• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၈ နို ၂၀၂၅

ငါသည် သင်၏ ဘုရားဖြစ်၏ !"

ထုတ်ဝေသည့်ရက်စွဲ ၂၈ နို ၂၀၂၅

ကျွန်မတို့ ဒီတစ်ပါတ်ထဲ “ အောင်မြင်သောအသက်တာ”အကြောင်း လေ့လာနေကြတာဖြစ်ပါတယ် ….

“မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။” ဟေရှာယ‬ ‭41‬:‭10‬ ‭

အောင်မြင်သောသူ တစ်ယောက်ဖြစ်လာဖို့ အရာခပ်သိမ်းရဲ့ အထက်မှာ အောင်မြင်ပြီးစိုးစံတဲ့ ဘုရားသခင်ရဲ့ ဖြစ်ခြင်းကို ကောင်းကောင်းနားလည်ထားဖို့လိုပါတယ် ။ ဘုရားသခင်က သင့်ကိုစိတ်ချလက်ချနဲ့ သူ့ကို ယုံကြည်နိုင်ဖို့ သူ့ကိုယ်သူ “သင်၏​ဘု​ရား​သ​ခင် ငါ​“ ဆိုပြီး မိတ်ဆက်ခဲ့ပါတယ် ။ ကြောက်စရာမလိုဘူး ! သင့်ကိုခွန်အားပေးမည် ။ သင့်ကိုကယ်တင်မည် လို့ ပြောထားပါတယ် ။ 

  • “ငါသည် ဖန်ဆင်းရှင်” လို့ပြောတဲ့အခါ သင့်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်ကြောင်းထင်ရှားစေပါတယ် 

  • “ငါသည် ထာဝရဘုရား” လို့ပြောတဲ့အခါ အချိန်ကိုသူစီမံနေကြောင်း ထင်ရှားစေပါတယ် 

  • “ငါသည် ချစ်ခြင်းမေတ္တာ” လို့ ပြောတဲ့အခါ သူ့ရဲ့ မေတ္တာက ကျွန်မတို့အတွက် လုံလောက်နေကြောင်း ထင်ရှားစေပါတယ် 

  • “ငါသည် ကျေးဇူးပြုသောအရှင်” လို့ပြောတဲ့အခါ သင့်ကိုဘယ်အခြေအနေမှာမဆို ရှာဖွေမယ့်ဘုရားဖြစ်ကြောင်း ထင်ရှားစေပါတယ်

  • “ငါသည် အာဗြဟံ ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရား” လို့ပြောတဲ့အခါ သင့်ဘုရားလည်းဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်

“ငါသည်မပြောင်းမလဲအစဉ်တည်သော တစ်ပါးတည်းသောဘုရားဖြစ်၏။” လို့မိန့်ထားခဲ့ပါတယ် ။ 

(လုကာ ၁၅:၁-၇၊ ယောဟန် ၁၀:၉-၁၁၊ တမန်တော် ၇:၃၂)

မိတ်ဆွေ ရေ … ဒီနေ့မှာ 

ထာဝရဘုရားပေးတဲ့ ခွန်အား နဲ့ ငြိမ်သက်ခြင်းကို လက်ခံပါ။  

ထာဝရဘုရားဟာ သင့်ရဲ့ ဘုရားဖြစ်ပါတယ် ။ 

သင့်ဘဝ၏စိန်ခေါ်မှုအားလုံးကို အောင်မြင်နိုင်ရန် ဘုရားသခင်ဟာ သင့်ဘေးမှာရှိနေပါသည်။

ဘုရားသခင်ဟာ သင်နဲ့ အတူရှိနေသော သင့်ရဲ့ ဘုရားသခင်ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။