• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၄ နို ၂၀၂၅

သင့်ကို လွတ်မြောက်စေတဲ့ ချီးမွမ်းခြင်း!

ထုတ်ဝေသည့်ရက်စွဲ ၁၄ နို ၂၀၂၅

သင့်ရဲ့ ဒဏ်ရာတွေက နက်လွန်းလို့ ဘယ်လိုမှ မဖြေဖျောက်နိုင်တော့ဘူးလို့ သင့်ကိုယ်သင် ပြောမိဖူးလား?

သင့်အတိတ်က ဆိုးရွားလွန်းလို့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေမယ့်နည်း မရှိတော့ဘူးလို့ ထင်မိဖူးလား?

သင့်အတွက် မျှော်လင့်ချက်ရှိပါတယ်... ဘုရားသခင်က ဒီအရာတွေအားလုံးကို ရင်ဆိုင်ဖို့ သင့်ကို ကြီးမားတဲ့ လက်နက်တစ်ခု ပေးထားပါတယ်... အဲဒါက ချီးမွမ်းခြင်းပါပဲ!

ဘုရားသခင်ကို သင်ချီးမွမ်းလိုက်ခြင်းဟာ...

သင့်ကိုယ်သင် ဘုရားရှေ့မှာ အပ်နှံလိုက်ခြင်းဖြစ်ပါတယ်။

သူ့ကို ချစ်ကြောင်း ဖော်ထုတ်ပြီး ပြန်လည်ရယူလိုစိတ်မရှိဘဲ ချိတ်ဆက်နေခြင်းဖြစ်ပါတယ်။

ဒါဟာ ဘုရင်တို့၏ဘုရင် မျက်မှောက်တော်ကို အဆီးအတားမရှိ ဝင်ရောက်ခွင့်ရတဲ့ အချိန်ပါပဲ! “ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-” ‭‭ရှင်ယာကုပ်‬ ‭၄‬:‭၈‬ 

ဘုရားရဲ့ မျက်မှောက်တော်ဟာ...

  • သင့်ကို ကျန်းမာစေတယ်

  • သင့်ဒဏ်ရာတွေကနေ လွတ်မြောက်စေတယ်

  • သင့်အတိတ်ရဲ့ နာကျင်စရာတွေကို ပြေပျောက်စေတယ်

  • သင့်ဝမ်းနည်းမှုတွေကို နှစ်သိမ့်ပေးတယ်။

    ရေ... ချီးမွမ်းခြင်းကြောင့် ဘုရားသခင်ရဲ့ ဘုန်းကြီးခြင်းနဲ့ တန်ခိုးတော်ကို သင်ပိုပြီးသိမြင်လာပါလိမ့်မယ်။ သူ့အပေါ် ယုံကြည်မှု တိုးပွားလာပြီး၊ ဘုရားကို ချစ်တဲ့ သင့်ရဲ့ ချစ်ခြင်းမေတ္တာက အနှုတ်လက္ခဏာခံစားချက်တွေနဲ့ ဒဏ်ရာတွေကို အစားထိုးပေးပါလိမ့်မယ်။ဒါကြောင့် ချီးမွမ်းခြင်းဟာ သင့်ရဲ့ အတွင်းနှလုံးသားကို ကျန်းမာစေပြီး ရှက်ကြောက်မှုကနေလည်း လွတ်မြောက်စေတယ်။ ညည်းညူခြင်း၊ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းတွေ ကြားထဲကနေ လွတ်မြုတ်ပြီး ဝမ်းမြောက်ခြင်းထဲကို ဝင်ရောက်စေနိုင်ပါတယ်။

    ကျွန်မတို့ အတူတူ ဆုတောင်းကြရအoyin...

    "အဖဘုရား၊ ဒီနေ့ ကိုယ်တော်ကို ချီးမွမ်းပါတယ်။ အတိတ်က ဖြစ်ရပ်တွေဆီကနေ ကိုယ်တော်ထံ လှည့်ပြန်လာပါပြီ။ ကိုယ်တော်ကို သာ၍ ချီးမြှောက်ချင်တယ်၊ သီချင်းဆိုရင်း ချီးမွမ်းချင်တယ်၊ ကိုယ်တော်ကျေးဇူးတော်တွေကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ချင်ပါတယ်။ ညည်းညူခြင်း၊ မကျေနပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းတွေကနေ လွတ်မြောက်ပြီး ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းကို အစဉ်အမြဲ ပြုနိုင်ဖို့ ကူမတော်မူပါ။ ကျွန်ုပ်၏အသက်တာနှင့် နှလုံးသားကို လွတ်မြောက်စေလို့ ကျေးဇူးတင်ပါတယ်။

    ကိုယ်တော်၏နာမတော်ကို ချီးမွမ်းဂုဏ်ပြုပါ၏။ ကိုယ်တော်ဟာ ကျွန်ုပ်၏ဘုရားဖြစ်ပါတယ်... ယေရှု နာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။"

    ချီးမွမ်းခြင်းလေထုက သင့်အတွက် လွတ်မြောက်စေသော လေထုဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။