လာပါ … လက်ခံပါ 🤍
တခါတလေ ကျွန်မတို့ကို တစုံတယောက်ကလှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အခါ နှလုံးသားကသိပ်ကိုကြည်နူးရတယ်မဟုတ်လား ? ဒီနေ့မှာ သင့်ကိုသိပ်ချစ်တဲ့ အကြီးမြတ်ဆုံးသောဘုရားသခင်က သင့်ကို ကြိုဆိုနေပါတယ် ။
ဘုရားသခင်က သင့်ကိုအလွန်ချစ်ပြီး၊ နေ့တိုင်း သူ့နှလုံးသားနဲ့ ပိုမို နီးစေလိုပါတယ်။
ကျွန်မတို့အတူ ဒီစကားလေးတွေကို ခဏလေးဆင်ခြင်ကြည့်ကြရအောင် !
ဒီနေ့မှာ ဘုရားသခင်က သင့်ကို ဒီလိုပြောနေပါတယ်...
"ချစ်ရတဲ့ ငါ့ရဲ့ သား / သမီးရေ...
ခဏလောက် နေပါဦး။
ငါနဲ့အတူ လာထိုင်ပါ” ဆိုပြီး သင့်ကို ဖိတ်ခေါ်နေပါတယ် …
သင့်အနေနဲ့ ဒီနေ့လုပ်ရမယ့်အရာတွေ အများကြီးရှိနေမှာပါ
ဒါပေမယ့်...အခုဒီခဏလေး ဘုရားသခင်နဲ့ အတူရှိနေလိုက်ပါဦး …
ဘုရားသခင်ကို ကျေနပ်စေလိုတဲ့ ၊ ဘုရားသခင်ကိုပိုသိကျွမ်းချင်တဲ့ ၊ ဘုရားရဲ့ စကားသံကိုကြားချင်တဲ့ ဆာငတ်ခြင်း ရှိသည့်အတိုင်း ဘုရားဆီတိုးဝင်လိုက်ပါ ။
သင်လိုချင်တဲ့ မေးခွန်းအားလုံးရဲ့အဖြေက ဘုရားသခင်ဆီမှာရှိနေပါတယ်။
ဒါပေမယ့်… ဆူညံသံတွေကြားထဲမှာ ၊ အလုပ်တွေအလျင်အမြန်လုပ်ရတဲ့အချိန်မှာ ဘုရားစကားကို ကြားရဖို့ ခက်ခဲပါလိမ့်မယ် …
ဒါကြောင့် လုပ်စရာတွေ ခဏလောက် ရပ်ပြီး ဘုရားဆီသွားလိုက်ပါ...
စိုးရိမ်မှုတွေကို နှလုံးသားထဲဝင်ခွင့်မပြုနဲ့...
ငွေကြေးအကြောင်း စိတ်မပူနဲ့...
မနက်ဖြန်အတွက်လည်း မစိုးရိမ်ပါနဲ့...
သူနဲ့အတူခဏထိုင်ပြီး သူ့ရဲ့ စကားသံကိုနားထောင်ပါ …
ဘုရားက သင့်ကို
“ ငါ့ရဲ့ ပြုပြင်ပေးခြင်းကို လက်ခံပါ …
ငါ့ငြိမ်သက်ခြင်းကို ရယူပါ …
ငါ့ဝမ်းမြောက်ခြင်းကို ကြိုဆိုပါ …
ငါ့ကို လက်ခံလိုက်ပါ …
ငါ ... သင့်အတွက် အမြဲတမ်း ရှိနေတယ် …” လို့ သင့်ကိုကြိုဆိုလျက် ဖိတ်ခေါ်နေပါတယ်။
ဘုရားသခင် သင့်ကို စောင့်နေပါတယ် မိတ်ဆွေ 🤍