• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၅ နို ၂၀၂၅

”မကြောက်နှင့်!”

ထုတ်ဝေသည့်ရက်စွဲ ၂၅ နို ၂၀၂၅

ဒီအပတ်မှာ ကျွန်မတို့အတွက် ဘုရားသခင်ဖွင့်ပြမယ့်အရာတွေ ရှိနေပါတယ် ! 

ဒီနေ့ကစပြီး “အောင်မြင်သောအသက်တာ” နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို လေ့လာသွားမှာဖြစ်ပါတယ်။  ကျမ်းစာတစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် …

“မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။” ဟေရှာယ‬ ‭41‬:‭10‬

ဒီကျမ်းစာမှာ ဘုရားသခင်က မကြောက်ရွံ့ဖို့ပြောထားပါတယ် ။ အောင်မြင်သောသူတစ်ယောက်ဖြစ်လာဖို့ ကြောက်ရွံ့ခြင်း ရှိနေလို့တော့ မရပါဘူး ။ တစ်ခါတလေ ကျွန်မတို့က လူရှေ့စကားပြောဖို့ ၊ အလုပ်တခုခု လုပ်ဆောင်ဖို့ ၊ အတွေးအမြင်အသစ်တွေကို ဝေမျှပြောဆိုဖို့ ကြောက်တတ်ကြပါတယ် ။ 

"ကြောက်စိတ်ဟာ ကိုယ့်ကိုယ်ကိုကာကွယ်တဲ့အရာ" လို့ ထင်တတ်ကြတယ်။ တကယ်တော့...  ကြောက်စိတ်ဟာ အန္တရာယ်ကိုသတိပေးတဲ့ အချက်ပြတဲ့အရာ ဖြစ်နိုင်သလို...  

အကြောင်းမရှိဘဲ သင့်ကိုနှောင့်ယှက်နေတဲ့ အတားအဆီးလည်း ဖြစ်နေနိုင်ပါတယ် !  

ဒီနေ့ သင့်နှလုံးသားထဲမှာ ဘယ်လိုကြောက်စိတ်မျိုးရှိနေပါစေ ဘုရားသခင်က သင့်ကို မစနေတယ်ဆိုတာ သတိရပါ!  

“သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။” ဟေရှာယ‬ ‭54‬:‭17‬

ဘုရားရှင်က သင့်ကိုဘယ်လက်နက်မှ မထိခိုက်နိုင်ဘူး လို့ ကတိပေးထားတာမဟုတ်ပါဘူး...  

"လက်နက်တွေရှိလာရင်တောင်... သင့်ကို အနိုင်မရနိုင်ဘူး ၊ သင်မဆုံးရှုံးဘူး " လို့ ပြောထားတာပါ !  

ကျွန်မတို့ အတူတကွ ဆုတောင်းကြရအောင် … 

"ခမည်းတော်ဘုရား၊  

ကျွန်ုပ်၏ ကြောက်ရွံ့မှုများကို ကိုယ်တော့်ရှေ့မှောက်မှာ အပ်နှံပါတယ်။  

ကိုယ်တော်က ကျွန်မတို့ဘက်မှာရှိတယ်ဆိုတဲ့ ဂတိတော်အတိုင်း၊  

ကြောက်စိတ်တွေအပေါ် အောင်ပွဲရစေဖို့ ယုံကြည်ပါတယ် ။  ကိုယ်တော်ကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ …

ယေရှုနာမတော်ဖြင့် ဆုတောင်းပါ၏ ။ အာမင် ! "  

ကြောက်စိတ်ကို အနိုင်ယူလိုက်ပါ မိတ်ဆွေ  🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။