“ငါသည် သင့်ဘက်မှာရှိ၏!”
“မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။” ဟေရှာယ 41:10
မိတ်ဆွေ ရေ...
တစ်ခါတလေ ကောင်းကင်ကိုမော့ကြည့်ပြီး "ဘုရားသခင် အခု ကိုယ်တော်ဘယ်မှာလဲ ? ကိုယ်တော်ကျွန်ုပ်နဲ့ အတူရှိနေရဲ့လား ..." လို့ မေးဖူးပါသလား?
ရောဂါနဲ့ပက်သက်တဲ့ သတင်းကြားတဲ့အချိန် ကိုယ်တော်ဘယ်မှာလဲ?
မိသားစုက ကျောခိုင်းသွားတဲ့အချိန် ကိုယ်တော်ဘယ်မှာလဲ?
တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန် ကိုယ်တော်ဘယ်မှာလဲ?
ငွေကြေးအခက်အခဲနဲ့ရင်ဆိုင်နေရတဲ့အချိန် ကိုယ်တော်ဘယ်မှာလဲ?
ဘုရားသခင်ဟာ ကျွန်မတို့ရဲ့မေးခွန်းတွေကို အဖြေပေးဖို့ မရှောင်ပါဘူး။
သူ့နှုတ်ကပတ်တော်ထဲမှာ အဖြေအားလုံးရှိပါတယ်။
ကျွန်မ အပြည့်အဝယုံကြည်တာက -
အခက်ခဲဆုံးအချိန်တွေမှာ ဘုရားသခင်ဟာ ကျွန်မနဲ့အတူရှိတယ် ။
ဒါကြောင့် “ငါသည်သင့်ဘက်မှာရှိ၏” ဆိုတဲ့ ကတိတော်ကို ဘုရားသခင်ကိုယ်တိုင်ပေးခဲ့ပါတယ် ။
သင်နဲ့လည်း အတူရှိတယ် မိတ်ဆွေ !
“သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။-” ရောမ 8:31
သင့်ဘက်မှာရှိနေသော ဘုရားသခင်က အရာခပ်သိမ်းကို တတ်နိုင်သော ၊ တတ်စွမ်းသော ၊ အောင်နိုင်သော ဘုရားသခင်ဖြစ်ပါတယ် ။ ဒီနေ့ ဘုရားနှုတ်ကပတ်တော်က သင့်ကိုအားပေးနှစ်သိမ့်နေပါတယ် ။
ဘုရားသခင်က သင်နဲ့အတူ အခြေအနေတိုင်း ၊ ရာသီတိုင်း ၊ ဘဝရဲ့ အတက်အကျအတိုင်းမှာ အတူတူရှိနေပါတယ် …
ဘုရားရဲ့ မေတ္တာတော်ဟာ သင့်ဆီကနေ ဘယ်တော့မှ ရွေ့လျားမသွားပါဘူး
သင်ဟာ အောင်မြင်သောသူ ဖြစ်ပါတယ် 🤍