• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၃၀ ဇွန် ၂၀၂၆

အောင်မြင်ကျော်လွှားရမယ့် အချိန်ရောက်ပြီ!

ထုတ်ဝေသည့်ရက်စွဲ ၃၀ ဇွန် ၂၀၂၆

မိတ်ဆွေ  ရေ…

ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပတ်တော်များကို ဆက်ပြီး ဆင်ခြင်သွားကြရအောင်။

ကျွန်ုပ်တို့ရဲ့ ဘဝလမ်းခရီးမှာ ဘုရားသခင် ပြင်ဆင်ထားတဲ့ ရူပါရုံဆီ လျှောက်လှမ်းတဲ့အခါ မျှော်လင့်မထားတဲ့ အခက်အခဲတွေ၊ ဝိညာဉ်ရေးရာ တိုက်ပွဲတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတရံမှာ စိတ်ပျက်အားလျော့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ လွှမ်းမိုးလာပြီး ဘယ်သူနဲ့မှ စကားမပြောချင်လောက်အောင် အင်အားကုန်ခမ်းပြီး "ငါ့ဘဝကတော့ ဒီနေရာမှာပဲ ရပ်တန့်သွားရတော့မှာလား" ဆိုပြီး စိတ်ပျက်အားငယ်မိတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးမှာပါ။

ဒီနေ့မှာတော့ “Snowdrop” ဆိုတဲ့ ပန်းကလေးတွေရဲ့ အကြောင်းကို ပြန်လည်ဆင်ခြင်မိပါတယ်။

အရမ်းအေးမြတဲ့ တိုင်းပြည်တွေမှာ ဆောင်းရာသီကုန်ခါနီးအချိန်ဆိုရင် အရာအားလုံးဟာ နှင်းထုအောက်မှာ အေးခဲပြီး ရပ်တန့်နေတတ်ပါတယ်။ ဒါပေမဲ့ အားလုံး အေးခဲတိတ်ဆိတ်နေတယ်လို့ ထင်ရတဲ့ ထိုအချိန်မှာပဲ “Snowdrop” ပန်းကလေးတွေဟာ မမျှော်လင့်ဘဲ အေးစက်လှတဲ့ နှင်းလွှာတွေကို ဖောက်ထွက်ပြီး အစိမ်းရောင်အနွယ်ခက်ကလေးတွေအဖြစ် ဝေဆာစွာ ထွက်ပေါ်လာတတ်ကြပါတယ်။

ဒီသဘာဝတရားကို ကြည့်ခြင်းအားဖြင့် အေးခဲနေတဲ့ နှင်းထုတွေရဲ့ အောက်မှာ အသက်ရှင်ခြင်းတန်ခိုးဟာ တိတ်တဆိတ် အလုပ်လုပ်နေတာကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် အခုလို ခက်ခဲကျပ်တည်းတဲ့ အခြေအနေတွေရဲ့ ကြားကနေပဲ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ အခုလို ဝန်ခံကြည့်ကြရအောင်။

"ယေရှုဘုရား… ကိုယ်တော်ဟာ လောကကို အောင်မြင်တော်မူသောဘုရား ဖြစ်ပါတယ်။ ကိုယ်တော်သည် ကျွန်ုပ်၏ရှေ့က ကြွသွားတော်မူပြီဖြစ်သောကြောင့် ကျွန်ုပ်၏ရှေ့ဆက်ရမယ့်လမ်းကို အဘယ်အရာကမျှ တားဆီးပိတ်ပိတ်လို့ မရနိုင်ပါ။ ဒီနေ့မှာ အသက်ရှင်ခြင်းနဲ့ လှပခြင်း တန်ခိုးတော်ဟာ ကျွန်ုပ်အထဲကနေ ထွက်ပေါ်လာတော့မှာဖြစ်လို့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်" 

ကဲ … မိတ်ဆွေ  ရေ… သင်ဟာ အေးခဲခြင်း အခက်အခဲတွေကြားထဲမှာပဲ ထာဝရပိတ်မိနေမယ့်သူ မဟုတ်ပါဘူး။ သင့်ကို ဘုရားသခင်က ခွန်အားနဲ့ ပတ်ရစ်ပေးထားပြီးဖြစ်လို့ မကြာခင်မှာ လှပစွာနဲ့ ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ သင့်အထဲမှာ အခက်အခဲမှန်သမျှကို အောင်မြင်ကျော်လွှားနိုင်မယ့် ခွန်အားကို ဘုရားရှင်က ထည့်သွင်းပေးထားပြီးသားပါ။

မိတ်ဆွေ  ရေ... နှုတ်ကပတ်တော်က အခုလို ခွန်အားပေးထားပါတယ်။

“သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။”

(ရှင်ယောဟန် ၁၆:၃၃)

ဒီနေ့မှာ သင့်ရဲ့ နှလုံးသားကို ဘုရားသခင်ရှေ့မှောက်မှာ လုံးလုံးလျားလျား အပ်နှံလိုက်ပါ။ ယေရှုဘုရားနဲ့အတူ အရာရာကို ကျော်ဖြတ်နိုင်တယ်ဆိုတာကို ယုံကြည်ပြီး ရှေ့ဆက်ဖို့ ရဲဝံ့စွာ ဆုံးဖြတ်ချက်ချလိုက်ပါ။

သင်ဟာ ယေရှုခရစ်တော်အားဖြင့် အစဉ်အမြဲ အောင်မြင်သောသူ ဖြစ်ပါတယ်။ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။