• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၃ လိုင် ၂၀၂၆

အရာအားလုံး အချိန်တန်ရင် ပြန်လည်လှပလာလိမ့်မယ် … 

ထုတ်ဝေသည့်ရက်စွဲ ၀၃ လိုင် ၂၀၂၆

မိတ်ဆွေ  ရေ…

ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်များကို ဆက်ပြီး လေ့လာရင်း တည်ဆောက်သွားကြမှာ ဖြစ်ပါတယ် ။

ကျမတို့ လူသားတွေရဲ့ ဘဝမှာ စိတ်ဖိစီးရတာဟာ စိတ်မရှည်နိုင်လို့ ဖြစ်တတ်ပါတယ်။

ဥပမာ - အခုပဲ Gym ဆော့ပြီး အခုပဲ ကြွက်သား ကြီးမားချင်လို့မရပါဘူး ။ သင်ကြွက်သားမထွက်သေးတာဟာ သင့်ကြွက်သားတွေ အားနည်းနေလို့ မဟုတ်ပါဘူး ။ လုံလောက်တဲ့ အချိန်မရသေးလို့ပဲ ဖြစ်ပါတယ် ။ 

အဲ့လိုပဲ ကျွန်မတို့ကလည်း အခုပဲ ဆုတောင်း ၊ အခုပဲ ရချင်တယ် ။ ဖြစ်မလာသေးတဲ့အခါ စိတ်ဓာတ်ကျရတာဟာ ဘုရားသခင် မတတ်နိုင်လို့လား ? မဟုတ်ပါဘူး ။ ကျွန်မတို့ စိတ်လောနေတတ်ကြလို့ပဲ ဖြစ်ပါတယ် ။ အရာအားလုံးကို ကျွန်မတို့က ထိန်းချုပ်ချင်တတ်ကြတယ် ။ 

“ငါဖြစ်ချင်တဲ့ အချိန်မှာ ဖြစ်ကို ဖြစ်လာရမယ် 

ဒီအချိန်မှာ ဒီလောက်တော့ ဖြစ်သင့်နေပြီ “ စသဖြင့် သတ်မှတ်ချက်တွေကြားမှာပဲ ပိတ်လှောင်ကြပီး မဖြစ်လာသေးတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ထိုးနှက်တတ်ကြပါတယ် ။ 

စိတ်ရှည်ပါ မိတ်ဆွေ  ရေ…

ဘုရားရဲ့ အချိန်ထဲမှာ ဘယ်အရာကမှ နောက်မကျပါဘူး … 

ဘုရားသခင်ရဲ့ အဖြေဟာ တစ်ခါတရံမှာ လူ့အတွေးအခေါ်နဲ့ စဉ်းစားပြီး နောက်ကျတော့မှာလားလို့ ထင်ရပေမယ့် ဘယ်တော့မှ အချိန်မနှောင်းပါဘူး ။ 

အခုချက်ချင်း အခြေအနေတွေ မပြောင်းလဲသေးရင်တောင် ဘုရားသခင်ကိုဆက်ပြီး ယုံပါ ။ လူသားတစ်ယောက်အနေနဲ့ အရာအားလုံးကို မထိန်းချုပ်နိုင်ပါဘူး …

ဒီနေ့မှာ သင့်အနေနဲ့ စိတ်ပျက်အားလျော့ခြင်းအလယ်မှာ စောင့်ဆိုင်းနေရရင်တောင် ဘုရားသခင်ကိုပဲ ဆက်ပြီး ယုံကြည်ပါ မိတ်ဆွေ  ရေ…

သင့်အတွက် ကောင်းကြီးမင်္ဂလာတွေဟာ လမ်းမှာ ရောက်နေပါပြီ။ ကိုယ်တော့်အနားမှာပဲ ဖက်တွယ်နေလိုက်ပါ ။ ကိုယ်တော်ဟာ သင့်အနားမှာ အမြဲရှိနေပြီး ခပ်သိမ်းသောအရာတို့ကို အချိန်တန်တဲ့အခါ လှပစွာ ဖန်ဆင်းပေးမည့်ဘုရား ဖြစ်ပါတယ်။

“ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​လျှင် လှပ​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။”

ဒေသနာ 3:11 JBMLE

မိတ်ဆွေ ရေ...

ဒီနေ့မှာ အခြေအနေတွေကို နားမလည်နိုင်သည့်တိုင်အောင် စိတ်ပျက်အားလျော့မသွားဘဲ ရှေ့ကို ရဲဝံ့စွာ လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါ ။

ပြန်လည်လှပစေသော ဘုရားလက်တော်ထဲသို့ အရာခပ်သိမ်းကို ပေးလိုက်ပါ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။