• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၈ နို ၂၀၂၅

ယေရှုက သင့်အတွက် အကောင်းဆုံးကိုပဲ အလိုရှိပါတယ်..

ထုတ်ဝေသည့်ရက်စွဲ ၁၈ နို ၂၀၂၅

သင့်အသက်တာရဲ့ အသေးစိတ်တိုင်းကိုတော့ ကျွန်တော် အကုန်မသိပါဘူး... ဒါပေမဲ့ အသက်တာတိုင်းဟာ အမြဲတမ်း ဖြောင့်ဖြူးပြီး ငြိမ်သက်နေတာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် သိပါတယ်။ တစ်ခါတလေ၊ ကျွန်တော်တို့ အသက်တာထဲမှာ ကျွန်တော်တို့အယုံကြည်ဆုံးလူတွေကပဲ ကျွန်တော်တို့ နှလုံးသားကို ကွဲကြေစေတဲ့သူတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ တကယ်ကို နာကျင်ရတတ်ပါတယ်။ 

ဒီလိုပုံစံမျိုး သင့်အသက်တာထဲမှာလည်း ကြုံတွေ့ခဲ့ကောင်း ကြုံတွေ့ခဲ့ရနိုင်ပါတယ်။ သင်ဟာ သစ္စာဖောက်ခံရတာ ဒါမှမဟုတ် သင့်ကို ဘယ်တော့မှ နာကျင်စေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တဲ့သူဆီက ငြင်းပယ်ခြင်းခံရတာတွေကို ရင်ဆိုင်ခဲ့ရနိုင်ပါတယ်။ သင်ဟာ သူတို့စကားတွေကို ယုံကြည်ခဲ့တယ်၊ သူတို့မေတ္တာကို ကိုးစားခဲ့တယ်၊ သင့်နှလုံးသားကို ပေးအပ်ခဲ့တယ်... ဒါပေမဲ့ အဆုံးမှာတော့ ဗလာနတ္ထိဖြစ်ပြီး နာကျင်ကြေကွဲရတဲ့ ခံစားချက်နဲ့ ကျန်ရစ်ခဲ့ရတာမျိုးဖြစ်နိုင်ပါတယ်။

အကယ်၍ သင့်အသက်တာထဲမှာ ထိုကဲ့သို့ ကြုံတွေနေရတယ်ဆိုရင်၊ ကျွန်တော်အပြည့်အဝ နားလည်ပါတယ်။ 

ဒီနေ့မှာတော့ သင့်ကို သိပ်ကိုမှ အရေးကြီးတဲ့ အရာတစ်ခုကို ပြောပြချင်ပါတယ်။ အဲ့တာကတော့ သင့်ကို ဘယ်တော့မှ ထိုကဲ့သို့ မလုပ်မယ့်သူရှိပါတယ်။ အဲ့တာကတော့ ယေရှုခရစ်တော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

သူက ဘယ်တော့မှ သစ္စာမဖောက်ဘူး။ သူက ဘယ်တော့မှ လိမ်မပြောဘူး။ သင့်အပေါ်ထားတဲ့ သူ့စိတ်ကို သူ ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ ပြီးတော့ သူက သင့်အတွက် အမြဲတမ်း အကောင်းဆုံးကိုပဲ အလိုရှိပါတယ်။

နှုတ်ကပတ်တော်က ဒီလိုဆိုထားပါတယ်- 'ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။' တောလည်ရာ 23:19 

လူတွေက ကတိတွေ ဖျက်ကောင်းဖျက်နိုင်ကြတယ်။ သူတို့ စိတ်ပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုကြင်တယ်။ ဒါပေမဲ့ ယေရှုခရစ်တော်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

မိတ်ဆွေ ရေ၊ တခြားသူတွေက သင့်ကို ဒဏ်ရာရစေခဲ့ရင်တောင်၊ သင် စိတ်ပျက်ခဲ့ရရင်တောင်၊ နားလည်မှုလွဲခံခဲ့ရရင်တောင်၊ နောက်ဆုံး စွန့်ပစ်ခံခဲ့ရရင်တောင်... ယေရှုခရစ်တော်က သင့်ကို ဘယ်တော့မှ ထိုကဲ့သို့ လုံးဝမပြုဘူးဆိုတာ အကြွင်းမဲ့ ယုံကြည်စေချင်ပါတယ်။ သူ့နှလုံးသားက စင်ကြယ်တယ်၊ သူ့ရည်ရွယ်ချက်တွေက သန့်ရှင်းတယ်၊ ပြီးတော့ သူ့အကြံအစည်တွေက အလွန်ကောင်းမြတ်ပါတယ်။

'တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။' ယေရမိ 29:11 

ဒါဟာ သင့်အတွက် သူထားရှိတဲ့ နှလုံးသားပါပဲ။ သူက သင့်ကို တရားစီရင်ဖို့ ဒါမှမဟုတ် အပြစ်ပေးဖို့ စောင့်နေတာ မဟုတ်ဘူး... သူက သင့်အနာကို ငြိမ်းစေဖို့ စောင့်နေတာပါ။ သူက အဝေးမှာ ဒါမှမဟုတ် ဂရုမစိုက်ဘဲ နေတာ မဟုတ်ပါဘူး... သူက သင့်အနားမှာ နီးနီးကပ်ကပ်၊ နူးညံ့စွာ၊ ကြင်နာစွာ ရှိနေသော ဘုရားသခင်ပါ။

သင်က လူတွေကို ဆက်ပြီး မယုံကြည်နိုင်တော့တဲ့အခါ၊ သင်အနေနဲ့ သူ့ကိုတော့ ဆက်ပြီး ယုံကြည်ကိုးစားနိုင်ပါသေးတယ်။ လောကကြီးက သင့်ကို စိတ်ပျက်စေတဲ့အခါ၊ ယေရှုခရစ်တော်က သင့်ကို ထောက်ပံ့ထားပါတယ်။ သင့်နှလုံးသားက နုနယ်ပျက်စီးလွယ်တယ်လို့ ခံစားရတဲ့အခါ၊ သူ့မေတ္တာက သင့်ရဲ့ လုံခြုံစေပါလိမ့်မယ်။

ဒါကြောင့် ဒီနေ့၊ မိတ်ဆွေ ရေ၊ သင့်နှလုံးသားကို ပြန်ဖွင့်ပါ... လောကကြီးဆီကို မဟုတ်ဘဲ၊ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တဲ့ တစ်ပါးတည်းသော ယေရှုခရစ်တော်ဆီကိုပါ။

ဒီအမှန်တရားကို သင့်အတွင်းထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူခွင့်ပေးလိုက်ပါ- ယေရှုက သင့်အတွက် အကောင်းဆုံးကိုပဲ အလိုရှိပါတယ်။

အတူတကွ ဆုတောင်းကြပါစို့။ “အို ယေရှုဘုရား၊ ယုံကြည်ကိုးစားထိုက်ပြီး သစ္စာနဲ့ပြည့်စုံသောသူ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်က ဘယ်တော့မှ လိမ်မပြောဘူး၊ ဘယ်တော့မှ ကတိမပျက်ဘူး၊ ပြီးတော့ ကျွန်ုပ်ကို ဘယ်တော့မှ လက်မလျှော့ပါဘူး။ အခု နာကျင်ခဲ့ရပြီး စိတ်ပျက်ခဲ့ရတဲ့ ကျွန်ုပ်ရဲ့ နှလုံးသားရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ကျန်းမာစေပါ။ ကိုယ်တော့်ကို အပြည့်အဝ ပြန်လည် ယုံကြည်ကိုးစားတတ်အောင် သွန်သင်ပေးပါ။ ကိုယ်တော်က ကျွန်ုပ်အတွက် အကောင်းကိုပဲ အလိုရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။ နောက်နေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။