• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၁ ဇွန် ၂၀၂၆

သင်ဟာ ခရစ်တော်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်!

ထုတ်ဝေသည့်ရက်စွဲ ၁၁ ဇွန် ၂၀၂၆

"ဂလက်ဒီယေတာ (Gladiator)" ဆိုတဲ့ ရုပ်ရှင်ကို မိတ်ဆွေ ကြည့်ဖူးချင် ကြည့်ဖူးပါလိမ့်မယ်။ အဲဒီရုပ်ရှင်ထဲက ဗိုလ်ချုပ်မက်ဆီးမတ်စ် (General Maximus) က ဘာပြောထားလဲဆိုရင် “အားလုံး တလုံးတဝတည်းဖြစ်အောင် နေကြစို့!” ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ရောမစစ်တပ်ဟာ စစ်ပွဲတွေမှာ အောင်နိုင်ဖို့အတွက် “ရန်သူကို လူစုကွဲအောင် ခွဲထုတ်ခြင်းပြီးသွားတော့မှ ဝင်ရောက်တိုက်ခိုက်ခြင်း” ဆိုတဲ့ ကြောက်မက်ဖွယ် စစ်ဗျူဟာကို သုံးခဲ့ကြပါတယ်။ 

ယေရှုဟာ ဒီဗျူဟာကို ကောင်းကောင်းသိတဲ့အတွက် ဥပမာတစ်ခုအနေနဲ့ ဒီလို မိန့်တော်မူခဲ့ပါတယ်-

“ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-” ‭‭ရှင်မဿဲ‬ ‭12‬:‭25‬

ခန္ဓာကိုယ်မှာ အင်္ဂါအစိတ်အပိုင်းတစ်ခု ဒါမှမဟုတ် တစ်ခုထက်မက ဖျားနာခြင်း၊ ထိခိုက်ယိုယွင်းခြင်း ဖြစ်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားတတ်ပါတယ်။ ဒါဟာ စာရေးဆရာ John Bevere က သူ့ရဲ့ *Killing Kryptonite* စာအုပ်ထဲမှာ ကျွန်တော်တို့ကို သတိပေးထားတဲ့ အချက်လည်း ဖြစ်ပါတယ်။ သင်နဲ့ကျွန်တော်ဟာ အသက်ရှင်တဲ့ “အသင်းတော်” ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ 

မိတ်ဆွေ ၊ အသင်းတော်ဟာ သင့်ရဲ့ ပါဝင်ဆက်ကပ်မှုကို လိုအပ်ပါတယ်။ ဘုရားသခင်ဟာ သင့်ကို သူ့ရဲ့ တန်ခိုးတော်နဲ့ စရိုက်လက္ခဏာကို ပေးထားရုံသာမက၊ ဆုကျေးဇူးတွေနဲ့ အရည်အချင်းတွေကိုလည်း အပ်နှင်းထားပါတယ်။ ဒါဟာ သင့်အတွက်သာမက၊ အဓိကအားဖြင့် အခြားသူတွေအတွက်လည်း ဖြစ်ပါတယ်။ သင့်အသက်တာကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ၊ သင့်ပတ်ဝန်းကျင်ကလူတွေဟာ သင့်ရဲ့ဆက်ကပ်မှုကြောင့် ကောင်းကြီးခံစားရမှာ အမှန်ပါပဲ။ သင် ရောက်နေတဲ့ နေရာနဲ့ နီးစပ်ရာ အသင်းတော်ကနေစပြီး အပြင်လောကအထိပေါ့။

ဒီနေ့မှာ သင့်အသက်တာရဲ့ အဓိပ္ပာယ်ကို ခဏလောက် ပြန်လည်ဆင်ခြင်ကြည့်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်- “ငါ့ရဲ့ အသက်တာကတစ်ဆင့် ဒီလောကအပေါ် သက်ရောက်မှု ရှိနေရဲ့လား? ဘာက ငါ့ကို ပိတ်ဆို့နေတာလဲ၊ ငါ့ရဲ့ အစိတ်အပိုင်းကနေ ငါ ဘယ်လိုပါဝင်ရမလဲ?” ဘုရားသခင်ကိုယ်တိုင် မေတ္တာနဲ့ စိတ်ရှည်စွာ တည်ဆောက်နေတဲ့ ဒီခန္ဓာကိုယ်တော်ထဲမှာ သင်ရှိနေရမယ့် နေရာမှန်ကို ပြသပေးဖို့ ဘုရားသခင်ထံ တောင်းလျှောက်ပါ။

ဒီနေ့ကစပြီး ဒါတွေကို လုပ်ဆောင်ဖို့ သင့်ကို ဖိတ်ခေါ်ချင်ပါတယ်-

၁။ မိမိကိုယ်ကို ဘုရားသခင်ထံ “အသက်ရှင်သော ယဇ်” အဖြစ် ဆက်ကပ်ပါ။

၂။ သင်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အားလုံးကို ဘုရားသခင်အား ကိုးကွယ်ခြင်းအဖြစ် ပုံအပ်ပါ။

၃။ ခရစ်တော်ရဲ့ဘုန်းကို သာ၍ ထင်ရှားစွာ ထင်ဟပ်ပြသနိုင်ဖို့ အာရုံစိုက်ပါ။

မိတ်ဆွေ ၊ သင့်ရဲ့အလုပ်၊ မိသားစု၊ ငွေရေးကြေးရေးနဲ့ အားလပ်ချိန်တွေအပါအဝင် သင့်အသက်တာတစ်ခုလုံးကို ဘုရားသခင်ထံ ပုံအပ်ချင်ပါသလား? တနင်္ဂနွေနေ့ တစ်ခုတည်းတင်မကဘဲ သင့်အသက်တာရဲ့ နေ့ရက်စဉ်တိုင်းမှာ ဘုရားသခင်ကို ကိုးကွယ်ချင်ပါသလား?

ဘုရားသခင်ဟာ ဤမြေကြီးပေါ်မှာ သင့်အားဖြင့် သူ့ရဲ့ ဘုန်းကို ထင်ရှားစေချင်သော ဘုရားသခင်ဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။