• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၉ ဇွန် ၂၀၂၆

သင့်ရဲ့ ခွန်အားတွေကို ခိုးယူနေတဲ့အရာက ဘာလဲ?

ထုတ်ဝေသည့်ရက်စွဲ ၀၉ ဇွန် ၂၀၂၆

ဒီတစ်ပတ်မှာတော့ ကျွန်တော်ကိုယ်တိုင် အထူးနှစ်သက်လေးစားရတဲ့ ဓမ္မဆရာနဲ့ စာရေးဆရာ John Bevere ရဲ့ *Killing Kryptonite: Destroy What Steals Your Strength* “သင့်ရဲ့ ခွန်အားတွေကို ခိုးယူနေတဲ့အရာတွေကို ဖျက်ဆီးပါ” ဆိုတဲ့ စာအုပ်ကို အခြေခံပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက တန်ဖိုးရှိလှတဲ့ အရာများကို မိတ်ဆွေ နဲ့ အတူတူ လေ့လာချင်ပါတယ်။

စိတ်ကူးယဉ်စူပါဟီးရိုးဇာတ်လမ်းဖြစ်တဲ့ "စူပါမင်း (Superman)" ထဲက "ခရစ်ပတွန်နိုက် (Kryptonite)" ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးတဲ့လူတချို့ရှိပါလိမ့်မယ်။ ဒီစူပါဟီးရိုးမှာ လူသားထက်သာလွန်တဲ့ ထူးခြားဆန်းပြားတဲ့ တန်ခိုးစွမ်းအားတွေ ရှိပါတယ်။ ဒါပေမယ့် သူ့မှာ တစ်ခုတည်းသော အားနည်းချက်လည်းရှိပါတယ်... အဲဒါကတော့ ခရစ်ပတွန်နိုက်ဆိုတဲ့ ဒြပ်စင်ပါပဲ။ ဒီဒြပ်စင်ဟာ သူ့ရဲ့ သဘာဝလွန်တန်ခိုးစွမ်းအားတွေကို အားလျော့သွားစေပြီး အသုံးမဝင်အောင် လုပ်ပစ်နိုင်စွမ်း ရှိပါတယ်။

စာရေးဆရာ John Bevere က သူ့ရဲ့စာအုပ်ထဲမှာ ဒီအချက်ကို ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာ အသက်တာနဲ့ စိတ်ဝင်စားစရာကောင်းအောင် နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်၏ သားသမီးများဖြစ်ကြတဲ့အတွက် အောက်ပါအရာတွေကို အမွေခံရရှိထားပြီးသား ဖြစ်ပါတယ်-

အဲ့တာတွေကတော့

 * ဘုရားသခင်ရဲ့  သဘောသဘာဝ၊

 * ဘုရားသခင်ရဲ့ မပြောင်းလဲသော စရိုက်လက္ခဏာ၊

 * ဘုရားသခင်အထံတော်ကလာတဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်း၊

 * ဘုရားသခင်ရဲ့ သဘာဝလွန် တန်ခိုးတော်။

အစရှိတာတွေပဲ ဖြစ်ပါတယ်

ဒီမှာ မေးစရာရှိတာက- အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ဘာဖြစ်လို့ ဒီဘုရားသဘောသဘာဝ စရိုက်လက္ခဏာတော်တွေကို အချိန်တိုင်းမှာ ထင်ရှားစွာ မပြသနိုင်ရတာလဲ? စာရေးဆရာရဲ့ အဆိုအရ... ကျွန်တော်တို့ဟာ ဘုရားသခင် ပေးသနားထားတဲ့ စရိုက်လက္ခဏာတော်နဲ့ တန်ခိုးတော်တွေကို အားပျော့သွားစေတဲ့ “ဝိညာဉ်ရေးရာ ခရစ်ပတွန်နိုက်” တစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။

ဒီ "ခရစ်ပတွန်နိုက်" (ခွန်အားကို ခိုးယူတတ်တဲ့အရာ) ဟာ ပုံစံအမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ဥပမာအချို့ ပြောရရင်-

 * စိတ်ပျက်အားငယ်ခြင်း၊

 * သံသယလွန်ကဲခြင်း၊

 * သွေးဆောင်ခြင်း... စတာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မာကျမ်းစာကတော့ သင်ဟာ ဘုရားသခင်ရဲ့ အမွေခံသားသမီးဖြစ်တဲ့အတွက် သူ့ရဲ့ ပြည့်စုံခြင်းကို ခံစားရရှိပြီးသားဖြစ်ကြောင်း အတိအလင်း ဆိုထားပါတယ်။ (ရှင်ယောဟန် ၁:၁၆ ကိုဖတ်ပါ) 

“ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။” ရှင်ယောဟန်‬ ‭1‬:‭16‬

ဒါကြောင့် သင်ဟာ ခရစ်တော်ရဲ့ သဘောသဘဝတော်ကို ဤမြေကြီးပေါ်မှာ ထင်ရှားပြသဖို့ရန် ခေါ်ခြင်း ခံရသောသူ ဖြစ်ပါတယ်။

မိတ်ဆွေ  သင့်အသက်တာမှာ ဘုရားသခင်၏ အသက်ရှင်ခြင်းနဲ့ စရိုက်လက္ခဏာတော်ကို အပြည့်အဝ ထင်ရှားမပြနိုင်သေးဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေပါသလား? စိတ်မပျက်ပါနဲ့။ ဘုရားသခင်ဟာ သင့်ကို သီးသန့် ရွေးချယ်ထားတာဖြစ်ပြီး သင့်အသက်တာဟာ ဘုရားသခင်အတွက် အင်မတန်မှ အရေးကြီးပါတယ်။

နေ့ရက်စဉ်တိုင်း သင့်ကို လမ်းပြသွန်သင်ပြီး ပြောင်းလဲပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုကို ဦးတည်မယ့် ပထမဆုံးခြေလှမ်းကို လှမ်းဖို့ သင့်ကို ဖိတ်ခေါ်ချင်ပါတယ်- အဲ့တာကတော့ သင့်အသက်တာမှာ ဘယ်အရာက ပိတ်ဆို့နှောင်ဖွဲ့နေသလဲဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ထံ တောင်းလျှောက်မေးမြန်းကြည့်ပါ။

ကျွန်တော်နဲ့ အတူတူ ဆုတောင်းကြပါစို့... “အဖဘုရားသခင်... ကျွန်ုပ်ရဲ့ အသက်တာကို ကိုယ်တော်ရှေ့အရှုံးပေးတာထက် မိမိဘာသာ လမ်းညွှန်အုပ်စိုးမိတာက ပိုများခဲ့ကြောင်း ဝန်ခံပါတယ်။ ကျွန်ုပ်၏ အပြစ်တွေကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ရဲ့ စကားသံကို ကြားရစေပြီး၊ ကိုယ်တော်ရဲ့ အလိုတော်ကို ပိတ်ဆို့နေတဲ့ အရာအားလုံးရှိသမျှ ကျွန်ုပ်အား ပြသပေးမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်၏ အသက်တာဟာ ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေပါစေ။ ယေရှုနာမ၌ ဆုတောင်းပါ၏ အာမင်။”

အခုကစပြီး ဝိညာဉ်တော်ဘုရားရှေ့မှာ သင့်အသက်တာကို အရှုံးပေး အပ်နှံလိုက်ပါ။

သင်ဟာ ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။