• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၆ ဇွန် ၂၀၂၆

ပြန်လာခဲ့ပါ

ထုတ်ဝေသည့်ရက်စွဲ ၂၆ ဇွန် ၂၀၂၆

သမ္မာကျမ်းစာထဲမှာ အစားအစာ၊ စားပွဲတော်နဲ့ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာတွေကို ခဏခဏ တွေ့ရတတ်ပြီး ယေရှုကိုယ်တော်တိုင်လည်း ဒီလို မိဿဟာယဖွဲ့တဲ့ အချိန်တွေကို အလွန်နှစ်သက်တာတွေ့ရပါတယ်။ ယေရှုဟာ အခွန်ခံများနှင့်အတူ စားပွဲမှာ ထိုင်တာတွေ၊ တပည့်တော်တွေနဲ့အတူ နောက်ဆုံးညစာကို အတူတူသုံးဆောင်တာတွေ၊ အရေးပါသော လူထုခေါင်းဆောင်များနှင့်အတူ အစာစားတာတွေ စသည်ဖြင့် ကျွန်တော်တို့ တွေ့ရပါတယ်။

မာသက ဧည့်ခံကျွေးမွေးဖို့ အသည်းအသန် ပြင်ဆင်နေချိန်မှာ သူမရဲ့ညီမ မာရိက ယေရှုရဲ့ခြေတော်ရင်းမှာ ထိုင်ပြီး စကားတော်ကို နားထောင်နေတဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကို မှတ်မိပါသလား? ဧည့်ခံကျွေးမွေးရေး အစီအစဉ်တွေကြားမှာ စိတ်ရှုပ်ထွေးပြီး ဝန်ပိနေတဲ့ မာသက သူမရဲ့ညီမ ထပြီး ဝိုင်းကူညီပေးဖို့ ယေရှုကို လာရောက်ပြောဆိုခဲ့ပါတယ်။ အဲ့အချိန်မှာ ယေရှုက ဒီလို ပြန်လည်ပြောခဲ့ပါတယ်-

“ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။- မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။” ရှင်လုကာ‬ ‭10‬:‭41‬-‭42‬ ‭JBMLE‬‬

မာရိဟာ သာ၍ကောင်းတဲ့အရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ အဆင်သင့်ရှိနေပြီး ဝိညာဉ်ကို ပြည့်ဝစေမယ့် ယေရှုရဲ့ စကားတော်ကို အာရုံစိုက် နားထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာလည်း မာသလိုပဲ ခေတ္တရပ်နားပြီး ဘုရားသခင်၏ စကားသံကို အာရုံစိုက်ရမယ့်အစား အမှုအရာများစွာကို ကိုယ်တိုင်လိုက်လံ စီမံခန့်ခွဲချင်နေမိတတ်ကြပါတယ်။ မာသလိုပဲ... မတည်မြဲတဲ့ လောကီစိုးရိမ်ပူပန်မှုတွေအတွက် အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးပစ်မိတတ်ကြပါတယ်။

ဒီကနေ့မှာတော့ အဖခမည်းတော်နဲ့ ထူးခြားဆန်းပြားစွာ မိဿဟာယဖွဲ့နိုင်တဲ့ "အဖေ့ရဲ့ စားပွဲတော်" ဆီသို့ ပြန်လာခဲ့ပါ။ သင့်ရဲ့ ဆိတ်ငြိမ်ရာအချိန်တွေမှာ ဘုရားသခင်ဟာ သင့်ကို သူ့နှလုံးသားနဲ့ ပိုမိုနီးကပ်စေချင်ပြီး သင့်အား ဖော်ပြချင်တဲ့ အရာတွေကို မျှဝေပေးချင်နေတာ ဖြစ်ပါတယ်။

မိတ်ဆွေ ၊ ကျွန်တော်တို့ နှလုံးသားချင်းဆက်ပြီး အတူတူ ဆုတောင်းကြရအောင်... “ဘုရားသခင်... ကျွန်ုပ်တို့ တစ်ခါတစ်ရံမှာ အလုပ်အကိုင်၊ မိသားစုအသက်တာ စတဲ့ အမှုအရာတွေကြားမှာ အလွန်အမင်း စိတ်ရှုပ်ထွေး ဝန်ပိနေမိတတ်လို့ ကိုယ်တော်နဲ့အတူ အချိန်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ယခုမှာတော့ ကျွန်ုပ်အား ခွန်အားနဲ့ အသက်ကို ပေးမယ့် ကိုယ်တော်ရဲ့ စကားတော်ကို ခံယူဖို့ ကိုယ်တော်ရဲ့ ခြေတော်ရင်းတည်းဟူသော စားပွဲတော်ဆီသို့ ပြန်လာဖို့ ရွေးချယ်ပါတယ်။ ကိုယ်တော်ရဲ့ မျက်မှောက်တော်အတွက် ကျေးဇူးတင်ပါတယ်။ နေ့ရက်စဉ်တိုင်း ကိုယ်တော့်ကို ပိုမိုရှာဖွေတတ်ဖို့နဲ့ ကိုယ်တော်၏မျက်မှောက်တော်ကို သာ၍မြတ်နိုး တန်ဖိုးထားတတ်ဖို့ သွန်သင်ပေးတော်မူပါ။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။