေ။

အချိန်ရာသီတွေဟာ တရွေ့ရွေ့ပြောင်းလဲသလိုပဲ သင့်ဘဝအခြေအနေတွေဟာလည်း ပြောင်းလဲနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်တော့မှ အဆိုးမကြံစည်တဲ့ ဘုရားသခင်က သင့်ကို သိပ်ချစ်တဲ့ ဖခင်ဆိုတာကို မမေ့လိုက်ပါနဲ့။

ကျွန်တော်နဲ့ အတူဆုတောင်းကြပါစို့။

“ဘုရားသခင် ယနေ့ကြုံတွေ့နေရတဲ့ အခြေအနေအလုံးစုံ ကိုယ်တော်၌ အပ်နှံပါတယ်။ ကိုယ်တော်ဟာ ဘယ်တော့မှ အဆိုးမကြံစည်ကြောင်း စိတ်ချပါတယ် ဘုရားသခင်။ ကျွန်ုပ်အား ငြိမ်သက်ခြင်းကိုပေးပါ။ ဘဝတစ်ခုလုံး ကိုယ်တော်၌ စိတ်ချစွာ အိပ်နှံတဲ့အခါ ယေရှုနာမ၌ အပ်နှံပါ၏။” အာမင်

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။