• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၂ ဇွန် ၂၀၂၆

အပြစ်ရှိသည်ဟု မထင်တတ် ...

ထုတ်ဝေသည့်ရက်စွဲ ၀၂ ဇွန် ၂၀၂၆

ဒီတစ်ပါတ်တာမှာ  “ကျန်းမာတဲ့နှလုံးသား” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကိုလေ့လာနေကြတာ ဖြစ်ပါတယ် 

ဒီနေ့မှာလည်း သင့်နှလုံးသားကို ဂရုစိုက်ဖို့ ထပ်မံအားပေးချင်ပါတယ်။ တစ်ခါတရံမှာ အသေးအမွှား စိတ်ခုစရာလေးတစ်ခု၊ အကြည့်တစ်ချက် ဒါမှမဟုတ် စကားအမှားလေးတစ်ခုကနေ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲမှာ ခါးသီးမှုတွေ  နဲ့ နာကျင်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဲဒါကြောင့် ခွင့်လွှတ်ခြင်းကို မြန်မြန်ဆန်ဆန် ပြုနိုင်ဖို့ Sara Horn ရဲ့ စာအုပ်ထဲက အားပေးစကားလေးတစ်ခုကိုပဲ ဆက်ပြီး ဝေမျှချင်ပါတယ်။

“အခြားသူတွေက ကျွန်မတို့ကို စိတ်ပျက်အောင် လုပ်တဲ့အခါ သူတို့ဘက်က အခြေအနေတစ်ခုခု ရှိမှာပါလို့ အကောင်းဘက်က တွေးပေးခြင်းအားဖြင့် ကျွန်မတို့အားလုံးဟာ အမှားနဲ့မကင်းတဲ့ လူသားတွေပဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရာရောက်ပါတယ်။”တဲ့ ။

ဒီလို မြင်ယောင်ကြည့်ပါ - မနက်ခင်းတစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သင့်ကို နှုတ်မဆက်ဘဲ ကျော်သွားတဲ့အခါ တစ်မနက်လုံး သင်တွေးနေမိတာက "ငါ သူ့ကို ဘာလုပ်မိလို့ ဒီလို လျစ်လျူရှုခံရတာလဲ" ဆိုတာပါပဲ။ မေးခွန်းပေါင်းများစွာ ခေါင်းထဲရောက်လာပြီး ညနေစောင်းတဲ့အခါမှာတော့ အဖြေမရှိတဲ့ အဲဒီမေးခွန်းတွေက သင့်နှလုံးသားထဲမှာ ရန်ငြိုးတစ်ခုလို ဖြစ်သွားပါတယ်။

ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ အဲဒီလူဟာ မိသားစုအခက်အခဲ အကြီးအကျယ် ရင်ဆိုင်နေရတာကို သင်သိလိုက်ရတဲ့အခါ ... အဲဒီအခါကျမှ သင်ဟာ သူ့ရဲ့အခြေအနေကို အထင်လွဲခဲ့မှန်း ရုတ်တရက် သဘောပေါက်သွားတဲ့ အရာမျိုး ဖြစ်တတ်ပါတယ် ။

နှုတ်ကပါတ်တော်က ဒီလိုဖော်ပြထားပါတယ် ။ မေတ္တာဟာ …

“မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-”

‭‭၁ ကောရိန္သု‬ ‭13‬:‭5‬ 

ဘယ်အရာကိုမဆို မေတ္တာနဲ့ လုပ်ဆောင်ပါ၊ အခြားသူတွေအပေါ် အနှုတ်လက္ခဏာ မြင်မယ့်အစား အပေါင်းလက္ခဏာနဲ့ ဖြည့်တွေး ပေးလိုက်ကြရအောင် ... 

ဒါမှပဲ သင်ဟာ ဘယ်နေရာ ရောက်ရောက် ဘာပဲ လုပ်လုပ် ပေါ့ပါးပြီး လွတ်မြောက်နေမှာ ဖြစ်ပါတယ် 

အခြေအနေတစ်ခုကို မဆုံးဖြတ်ခင်မှာ ရှင်းလင်းတဲ့ အဖြေကို အရင်ဆုံး စောင့်ဆိုင်းပြီး ဘုရားသခင်ထံမှ နှလုံးသားကျယ်ဝန်းခြင်းကို တောင်းခံလိုက်ပါ …

အနှုတ်လက္ခဏာသဘောက သင့်နှလုံးသားကို ထိုးနှက်ပြီး သင့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို လွှမ်းမိုးထားတာမျိုးကို အခွင့်မပေးလိုက်ပါနဲ့နော် !

မိတ်ဆွေ ရေ... ဘုရားသခင်က သင့်အတွက်၊ သင့်နှလုံးသားအတွက် အကောင်းဆုံးကိုပဲ အလိုတော်ရှိပါတယ် ။ ဒီနေ့မှာ ဘုရားသခင်ဆီက ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ခံယူပြီး ဆက်ပြီး မေတ္တာပြရအောင် …

ဘုရားသခင်ကလည်း သင့်ကို အပြစ်မမြင်ပဲ ချစ်တဲ့ ဘုရားရှင်ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။