“ငါသည် သင့်ကိုခိုင်ခံ့စေမည်!”
“မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။” ဟေရှာယ 41:10
မိတ်ဆွေ ရေ...
လောကမှာရှိတဲ့ ဘယ်အရာမဆို တနေ့မှာတော့ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ် ။ မပျောက်ကွယ်ပဲ အစဉ်အမြဲ ခိုင်ခံ့သောဘုရားသခင်အပေါ်မရပ်တည်သရွေ့ သင်ပြိုလဲနေရဦးမှာပါပဲ ! ဘုရားကတိတော်တွေ မဖြစ်လာသေးဘူးလို့ ခံစားရတဲ့အချိန် ၊ ပိုဆိုးတာက ဖြစ်ပျက်နေတဲ့အရာတွေက ဘုရားရဲ့ ကတိတော်နဲ့ ဆန့်ကျင်နေသလိုဖြစ်နေတဲ့အခါ သင်ဘယ်လိုခံစားရပါသလဲ ?
ယောသပ်ရဲ့ အသက်တာမှာလည်း ဒီလိုမျိုး ခံစားခဲ့ရပါတယ် …
ဘုရားပေးတဲ့အိပ်မက်အရ သူ့ညီအစ်ကိုတွေထက် ချီးမြှောက်ခြင်းကို ခံရမယ့်သူဖြစ်ပေမယ့် ကျွန်ဘဝရောက်ခဲ့ရပြီး ထောင်ထဲမှာနေခဲ့ရပါတယ် ။
ဒါပေမယ့် ဒီအခြေအနေတွေကပဲ သူ့ကို ဖာရောဘုရင်ရဲ့ ဒုတိယဘုရင်ခံ ဖြစ်အောင် ပြင်ဆင်ပေးခဲ့တာပါ! ဒါဟာ ဘုရားသခင်ရဲ့ အကြံအစည်အတိုင်းပါပဲ …
မိတ်ဆွေ ရေ …
“ထောင်" လိုမျိုး ပိတ်လှောင်ခြင်း ၊ မျှော်လင့်ချက် ကုန်ဆုံးခြင်းတွေကို ကြုံလာခဲ့ပြီဆိုရင်ဘုရားသခင်က သင့်ကိုသာ၍ ကောင်းမြတ်သော တံခါးဝ ဆီ ခေါ်ဆောင်ပေးနေတယ်ဆိုတာ သတိရလိုက်ပါ … သင့်ကို သာ၍ ခိုင်ခံ့စေဖို့ ဖြစ်ပါတယ် ။
ကျွန်မတို့ရဲ့အားနည်းချက်တွေဟာ ဘုရား၏တန်ခိုးတော်ထင်ရှားစေဖို့ အခွင့်အရေးတွေဖြစ်ပါတယ် ။ ညအမှောင်ထဲမှာ အလင်းရောင်ဟာ ပိုပြီး ထင်ရှားတဲ့အတိုင်း ကျွန်မတို့အားနည်းတဲ့အချိန်မှာ ဘုရားရဲ့ တန်ခိုးတော်က ပိုပြီး ထင်ရှားပါတယ် ။
ဘုရားသခင်က သင့်ကို ခိုင်ခံ့စေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ခွန်အားပေးနေပါတယ် ။
-
နှုတ်ကပတ်တော်အားဖြင့် (ယောဟန် ၁:၁-၄)
-
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် (၂တိ ၁:၇)
-
သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများအားဖြင့် (၁ကော ၁၂:၁၁)
-
ယေရှုခရစ်တော်၏ အသက်ရှင်နေထိုင်ခြင်းပုံစံ (ဖိလိ ၂:၅) များအားဖြင့် သင့်ကိုခိုင်ခံ့စေဖို့ ပြုစုပေးနေပါတယ်
သင့်ရဲ့အားနည်းချက်တွေထဲမှာ ဘုရားရဲ့ တန်ခိုးတော် ထင်ရှားနေပါတယ် …
သင်ဟာ ခရစ်တော်အထဲ၌ ခိုင်ခံ့သောသူ ဖြစ်တယ် 🤍