• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၂ ဇွန် ၂၀၂၆

သင်ဟာ အရေးကြီးသောသူ…

ထုတ်ဝေသည့်ရက်စွဲ ၁၂ ဇွန် ၂၀၂၆

ဒီတစ်ပတ်တာလုံးရဲ့ မက်ဆေ့ခ်ျတွေကိုတော့ ကျွန်တော်ကိုယ်တိုင် အထူးနှစ်သက်လေးစားရတဲ့ ဓမ္မဆရာနဲ့ စာရေးဆရာ John Bevere ရဲ့ *Killing Kryptonite: Destroy What Steals Your Strength* “သင့်ရဲ့ ခွန်အားတွေကို ခိုးယူနေတဲ့အရာတွေကို ဖျက်ဆီးပါ” ဆိုတဲ့ စာအုပ်ကို အခြေခံပြီး နှုတ်ကပတ်တော်လေ့လာနေတာ ဖြစ်ပါတယ်။

စာရေးဆရာ John Bevere က သူ့ရဲ့စာအုပ်ထဲမှာ ခရစ်တော်၏ ကိုယ်အင်္ဂါဟာ ဘယ်လောက်အထိ အရေးကြီးကြောင်း ကျွန်တော်တို့ ပိုမို နားလည်စေဖို့ရန်အတွက် အမေရိကန်ရေတပ်ရဲ့ အထူးကွန်မန်ဒိုစစ်သည်တော်များ (Navy SEAL) ရဲ့ အဖွဲ့အစည်းအကြောင်းကို နမူနာယူပြီး တင်ပြထားပါတယ်။

စာရေးဆရာက သူ့ရဲ့မိတ်ဆွေတစ်ယောက်ရဲ့ အတွေ့အကြုံကို ကိုးကားပြီး Navy SEAL စစ်မြေပြင်ရဲဘော်တွေရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ကို အတိအလင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အထူးသဖြင့် သူ့မိတ်ဆွေ ပြောခဲ့တဲ့ စကားတစ်ခွန်းဟာ  “Navy SEAL စစ်သည်တစ်ယောက် နောက်ဆုံးမှ တွေးမိတဲ့သူဟာ မိမိကိုယ်ကိုယ်ပဲ ဖြစ်တယ်။” (သူတို့ဟာ ရဲဘော်ရဲဘက်တွေအတွက်ပဲ အရင်တွေးကြတယ်)။

John Bevere က ဒီကျမ်းချက်ကိုလည်း ကိုးကားထားပါတယ်-

“ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။-” ‭‭ဖိလိပ္ပိ‬ ‭2‬:‭4‬ ‭

ဒီအချက်ကို နှိုင်းယှဉ်ပြခြင်းအားဖြင့် အောက်ပါ အခြေခံမူတွေကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်-

 * အခြားသူများ၏ အကျိုးစီးပွားကို မိမိအကျိုးစီးပွားထက် ဦးစားပေးပါ။

 * အစေခံတစ်ယောက်ကဲ့သို့ ကျင့်ကြံပြုမူပါ။

 * အခြားသူများကို မိမိထက် သာလွန်အရေးကြီးသည်ဟု မှတ်ယူပါ။

 * တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ဂရုစိုက် စောင့်ရှောက်ကြပါ။

ခရစ်တော်၏ ခန္ဓာကိုယ်တော်ထဲမှာ ကျွန်တော်တို့ဟာ ဤစစ်သည်တော်များကဲ့သို့ ပြုမူလှုပ်ရှားကြလိမ့်မယ်လို့ ဘုရားသခင် ကြိုတင်မြင်ခဲ့ပါတယ်။ 

တစ်နည်းအားဖြင့် တသားတည်းဖြစ်သော အဖွဲ့အစည်း၊ ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် အတူတူ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ အမှန်စစ်စစ်၊ အသင်းအဖွဲ့လိုက် လက်တွဲလုပ်ဆောင်ခြင်းအားဖြင့်သာ ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကာကွယ်စောင့်ရှောက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါဟာ ဒီနေ့ မိတ်ဆွေ နဲ့ ဘာဆိုင်လို့လဲ? သင့်အနေနဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ မိသားစုတည်းဟူသော ခရစ်တော်၏ ကိုယ်အင်္ဂါထဲမှာ သင့်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးလဲဆိုတာကို သတိမပြုမိဘဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ ပါဝင်ရမယ့် သီးသန့်အခန်းကဏ္ဍ၊ သင့်အတွက်သာဖြစ်တဲ့ အခန်းကဏ္ဍ ရှိနေပါတယ်။ အခြားသူ ဘယ်သူမှ သင့်ကိုယ်စား လာရောက်လုပ်ဆောင်ပေးလို့မရနိုင်တဲ့ အမှုဆောင်တဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ 

ယခုပဲ ကျွန်တော်နဲ့  အတူတူ ဆုတောင်းကြပါစို့... “အဖခမည်းတော်... ကိုယ်တော် တည်ဆောက်နေတဲ့ ဒီလှပတဲ့ ခန္ဓာကိုယ်တော်ထဲမှာ ကျွန်ုပ် ဘယ်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို ပြသပေးတော်မူပါ။ တစ်ကိုယ်ကောင်းဆန်စွာ တွေးတောပြုမူခြင်း မရှိဘဲ၊ ခန္ဓာကိုယ်တော်နဲ့အတူ တသားတည်း ရှိနေတတ်ဖို့ သွန်သင်ပေးပါ။ ကိုယ်တော်၏ ကူညီမစမှုအားဖြင့် အခြားသူများအတွက် အကောင်းဆုံးသော စစ်သူရဲတစ်ဦး ဖြစ်လာချင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏ အာမင်။”

မိတ်ဆွေ ၊ သင်ဟာ သခင်ဘုရားအတွက်ရော ဘုရားသခင်ရဲ့ အသင်းတော်အတွက်ပါ အင်မတန် အရေးကြီးသောသူ ဖြစ်ပါတယ်။ ဒီအရာကို ကျွန်တော် ယုံကြည်ပါတယ်။ သင်ကော ယုံကြည်ပါသလား?

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။