• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၂ လိုင် ၂၀၂၆

ရူပါရုံအတိုင်း ဆက်ပြီး အသက်ရှင်ပါ!

ထုတ်ဝေသည့်ရက်စွဲ ၀၂ လိုင် ၂၀၂၆

မင်္ဂလာပါ မိတ်ဆွေ ရေ...

ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို အတူတကွ ဆင်ခြင်ရင်း ဆက်ပြီး ခွန်အားယူကြရအောင် ! 

ဘုရားသခင်ကို ယုံကြည်တဲ့သူတွေမှာ ဘုရားက သီးသန့် ဖော်ပြပြီး ပေးထားတဲ့ ရူပါရုံတွေရှိပါတယ် ။  မိတ်ဆွေ မှာရော ရှိမယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ် ! 

တခါတလေမှာ ဘုရားသခင် ပေးထားတဲ့ ရူပါရုံတွေဆီ သွားတဲ့အခါ  လမ်းတစ်ဝက်မရောက်ခင်မှာပဲ စိတ်အားလျော့သွားတတ်ကြပါတယ်။ စိတ်ပျက်အားငယ်မှုတွေ လွှမ်းမိုးလာတဲ့အခါ "ငါ့ဘဝမှာ ရူပါရုံဆိုတာအဝေးကြီးမှာပါ” ဆိုပြီး အင်အားကုန်ခမ်း နွမ်းလျနေတတ်ပါတယ်။

ဒီနေ့မှာတော့ “ရွှေလင်းတ” (Eagle) ရဲ့ ဖြစ်ခြင်းက ကျွန်မတို့ကို ပြန်ပြီး ဆင်ခြင်စေပါတယ် ။

ရွှေလင်းတတွေဟာ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ နှုတ်သီးတွေ ကွေးညွတ်ပြီး၊ ခြေသည်းတွေကလည်း အားနည်းလာတယ် ။ ဒါ့အပြင် အတောင်ပံတွေ လေးလံလာပြီး ပျံသန်းဖို့ ခက်ခဲလာတတ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ လက်လျှော့အရှုံးမပေးဘဲ မြင့်မားတဲ့ ကျောက်ဆောင်တောင် တွေပေါ် ပျံသန်းသွားပြီး တိတ်ဆိတ်စွာ ပုန်းအောင်းရင်း နဲ့ နာကျင်ရတဲ့ Process တခုကိုဖြတ်သန်းရပါတယ် ။ အဲ့ဒါကတော့ အတောင်ပံအသစ်လဲလှယ်တဲ့ အရာပဲ ဖြစ်ပါတယ် ။ 

သူတို့ဟာ အားမရှိတော့တဲ့ နှုတ်သီးဟောင်းကို ကျောက်ဆောင်နဲ့ ရိုက်ချိုးတယ်၊ ခြေသည်းဟောင်းတွေကို နုတ်ပစ်ပြီး အတောင်ပံဟောင်းတွေကို ဖဲ့ချပစ်ပါတယ်။ အဲ့ဒီလို တိတ်ဆိတ်ပြီး နာကျင်ခြင်းကာလကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့… နှုတ်သီးသစ်၊ ခြေသည်းသစ်နဲ့ အတောင်ပံသစ်တွေ ပြန်လည်ထွက်ပေါ်လာပြီး ယခင်ကထက် ပိုမိုမြင့်မားစွာ၊ ရဲဝံ့စွာနဲ့ ပြန်လည်ပျံသန်းကြပါတော့တယ်။

ရွှေလင်းတဟာ နာကျင်ရတဲ့ အချိန်အပိုင်းအခြားကြားထဲမှာ ဝှက်ထားတဲ့ အသစ်သောခွန်အား ကို ရယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်မတို့ကလည်း စိတ်ပျက်အားလျော့နေတဲ့ အမှောင်ထုကြားထဲမှာ ရောက်နေရင်တောင် ကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါ ။ 

လောကကြီးထဲမှာ ညည်းညူခြင်းဆိုတဲ့ နှုတ်ကို ပိတ်ပြီး ချီးမွမ်းခြင်းဆိုတဲ့ နှုတ်ကို ဖွင့်ပါ ။ သင့်ကို ဘုရားပေးထားတဲ့ ရူပါရုံ နဲ့ ဖြစ်ခြင်းကို မမေ့လိုက်ပါနဲ့ ။ သင့်ရဲ့ ခနတာ အနားယူရခြင်း ၊ ငြိမ်ဝပ်ရခြင်း ၊ နာကျင်ရခြင်းဟာ အမြင့်ဆုံးသော တောင်ထိပ်ကို ပျံသန်းနိုင်ဖို့ အားယူနေတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ် ။ 

သင့်ရဲ့ ရူပါရုံတွေကို သင်ကိုယ်တိုင် လွှတ်မချလိုက်ပါနဲ့ မိတ်ဆွေရေ …

သင့်ရဲ့ ဘုရားသခင်ကို ဆက်လက်ကိုးစားပါ။ ဘုရားသခင်ဟာ သင့်ရဲ့ ဘဝကို အရင်ကထက် ပိုမိုမြင့်မားတဲ့နေရာသို့ ပျံသန်းစေမယ့် ဘုရားဖြစ်ပါတယ်။

မိတ်ဆွေ ရေ... နှုတ်ကပတ်တော်က ဒီနေ့ သင့်ကို ခွန်အားပေးနေပါတယ် … 

“ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။”

‭‭ဟေရှာယ‬ ‭40‬:‭31‬ ‭JBMLE‬‬

ဘုရားပေးထားတဲ့ ရူပါရုံကို လွှတ်မချလိုက်ပါနဲ့  🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။