• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၅ နို ၂၀၂၅

သင်အားနည်းတယ်လို့ ခံစားရချိန်မှာ၊ ဘုရားသခင်က သင့်ခွန်အားကို ပွားများစေတယ်..

ထုတ်ဝေသည့်ရက်စွဲ ၀၅ နို ၂၀၂၅

မိတ်ဆွေ ရေ၊ သင့်ခွန်အားတွေ မလုံလောက်တော့ဘူးလို့ ခံစားနေရပါသလား သို့မဟုတ် ခံစားခဲ့ရဖူးလား။ 💭

သင်ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့၊ မိသားစုကို ဂရုစိုက်ဖို့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး ကြိုးစားနေနိုင်ပေမဲ့၊ သင်ဟာ အားနည်းပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒီနေ့ သင် ဒီလိုခံစားနေရတယ်ဆိုရင်၊ ကျွန်တော် တစ်ခု ပြောပြချင်ပါတယ် - ဘုရားသခင်က သင့်ခွန်အားကို ပွားများစေချင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။

'ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။'ဟေရှာယ 40:29-31

ကျမ်းစာက "အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။" (He increases strength) လို့ ဆိုထားပါတယ်။ "တိုးပွားစေတယ်" (increase) ဆိုတဲ့ ဟေဗြဲစကားလုံးရဲ့ အဓိပ္ပာယ်ကတော့ "အဆများစွာ ပွားများစေခြင်း" — အရမ်းများပြားလာစေခြင်း၊ ဒါမှမဟုတ် တိုးပွါးလာစေခြင်း ဖြစ်ပါတယ်။ ဒါ အရမ်းအံ့သြဖို့မကောင်းဘူးလား။

ဘုရားသခင်က ခွန်အားကို (ပေါင်းထည့်) ပေးရုံတင် မဟုတ်ဘူး... ကိုယ်တော်က (အဆများစွာ) ပွားများစေတာဖြစ်ပါတယ်။

💥 သူဟာ သေးငယ်တယ်လို့ ထင်ရတဲ့အရာကို ယူပြီး ကြီးမားစေတယ်။ သူဟာ အားနည်းတယ်လို့ ခံစားရတဲ့အရာကို အားကြီးခြင်းအဖြစ် ပြောင်းလဲပေးတယ်။

စဉ်းစားကြည့်ပါ... ဘုရားသခင်ဟာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ယူပြီး လူထောင်ပေါင်းများစွာကို ကျွေးမွေးခဲ့တယ်။ သူဟာ သာမန်လူငယ်လေးတွေကို အသုံးပြုပြီး ယုံကြည်ခြင်းရဲ့ သူရဲကောင်း ဖြစ်စေခဲ့တယ်။ ဒါဟာ ဘုရားသခင် အလုပ်လုပ်တဲ့ပုံစံပါပဲ... ကျွန်တော်တို့ သူ့ဆီ ယူဆောင်လာတဲ့ သေးငယ်တဲ့အရာလေးတွေကို သူက ပွားများစေပါတယ်။

မိတ်ဆွေ ရေ၊ ဒီရက်ပိုင်းတွေမှာ သင့်အသက်တာက သင့်ဆီကနေ နုတ်ယူနေသလို ခံစားနေရနိုင်တယ်။ သင့်ရဲ့ စွမ်းအင်၊ ပျော်ရွှင်မှု၊ ဒါမှမဟုတ် ငြိမ်သက်ခြင်းတွေ မှိန်ဖျော့လာနိုင်တယ်။ ဒါပေမဲ့ အမှန်တရားကတော့ ယေရှုဟာ သင်နုတ်ယူခံရတာတွေကို ယူပြီး အဆများစွာပွားများခြင်း အဖြစ် ပြောင်းလဲပေးချင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ပဲ၊ သင့်ရဲ့ အားနည်းမှု၊ ရှုံးနိမ့်မှု၊ ပင်ပန်းနွမ်းနယ်မှုတွေကို ဘုရားသခင်ထံ ယူဆောင်လာလိုက်ပါ... ယခုပင် သူ သင့်ကို တစ်ဖန်ပြန်လည် ဖြည့်ဆည်းပေးပါလိမ့်မယ်။ စကြဝဠာထဲက အကြီးမြတ်ဆုံး တန်ခိုးတော်ကိုပိုင်ဆိုင်ထားတဲ့ ဘုရားသခင်ဟာ သင့်အတွင်းထဲမှာ ရှိနေပြီး သင့်အတွက် အလုပ်လုပ်ပေးနေပါတယ်။ 🌿

'မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။- ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။-' ရောမ 8:32-34 

မိတ်ဆွေ ရေ ယေရှုက သင့်အတွက် ယခုပင်လျှင့် ဆုတောင်းပေးနေပါတယ်။ 🙏

သူဟာ သင့်ဘေးမှာ အမြဲ ရှိနေပါတယ်... သူ့ရဲ့ရှိနေခြင်းကို သင်မခံစားရတဲ့ အချိန်မှာတောင်... သင့်အတွက် ကြားဝင်တောင်းပန်ပေးရင်း၊ သင့်ကို မစပေးရင်း၊ သင့်နှလုံးသားကို ခွန်အားပေးရင်းရှိနေပါတယ်။

အခု ခဏလောက် ကျွန်တော်နဲ့အတူ ဆုတောင်းကြမလား။

“အိုဘုရားသခင်၊ ကျွန်တော့်အတွက် ကြားဝင်တောင်းပန်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်တော်က ကျွန်တော့်အတွက် ဆုတောင်းပေးပြီး ကျွန်တော့်ဘက်မှာ ရပ်တည်ပေးနေတယ်ဆိုတာ သိရခြင်းဟာ တကယ့်လက်ဆောင်ပါပဲ။ ဒီနေ့၊ ကျွန်တော့်ရဲ့ အားနည်းမှု၊ ပင်ပန်းနွမ်းနယ်မှု၊ စိုးရိမ်ပူပန်မှုတွေကို ကိုယ်တော့်ဆီ ပုံအပ်ပါတယ်။ ကိုယ်တော်တစ်ပါးတည်းသာ ကျွန်တော့်ကို မစနိုင်ပြီး ကျွန်တော့်ခွန်အားကို အသစ်တဖန် ဖြစ်စေနိုင်ပါတယ်။ ကိုယ်တော်က ကျွန်တော့်ခွန်အားကို ယခုပင်လျှင့် ပွားများစေနေတယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော့်အသက်တာမှာ ကိုယ်တော်လုပ်ဆောင်ပေးနေတဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ အရှင်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။ 💛”

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။