• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၅ ဇွန် ၂၀၂၆

ယုံကြည်ခြင်းနဲ့ ခြေလှမ်းလှမ်းရဲသလား ?

ထုတ်ဝေသည့်ရက်စွဲ ၁၅ ဇွန် ၂၀၂၆

ဒီတစ်ပါတ်မှာတော့ “ရဲရင့်ခြင်းခြေလှမ်းများ” ဆိုတဲ့ ခေါင်းစဉ် နဲ့ နှုတ်ကပါတ်တော်ကို လေ့လာကြမှာ ဖြစ်ပါတယ် ။ 

ဘုရားသခင်ဟာ သူ့ကို ယုံကြည်တဲ့ သားသမီးတွေကို ဆုချရတာ အလွန်နှစ်သက်ပါတယ်။ အထူးသဖြင့် ယုံကြည်ခြင်းနဲ့ ရဲရင့်စွာ ခြေလှမ်းလှမ်းရဲတဲ့သူတွေကို ဘုရားသခင်က ရှာဖွေနေပါတယ်။

မိတ်ဆွေ ကို မေးခွန်းတစ်ခုလောက်မေးချင်ပါတယ် …

အကယ်၍ သင့်မှာ အကန့်အသတ်တွေသာ မရှိဘူး၊ ဆန္ဒရှိတဲ့ အရာကို လုပ်ခွင့်ရမယ် ဆိုရင် ဘာတွေလုပ်ချင်ပါသလဲ? ဥပမာ -

  • သီချင်းခွေ သွင်းတာ 

  • စာအုပ်တစ်အုပ် ရေးတာ

  • မိဘမဲ့ဂေဟာတစ်ခု ဖွင့်တာ

  • အလုပ်သစ် တစ်ခု စတင်ချင်တာ စသဖြင့်ပေါ့။

ကျွန်မတို့ တော်တော်များများဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကြောင့် ဘုရားသခင်ကို ဒုက္ခပေးသလို မဖြစ်စေချင်ကြပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်က လူတွေရဲ့ ငြင်းပယ်ခံရဖူးတဲ့ အတွေ့အကြုံတွေက ကျွန်မတို့ကို ကြောက်ရွံ့စေပြီး ဘယ်သူ့ဆီမှာမှ ဘာမှ မတောင်းဆိုရဲအောင် ၊ ဘာမှမလုပ်ရဲအောင် တားဆီးနေလို့ပါပဲ။ 

ဒါပေမယ့် မိတ်ဆွေ ရေ... ဒါကို သိထားပါ …

ဘုရားသခင်ဟာ သင့်ကို ကောင်းကြီးပေးရတာကို ဝမ်းမြောက်တော်မူပြီး သင့်ကို ဘယ်တော့မှ လည်း ငြင်းပယ်မှာမဟုတ်ပါဘူး!

“ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။” ရှင်ယောဟန်‬ ‭16‬:‭24‬ ‭

ရဲရင့်စွာ တောင်းဆိုလိုက်ဖို့ ရိုးရိုးသားသားပြောရရင် မလွယ်ကူပါဘူး။ ဒါပေမယ့် ဝမ်းမြောက်စရာ သတင်းစကားကတော့ ဘုရားသခင်ဟာ သင့်ကို အစဉ်အမြဲ ဝမ်းမြောက်စေချင်တဲ့ စိတ်ရှည်တဲ့အဖ ဖြစ်ပါတယ်။ ဘုရားသခင်က သင်နဲ့ အတူ ရှိနေပြီး အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဘုရားသခင်ထံ ရဲရင့်စွာ တောင်းလျှောက်လိုက်ပါ၊ ကိုယ်တော်က သင့်ရဲ့ ယုံကြည်နိုင်တဲ့ အရှိန်အဟုန်အတိုင်း ဖြစ်စေပါလိမ့်မယ်။

မိတ်ဆွေ ရေ... ဒီအပတ်မှာ သင်ရရှိမယ့် ကောင်းကြီးတွေကို ယုံကြည်ခြင်းနဲ့ အသုံးချနိုင်ဖို့ ကျွန်မ ဆုတောင်းပေးပါတယ်… 

သင်ဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်! သင့်အဖထံမှာ ရဲရင့်စွာ တောင်းလျှောက်လိုက်ပါ၊ အကောင်းဆုံး ပြင်ဆင်ပေးမယ်ဆိုတာ ယုံကြည်လိုက်ပါ ။ ဘုရားသခင်က သင့်ကို ဝမ်းမြာက်စေပါလိမ့်မယ် ။

ကျွန်မတို့ အတူတကွ ဆုတောင်းကြရအောင်... "အဖဘုရား၊ ကျွန်ုပ်တို့ကို တဖန်ပြန်ပြီး ရဲရင့်ခြင်းရှိဖို့ သွန်သင်ပေးတဲ့ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်အလိုတော်နဲ့အညီ ယုံကြည်ခြင်းခြေလှမ်းလှမ်းရဲဖို့၊ အိပ်မက်မက်ရဲဖို့နဲ့ ကိုယ်တော့်အနီးအပါးကို ချဉ်းကပ်ရဲဖို့ မစတော်မူပါ။ ကိုယ်တော့်နာမတော်သာ ဘုန်းကြီး၍ မင်္ဂလာရှိပါစေ။ ယေရှုနာမတော်၌ ဆုတောင်းပါ၏ ။ အာမင်။"

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။