• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၇ နို ၂၀၂၅

”မစိုးရိမ်နှင့်!”

ထုတ်ဝေသည့်ရက်စွဲ ၂၇ နို ၂၀၂၅

“မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။” ဟေရှာယ‬ ‭41‬:‭10‬ ‭

ဒီနေ့ ဆက်ပြီး လေ့လာရမယ့် စကားလုံးလေးက “မစိုးရိမ်နှင့်” ဖြစ်ပါတယ် ။ 

မိတ်ဆွေ ရေ...

လူဆိုတာ စိုးရိမ်ပူပန်တတ်တယ်နော် !  စားဝတ်နေရေးအတွက် စိုးရိမ်တတ်သလို ၊ အမျိုးမျိုးသော အခြေအနေတွေကိုကြည့်ပြီးလည်း စိုးရိမ်တတ်ပါတယ် ။ တခါတလေ အမှုဆောင်ခြင်းမှာပင်လျှင် စိုးရိမ်တတ်တဲ့အရာမျိုးတွေ ကျွန်မတို့ကို ကိုယ်တိုင်ရှိဖူးပါတယ်။ သို့သော် ယေရှုပြောခဲ့တဲ့ စကားလေးက ကျွန်မတို့အတွက် တည်ဆောက်စရာဖြစ်ပါတယ် ။ 

“ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။-” ‭‭ရှင်လုကာ‬ ‭10‬:‭41‬ 

ကျွန်မတို့ဟာ မာသလိုပါပဲ ။ အခြေအနေကိုကြည့်ပြီး စိုးရိမ်တတ်ကြတယ် …

မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုရော ၊ သူတပါးကိုရော ဖိအားပေးတတ်ကြပါတယ် ။ 

မာသမေ့သွားတဲ့အရာက …

ဧည့်သည်ဖြစ်တဲ့ ယေရှုခရစ်တော် ကိုယ်တိုင်က အိမ်ရဲ့အရှင်သခင်ဖြစ်နေတယ်ဆိုတာကိုပါ ! 

ဒါကြောင့် မိတ်ဆွေ ရေ …

မဖြစ်နိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရရင် စိုးရိမ်မနေပါနဲ့ !

ကိုယ်တိုင်ဖြေရှင်းဖို့ လည်း မကြိုးစားပါနဲ့ !

သင့်ပြဿနာတွေကို ယေရှုထံ အပ်နှံလိုက်ပါ။ 

ယေရှုခရစ်တော်ဟာ အရာခပ်သိမ်း တတ်နိုင်တဲ့ဘုရားပါ ! 

“အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။-” ရှင်မဿဲ‬ ‭6‬:‭27‬ ‭

စိုးရိမ်ခြင်းရှိလို့ရော ကျွန်မတို့ ဘာများဖြေရှင်းနိုင်မှာမို့လို့လဲ ? 

“ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏” ရှင်မဿဲ‬ ‭6‬:‭34‬ 

စိုးရိမ်ခြင်းဟာ သင့်အသက်တာကို ပိုရှည်စေမှာမဟုတ်ပါဘူး ! 

သင်လုပ်နိုင်တာကိုလုပ် ၊ ကျန်တာကို ဘုရားသခင်ထံပေးအပ်လိုက်ပါ။

မဖြစ်နိုင်တဲ့ အရာတွေကို ဘုရားသခင်ထံ ပေးအပ်လိုက်ပါ ။ ဘုရားသခင် တာဝန်ယူတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။