• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၄ နို ၂၀၂၅

တည်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..

ထုတ်ဝေသည့်ရက်စွဲ ၂၄ နို ၂၀၂၅

ခွန်အားပေးခြင်းဟာ ကျွန်တော်တို့အချင်းချင်း ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်တွေထဲက တစ်ခုဖြစ်တယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ အားသာချက်တွေထက် အားနည်းချက်တွေ၊ အလှတရားထက် အပြစ်အနာအဆာတွေ၊ တိုးတက်မှုထက် အမှားတွေကို ပိုပြီးသတိထားမိတတ်တဲ့ လောကကြီးထဲမှာ အသက်ရှင်နေရတာပါ။

ဒါကြောင့် ဒီနေ့၊ ရိုးရှင်းပေမဲ့ တန်ခိုးကြီးမားတဲ့ စကားတစ်ခွန်းကို ကျွန်တော် ပြောချင်ပါတယ်...

"တည်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆိုတာပါပဲ။

သင်လုပ်ဆောင်နေတဲ့ အရာအားလုံးအတွက် ကျွန်တော်တကယ် ဂုဏ်ယူပါတယ်။

သင်ဘယ်သူလဲဆိုတာအတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။

ခရစ်တော်၌ သင်ဘယ်လိုလူမျိုး ဖြစ်လာနေသလဲ ဆိုတာအတွက်လည်း ဂုဏ်ယူပါတယ်။

သင်က သင်ထင်ထားတာထက် ပိုပြီး အရေးပါပါတယ်။ 💛

ကနဦးအသင်းတော်ကာလမှာ ခွန်အားပေးခြင်းဟာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

နှုတ်ကပတ်တော်က ဒီလိုဆိုထားပါတယ်...

“မှာ​စာ​ကို ဖတ်​ရွတ်​သော​အ​ခါ ထို​သက်​သာ​ခြင်း၏ အ​ကြောင်း​ကြောင့် ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- ယု​ဒ​နှင့် သိ​လ​တို့​သည် ပ​ရော​ဖက်​ဖြစ်​သော​ကြောင့် များ​စွာ​သော​စ​ကား​နှင့် ညီ​အစ်​ကို​တို့​ကို ဆုံး​မ၍ မြဲ​မြံ​ခိုင်​ခံ့​စေ​ကြ၏။-” တမန်တော် 15:31-32  

သူတို့ရဲ့စကားတွေက နှလုံးသားတွေကို ခွန်အားရှိစေခဲ့တယ်၊ ဝမ်းမြောက်ခြင်းကို ပြန်လည်ရရှိစေခဲ့ပြီး စည်းလုံးခြင်းကို တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ထက်ထိ ခွန်အားပေးခြင်းမှာ အဲ့ဒီတန်ခိုးပါရှိနေတုန်းပါပဲ။

ဒါကြောင့် ကျွန်တော် မေးပါရစေ၊ မိတ်ဆွေ ရေ...

ဒီအပတ်မှာ "တည်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားနဲ့ ဘယ်သူ့ကို သင် ကောင်းချီးပေးနိုင်မလဲ။

မိသားစုဝင်တစ်ယောက်လား။

သူငယ်ချင်းတစ်ယောက်လား။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်လား။

ဒါမှမဟုတ် မေ့လျော့ခံထားရတယ်လို့ ခံစားနေရတဲ့သူတစ်ယောက်လား။

သင်နဲ့ ကျွန်တော်မှာ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။

လောကကြီးက ဝေဖန်နေတဲ့အချိန်မှာ အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ စကားကို ပြောဆိုဖို့၊

တခြားသူတွေက အဆိုးမြင်စိတ်တွေ ဖြန့်ဝေနေတဲ့အချိန်မှာ မျှော်လင့်ချက်ကို မျှဝေဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါတယ်။

ယုံကြည်သူတိုင်းသာ ဒါကို အလေ့အထတစ်ခု လုပ်ခဲ့မယ်ဆိုရင်... ဘယ်နှယောက်တောင် ကုစားခြင်းခံရမလဲဆိုတာ စိတ်ကူးကြည့်ပါ။

ဒါကြောင့် ဒီလို အလုပ်ရှုပ်တဲ့အချိန်ကာလမှာ၊ တစ်စုံတစ်ယောက်ကို ခွန်အားပေးဖို့ အရှိန်နည်းနည်း လျှော့လိုက်ပါ။

သူတို့မျက်လုံးကို ကြည့်ပြီး သင့်နှလုံးသားထဲကနေ ပြောလိုက်ပါ...

"တည်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့။

အတူတကွ ဆုတောင်းကြပါစို့။

“အို ယေရှုဘုရား၊ ကျွန်ုပ်အသက်တာထဲမှာ ကိုယ်တော်ထားရှိပေးတဲ့ လူတွေအတွက် ကျေးဇူးတင်ပါတယ်။

ကျွန်ုပ်ကို ခွန်အားပေးခြင်းနဲ့ မျှော်လင့်ချက်ရဲ့ အသံတစ်ခု ဖြစ်လာစေပါ။

တခြားသူတွေကို ခွန်အားပေးဖို့နဲ့ ကိုယ်တော်၌ သူတို့ရဲ့ တန်ဖိုးကို သတိရစေဖို့ ကျွန်ုပ်ရဲ့စကားတွေကို အသုံးပြုပါ။

ကိုယ်တော် မြင်သလိုမျိုး လူတွေကို မြင်တတ်ဖို့ သင်ပေးပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ 

အာမင်။”

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

ဘုရားသခင်ကောင်းကြီးပေးပါစေ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။