• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၄ လိုင် ၂၀၂၆

ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ !

ထုတ်ဝေသည့်ရက်စွဲ ၀၄ လိုင် ၂၀၂၆

မိတ်ဆွေ ရေ...

ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်များကို လေ့လာရင်း ဆက်လက် တည်ဆောက်သွားကြမှာ ဖြစ်ပါတယ် ။

ကျမတို့ လူသားတွေမှာ ခန္ဓာကိုယ် ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ရသလိုပဲ စိတ်ပျက်အားလျော့တဲ့အချိန်မှာ ယုံကြည်ခြင်း ခိုင်ခံ့ဖို့လည်း လေ့ကျင့်ခန်း လုပ်ရပါမယ်။ တခါတလေမှာ ဘာမှမလုပ်ချင်လောက်အောင် အင်အားကုန်ခမ်းပြီး ယုံကြည်ခြင်းဆိုတာ ကို အစအန ရှာမတွေ့လောက်အောင် မှေးမှိန်သွားတတ်ပါတယ် …

ဒီလို အခြေအနေမျိုးမှာ ပြန်လည်ပြီး ယုံကြည်ခြင်း အားကြီး လာစေဖို့ လေ့ကျင့်ရပါမယ် မိတ်ဆွေ! 

ဒါဝိဒ်ဟာ ဝက်ဝံတွေ၊ ခြင်္သေ့တွေကို တိုက်ခိုက်ရင်း လေ့ကျင့်ခဲ့လို့ ဂေါလျတ်ရှေ့ကို ရောက်တဲ့အခါလည်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လေ့ကျင့်မှုမရှိရင် အောင်မြင်မှုဆိုတာ လည်း မရှိနိုင်ပါဘူး ။ 

ကျွန်မတို့က ယုံကြည်ခြင်းကို လေ့ကျင့်ရတဲ့ အခါ အရာခပ်သိမ်း အဆင်ပြေချောမွေ့နေတဲ့ အချိန်မှာ မဟုတ်ပဲ လမ်းစပျောက်တဲ့ အချိန် ၊ ကူရာမဲ့သလို ခံစားရတဲ့အချိန်မှာပဲ လေ့ကျင့်ရတာ ဖြစ်ပါတယ် ။ ယုံကြည်ခြင်းဆိုတာ မမြင်သေးတဲ့ အရာကို သိမှတ်စွဲလမ်းခြင်းပဲ မဟုတ်ပါလား ! ဟေဗြဲ ၁၁:၁

ဒါကြောင့် စိတ်ပျက်အားလျော့နေတဲ့ အချိန်က ယုံကြည်ခြင်း အားကြီးလာဖို့အတွက် လေ့ကျင့်ခံနေရတဲ့ အခြေအနေ မျိုးပါပဲ မိတ်ဆွေ ရေ...

ယုံကြည်ခြင်းမှာ အားကြီးလာဖို့အတွက် ဒီလိုစတင်လေ့ကျင့်လိုက်ပါ ။

နှုတ်ကပါတ်တော်ကို များများ ဝန်ခံပါ …

ဆုတောင်းခြင်း အားကြီးလိုက်ပါ …

မျက်ရည်ကျလျက်ပင် ချီးမွမ်းလိုက်ပါ …

သင်မသိသေးတဲ့ နောက်ကွယ်က ဘုရားရဲ့ လက်တော်က မကြာခင်မှာ ထင်ရှား လာတာကို ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်

မိတ်ဆွေ ရေ…

ကောင်းခြင်း ၊ ဆိုးခြင်း အပေါ် အခြေခံပြီး သင့်ယုံကြည်ခြင်းကို မတည်ဆောက်လိုက်ပါနဲ့နော် ! ဘုရားသခင်ကတော့ သင့်အတွက် မကောင်းသော အကြံကို မကြံပါဘူး ။

သင်မခံစားရတိုင်း ဘုရားက အတူမရှိနေတာ မဟုတ်ပါဘူး … ခံစားချက်တွေနဲ့လည်း ယုံကြည်ခြင်းကို မတည်ဆောက်လိုက်ပါနဲ့ ! ဒါလေးကို အတူတကွ ဝန်ခံကြရအောင် ! 

“ကျွန်ုပ်သည် ဘုရားသခင်၏ သားသမီးဖြစ်သည် ! နှုတ်ကပတ်တော်သည် ကျွန်ုပ်၌တည်သဖြင့် ဒီအခြေအနေကို အောင်မြင်ပြီ !  ကျွန်ုပ်သည်အခြေအနေပေါ် မမူတည်ပဲ ဘုရားသခင်ကို ယုံကြည်နိုင်သောသူ ဖြစ်သည်” ! 

မိတ်ဆွေ ရေ...

“လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​ကြ​သည်​ဖြစ်၍၊ ဘုရား​သ​ခင်​၏​နှုတ်​ကပတ်​တော်​သည် သင်​တို့၌ တည်​သ​ဖြင့်၊ သင်​တို့​သည် ထို​ဆိုး​ညစ်​သော​သူ​ကို အောင်​ကြ​ပြီ။”

၁ ယောဟန် 2:14 JBMLE

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။