• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၃ ဇွန် ၂၀၂၆

သင်ဟာ ကြောက်ရွံ့ခြင်းရဲ့ “ကျွန်” မဟုတ်တော့ပါဘူး!

ထုတ်ဝေသည့်ရက်စွဲ ၂၃ ဇွန် ၂၀၂၆

မိတ်ဆွေ  သင်ဟာ ကြောက်ရွံ့စိတ်တွေကြောင့် မကြာခဏဆိုသလို ရှေ့မဆက်နိုင်ဘဲ တုန်လှုပ်နေပါသလား?

တစ်ယောက်တည်းကျန်ခဲ့မှာကို ကြောက်တဲ့စိတ်၊ ကိုယ့်ရဲ့ သက်တောင့်သက်သာရှိတဲ့ဇုန် (Comfort Zone) ကနေ ရုန်းထွက်ရမှာ ကြောက်တဲ့စိတ်၊ တခြားနေရာတွေမှာ ပညာသင်ကြားဖို့ မိသားစုနဲ့ ခွဲခွါရမှာကို ကြောက်တဲ့စိတ်၊ ဒါမှမဟုတ် လူတွေနဲ့တွေ့ရမှာကို ကြောက်တဲ့စိတ် အစရှိသဖြင့် သင်ကြုံတွေ့နေရပါသလား?

သမ္မာကျမ်းစာကတော့ ဒီလို အတိအလင်း ကြေညာထားပါတယ်-

“အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-”ရောမ‬ ‭8‬:‭15‬ ‭JBMLE‬‬

အကြောက်တရားကနေ မိမိကိုယ်ကိုယ် ဘုရားသခင်ရဲ့ သားသမီးဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုဆီကို ကူးပြောင်းခြင်းဟာ တကယ့်ကို တန်ခိုးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ်! ဒါပေမယ့် ဒါကို သင့်ရဲ့ အစွမ်းသတ္တိအားဖြင့်တော့ ရနိုင်မှာ မဟုတ်ပါဘူး။ သင်နဲ့အတူရှိတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ သင့်ကို မစဖို့ရန် အဆင်သင့် ရှိနေပါတယ်။

ကြောက်ရွံ့ခြင်းကို တိုက်ထုတ်ဖို့ရန် အရင်ဆုံး သင်လက်ခံရမယ့်အရာက သင့်ဟာ ကြီးမြတ်သော ဖခင်နဲ့အတူရှိတဲ့ ဘုရားသား၊ သမီးဖြစ်တယ်ဆိုတာပါပဲ။ သင့်ရဲ့ ဖြစ်တည်ခြင်းအစစ်အမှန် (Identity) ကို ပိုင်ဆိုင်သောသူဟာ သင့်ဖခင်ဖြစ်တဲ့ ဘုရားသခင်ကိုယ်တိုင်ပါပဲ။ ကြောက်ရွံ့ခြင်း မဟုတ်ပါဘူး။ ယေရှုခရစ်တော်ရဲ့ အသေခံခြင်းကြောင့် ဘုရားသခင်ရှေ့ကို အချိန်တိုင်း နေရာတိုင်းမှာ ရဲရင့်စွာ ချဉ်းကပ်နိုင်ပါတယ်။

ဒါကြောင့် မကြောက်ပါနဲ့! သင့်ကို အမြဲချစ်ပြီး၊ သင့်ကို ကာကွယ်ပေးမယ့် ဘုရားသခင်ရဲ့ အတူရှိခြင်းကို အမြဲသတိရပါ။ သင်ဟာ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ဘုရားသခင်ရဲ့ သား၊သမီးဖြစ်တယ်ဆိုတာကို အမြဲ အောက်မေ့ပါ။

ကြောက်ရွံ့ခြင်းဟာ သင်နဲ့ လုံးဝမသက်ဆိုင်တော့ပါဘူး။ ခရစ်တော်အထဲမှာ သင်ဟာ ရဲရင့်သောသူ၊ တတ်စွမ်းနိုင်သောသူ၊ ငြိမ်သက်သောသူဖြစ်ပါတယ်။ အာမင်။ ဒါကြောင့် ဒီနေ့မှာ ဘုရားပေးတဲ့ ရဲရင့်ခြင်းနဲ့ အစပြုခြေလှမ်းလှမ်းလိုက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာလည်း ယခုပင်လျှင် သင်နဲ့အတူရှိနေပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။