ဆက်ပြီးချစ်နေလိုက်ပါ!
မိတ်ဆွေ ရေ…
ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်များကို လေ့လာရင်း တည်ဆောက်သွားကြမှာ ဖြစ်ပါတယ် ။
ကျမတို့ လူသားတွေမှာ စိတ်အားကြီးတဲ့ အချိန်ရှိသလို စိတ်အားလျော့တဲ့ အချိန်လည်းရှိတတ်ပါတယ် ။အဲ့ဒီအချိန်မှာတော့ ဘယ်သူနဲ့မှ စကားမပြောချင်တော့လောက်အောင် အင်အား မရှိတော့သလို ခံစားရနိုင်ပါတယ်။
ဒီနေ့မှာတော့ “Facing The Giants” (လူထွားကြီးများကို ရင်ဆိုင်ခြင်း) ဆိုတဲ့ ရုပ်ရှင်ထဲက အကြောင်းအရာလေးကို ပြန်ပြီး ဆင်ခြင်မိပါတယ် ။
အဲဒီရုပ်ရှင်ထဲက အခန်းတစ်ခန်းမှာ ဇာတ်လိုက်မင်းသားရဲ့ ဇနီးသည်ဟာ ကိုယ်ဝန်ရချင်လို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အတွက် ဒီတစ်ခါမှာတော့ ဆရာဝန်ဆီကနေ ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းကောင်းကို ကြားရဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ အဖြေကတော့ ထုံးစံအတိုင်း "ကိုယ်ဝန်မရှိပါဘူး" ဆိုတဲ့ အနှုတ်လက္ခဏာအဖြေပဲ ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ဝင်ခန်းကိုကြည့်မယ်ဆိုရင် အဲဒီ့အမျိုးသမီးရဲ့ မျက်ရည်တွေကြားထဲမှာ စိတ်ပျက်ဝမ်းနည်းမှုတွေကို ကျွန်မတို့ အတိုင်းသား မြင်တွေ့ခံစားရမှာပါ။ ဒါပေမဲ့ အဲဒီလို ပူဆွေးသောကရောက်နေတဲ့ ကြားကနေပဲ သူမဟာ ကောင်းကင်ကို မျက်နှာမူပြီး ဒီစကားကို ပြောခဲ့ပါတယ် ။
“ဘုရားသခင် ... ကျွန်မ ကိုယ်တော်ကို ဆက်ပြီး ချစ်နေဦးမှာပါ။ ကိုယ်တော်ကို ဆက်ပြီး ချစ်နေဦးမှာပါ” တဲ့။
ဒီလိုယုံကြည်ခြင်းမျိုးဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ အတိုင်းအဆမရှိ အဖိုးတန်လှပါတယ်။ ဒါဟာ "ဘုရားသခင်... ကျွန်မ နားမလည်နိုင်ပါဘူး၊ နှလုံးသားလည်း အကြီးအကျယ် နာကျင်ရပါတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မ ကိုယ်တော့်အပေါ် သစ္စာရှိနေမှာပါ။ ယေရှုဘုရား... ကိုယ်တော်ကို ဆက်ချစ်ပြီး ကိုးကွယ်နေဦးမှာပါ " လို့ ပြောလိုက်တဲ့ ယုံကြည်ခြင်းမျိုး ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘုရားသခင်ဆီက ကောင်းကြီးတွေကြောင့်မဟုတ်ပဲ ဘုရားသခင်ရဲ့ တည်ရှိမှုအပေါ်မှာတင် အကြွင်းမဲ့ ချစ်မြတ်နိုးကြောင်း သက်သေပြလိုက်တာပါပဲ။
ဒီနေ့မှာ သင့်အနေနဲ့ အခြေအနေတွေကို နားမလည်နိုင်အောင် ဖြစ်နေရင်တောင် ကိုယ်တော့်ကို ဆက်ပြီး ချစ်နေပါ [FNAME] ရေ…
သင့်ရဲ့ ဘုရားသခင်ကို ဆက်ပြီး ချစ်ပါ။ ဘုရားသခင်ကိုပဲ ဖက်တွယ်ပါ ။ ကိုယ်တော်ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင့်အတွက် ထူးခြားတဲ့အမှုသစ်များစွာပြင်ဆင်ပေးထားတဲ့ဘုရား ဖြစ်ပါတယ်။
မိတ်ဆွေရေ...
“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ဆာလံ 46:1 JBMLE
ဒီနေ့မှာ အခြေအနေများကို နားမလည်နိုင်သည့်တိုင်အောင် ဘုရားသခင်ကိုပဲ ဆက်လက်ရွေးချယ်နေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါ ။
ဘုရားသခင်ကို ဆက်ပြီး ချစ်လိုက်ပါ 🤍