သင်ဟာ သင်ထင်ထားတာထက် ထူးခြားသောသူ
မိတ်ဆွေ၊ သင့်အနေနဲ့ ယေရှုခရစ်တော် ပိုင်ဆိုင်တဲ့ အခွင့်အာဏာမျိုးကို ရယူအသုံးပြုနိုင်ခွင့် ရှိတယ်ဆိုတာ သိပါသလား? ဒါဟာ အံ့ဩစရာကောင်းတဲ့ သတင်းကောင်းပဲ မဟုတ်ဘူးလား။
ယေရှု၏ နာမတော်ဟာ တန်ခိုးကို သယ်ဆောင်ထားပြီး ထိုနာမတော်အားဖြင့်လည်းကောင်း၊ ယေရှုခရစ်တော်၌လည်းကောင်း ကျွန်တော်တို့ဟာ အခွင့်အာဏာကို ရရှိထားကြတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ကျွန်တော်တို့ကို ဒီလိုပြောထားပါတယ်-
“ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-”
ရှင်ယောဟန် 1:12 JBMLE
ကျွန်တော်တို့မှာ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့်အရေး၊ တန်ခိုးနဲ့ အခွင့်အာဏာ ရှိထားပြီးသားဖြစ်လို့ အဲ့အတိုင်း အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ယေရှုလိုပဲ ဖျားနာသူတွေကို ကျန်းမာစေဖို့၊ ဆိုးယုတ်တဲ့အရာတွေကို နှင်ထုတ်ဖို့နဲ့ ဘုရားသခင်၏ နိုင်ငံတော်ကို သာ၍ ကျယ်ပြန့်စေဖို့ အလိုတော်ရှိပါတယ်။
အခွင့်အာဏာဟာ တာဝန်ယူစိတ်နှင့်အတူ တိုးပွါးလာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ သစ္စာရှိမှု ပိုမိုကြီးမားလေလေ၊ ဘုရားသခင်ဟာ ကျွန်တော်တို့အပေါ် သာ၍ကြီးမားတဲ့ အခွင့်အာဏာကို အပ်နှံလေလေ ဖြစ်ပါတယ်။ ထိုအခွင့်အာဏာကို ဘုရားသခင်က ကျွန်တော်တို့ရဲ့ အနားမှာရှိတဲ့သူတွေအတွက် အသုံးပြုဖို့ အပ်နှံထားခြင်း ဖြစ်ပါတယ်... ဖျားနာခြင်းဝေဒနာ ခံစားနေရတဲ့ အိမ်နီးနားချင်းအတွက်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားလာဖို့ လိုအပ်နေတဲ့ မိမိတို့ရဲ့ သားသမီးအတွက်ဖြစ်စေပေါ့။
မိတ်ဆွေ၊ သင့်အနေနဲ့ အဖခမည်းတော်ရဲ့ အလိုတော်အတိုင်း အခြားသူများကို အစေခံဖို့ ဆုံးဖြတ်လိုက်တဲ့ အခါတိုင်းမှာ... ဘုရားသခင်ဟာ သင့်အားဖြင့် ဘုန်းထင်ရှားတဲ့ အခွင့်ကို ဘုရားသခင်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် သင်ဟာ သင်ထင်ထားတာထက် ထူးခြားသောသူဖြစ်ပါတယ်။ သင်ကိုယ်တိုင်က ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။!