ဆက်ပြီးချစ်နေလိုက်ပါ!
မိတ်ဆွေ ရေ…
ဒီတစ်ပါတ်တာမှာ “စိတ်ပျက်အားလျော့ခြင်းအားအောင်မြင်ခြင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်များကို လေ့လာရင်း တည်ဆောက်သွားကြမှာ ဖြစ်ပါတယ် ။
ကျမတို့ လူသားတွေမှာ စိတ်အားကြီးတဲ့ အချိန်ရှိသလို စိတ်အားလျော့တဲ့ အချိန်လည်းရှိတတ်ပါတယ် ။အဲ့ဒီအချိန်မှာတော့ ဘယ်သူနဲ့မှ စကားမပြောချင်တော့လောက်အောင် အင်အား မရှိတော့သလို ခံစားရနိုင်ပါတယ်။
ဒါပေမယ့် အဲ့လို အခြေအနေမျိုးမှာ ကျွန်မတို့ကို ဘုရားသခင် ချစ်သလို ကျွန်မတို့ ဘုရားသခင်ကို ဆက်ပြီး ချစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းက ပြန်လည်ဆင်ခြင်စရာဖြစ်ပါတယ် ။
အမှန်တော့ ကျွန်မတို့အတွက် ကိုယ်တိုင် အင်အား မရှိတော့တဲ့ အချိန်မှာ သူတပါးကို ချစ်ပေးဖို့ မလွယ်ကူပါဘူး ။
ဒါပေမယ့် ဘုရားသခင်ကို ချစ်ခြင်းကိုပဲ ဆက်လက်ရွေးချယ်ဦးမယ် ဆိုရင် သင်ဟာ ခွန်အားလျော့နည်းတဲ့သူ အဖြစ်ကနေ ပြန်လည်ပြီး ခွန်အားနဲ့ ပြည့်စုံလာမှာပါ ။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ အချစ်က သင်ပေးနိုင်တဲ့ အချစ်ထက် ပိုပြီး ကြီးမားနေလို့ပဲ ဖြစ်ပါတယ် ။
တခါတလေ အဆိုးရွားဆုံး အခြေအနေတွေကို ရင်ဆိုင်ရရင်တောင် "ဘုရားသခင်... ကျွန်ုပ် နားမလည်နိုင်ပါဘူး၊ နှလုံးသားလည်း အကြီးအကျယ် နာကျင်ရပါတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်ုပ် ကိုယ်တော့်အပေါ် သစ္စာရှိနေမှာပါ။ ယေရှုဘုရား... ကိုယ်တော်ကို ဆက်ချစ်ပြီး ကိုးကွယ်နေဦးမှာပါ " လို့ ဘုရားသခင်ကို ပြန်လည်တုံ့ပြန်ဖို့ ရွေးချယ်လိုက်ပါ ။ မိတ်ဆွေ က … ဘုရားသခင်ဆီက ကောင်းကြီးတွေကြောင့်မဟုတ်ပဲ ဘုရားသခင်ရဲ့ တည်ရှိမှုအပေါ်မှာတင် အကြွင်းမဲ့ ချစ်မြတ်နိုးကြောင်း ယခုပဲ သက်သေပြလိုက်ပါ …
ဒီနေ့မှာ သင့်အနေနဲ့ အခြေအနေတွေကို နားမလည်နိုင်ရင်တောင် ဘုရားသခင်ကို ဆက်ပြီး ချစ်နေပါ မိတ်ဆွေ ရေ…
သင့်ရဲ့ ဘုရားသခင်ကို ဆက်ပြီး ချစ်ပါ။ ဘုရားသခင်ကိုပဲ ဖက်တွယ်ပါ ။ ကိုယ်တော်ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင့်အတွက် ထူးခြားတဲ့အမှုသစ်များစွာပြင်ဆင်ပေးထားတဲ့ဘုရား ဖြစ်ပါတယ်။
မိတ်ဆွေ ရေ...
“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ဆာလံ 46:1
ဒီနေ့မှာ အခြေအနေများကို နားမလည်နိုင်သည့်တိုင်အောင် ဘုရားသခင်ကိုပဲ ဆက်လက်ချစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါ ။
ဘုရားသခင်ကို ဆက်ပြီး ချစ်လိုက်ပါ 🤍